Tuesday, December 30, 2008

စိတ်ကူးထဲက အိမ်ကလေး

ဆည်းဆာဆိုတာ အကျီးတန် လှချိန်တဲ့ . .ငါတို့ ရဲ့ ဆိုးရွားလှတဲ့ အတိတ်တွေ လှပတော့မယ့် အစဦးအချိန်ပေါ့. ကြယ်တို့လည်း ပြတင်းပေါက်နားချောင်းကြည့်နေကြပီ . ကိုရွှေလမင်းကလည်း .ပြုံးတုံ့တုံ့နဲ့ .. လပြည့်မို့လို့ အတင်းကာရော နေမင်းကြီးကို မောင်းထုတ်နေလားမှတ်ရတယ်. .
လမ်းကြားလေးထဲ ၀င်လိုက်တယ်ဆိုရင်ပဲ စစတွေ့တာ အုတ်ခုံလေးနှစ်ခုက တစ်ဘက်တစ်ချက်ဆီမှာ … ငယ်ငယ်တုန်းက ဒီအုတ်ခုံတွေပေါ် ဂစ်တာတီး အသံကုန်အော်ခဲ့တာ သတိရပဲ ပြုံးမိလိုက်တော့ .. အနားက မမ က ဘာကိုပြုံးတာလည်း မောင်တဲ့ .. မယုံသလိုလို တစ်ချက်မျက်လုံးဆွေကြည့်လိုက်တယ်… .ရင်ကို အေးကနဲ ဖြစ်သွားတာပဲ … မမ အဲလိုကြည့်ရင် အနော်က နေတတ်ဘူးလေ. ရင်ခုန်တယ်. . ဒါနဲ့ပဲ လမ်းပေါ်မှာ မို့လို့ .(ပီးမှ .. ဒန် ဒန့် ဒန်..) တွဲထားတဲ့ လက်ကလေးကိုပဲ အသားလေး ညစ်လိုက်မိတယ်… ဒီလမ်းလေးမှာ တို့တွေ အတူလျှောက်ချင်ကြလို့ .. လွင့်နေခဲ့ကြတာလည်း ၅ နှစ်ကျော်ခဲ့ပီလေ. .. ခုမှ တူတူ တွဲလျှောက်ရတယ်. . (နေနှင့်အုံးပေါ့ .. မနက်ကျ ..မှတ်လောက်သားလောက် ရှိအောင် ၅ ခေါက်လောက် လျှောက်ပစ်လိုက်ဦးမယ်)
ခြံပေါက်ဝ ရောက်ရင်ပဲ စီးကြိုနေတာက ခြံတံခါးအပေါ်က ပန်းနွယ်လေးတွေ … သူတို့ လည်း .. ညဦးနှင်းစက်တွေကို ကြိုဆိုဖို အစွမ်းကုန်ပြင်ဆင်ထားတယ် ထင်ပါရဲ့ .. လှလို့ ပလို့.
ခေါင်မိုးသွပ်တွေကို အနီညိုရောက်သုတ်ထားပီး .. အိမ်ကလည်း ပြာလဲ့လဲ့ အရောင်လေး နဲ့ . တစ်ထပ်ခွဲ တိုက်ပုပုလေးက. ရိုမန်တစ်နေလိုက်တာ.. အိမ်ဘေးက သရက်ပင်ကလည်း စိမ်းလို့ ဆိုလို့ …. ဘေးနားက ဒူးရင်း သြဇာ ပင်ကလည်း .. အသီးသုံးလုံး သီးနေလိုက်တာ .. တစ်လုံးဆို မှည့်နေလောက်ပီထင်တယ်.. အင်း .. အဲဒီအသီးကို အဖွားက သိပ်ကြိုက်တာ..
အိပ်ရှေ့ အပေါက်ဝနား တစ်ဘက်တစ်ချက်စီမှာလည်း ပိန်းပန်းပင်အိုးလေးနဲ့ ကစ်မီ ပန်းအိုးလေးတွေ က ပန်းတွေ ပွင့်နေလေရဲ့ .. အရာရာ လှပတော့ပါလားနော်….
သစ်သားတစ်ခါးလေးကို ဆွဲဖွင့်လိုက်တယ် ဆိုရင်ပဲ … တံခါးမှာ တပ်ထားတဲ့ ကြေးခေါင်းလောင်းလေး က အသံလွင်လွင်လေးနဲ့ နှုတ်ခွန်းဆက်လိုက်သေးတယ်…. သူ့သခင် တကယ်ကြီး အပီးပြန်လာပီ ဆိုပီးတော့လေ. …
ဘေးတစ်ဘက် တစ်ချက်မှာ အုတ်ခဲတွေကို ခပ်စောင်းစောင်းလေး စီပီးတော့ ကျောက်စရစ်တွေ ခင်းထားတဲ့ လမ်းကလေးပေါ် မမ နဲ့ အတူတူ လက်တွဲပီး ခြေလှမ်း စလှမ်းလိုက်တယ် ဆိုရင်ပဲ . . အိမ်တံခါးဝမှာ. .အမေရယ်လေ. . .ခေါင်းလောင်းသံလေး ကြားလို့ ထင်ပါရဲ့ .. သူ့သားကို မြင်တော့ အပြုံး လဲ့လဲ့လေးနဲ့ ဆီးကြိုနေလေရဲ့ .. အော် ချစ်တဲ့အမေလည်း ပျော်လို့ ပါလား … မကြာပါဘူး .. ကိုကြီးကော .. ညီလေး ကော ထွက်လာကြတယ်… … အနော်တို့ နှစ်ယောက်ကို ကြိုနေကြပီလေ. . အဖေဆောက်ခဲ့တဲ့ အိမ်လေးက အနော်တို့ကို နွေးထွေးစွာ ကြိုဆိုနေလေရဲ့ … အဖေ မရှိတော့တာကလွဲရင်လေ…
အိမ်ထဲ စ၀င်လိုက်တယ် ဆိုရင်ပဲ … ဖိနပ်ချွတ်လိုလုပ်ထားတဲ့ အဆင့်နည်းနည်း နိမ့်နေတဲ့ နေရာလေးကို ခြေစချမိတယ်.. ခြေရင်းဘက်မှာ ဖိနပ်စင်လေးနဲ့ အမေ တို့ ညီအကိုတို့ ဖိနပ်လေးတွေ စီစီ ရီရီ .. ဖိနပ်စင် ဘောင်လေးမှာ ဖိနပ်တိုက်တဲ့ ဘဒပ်လေး လေးရှိနေလေရဲ့ …
မမ ဖိနပ်နဲ့ အနော် ခြေညှပ်ဖိနပ်ကို .. အလယ်ထပ်မှာ တင်လိုက်ပီးတော့ .. အိမ်ထဲကို ၀င်လာခဲ့တယ်. . . ကြိမ်ကုလားထိုင်လေးတွေ မှာ ထိုင်ချလိုက်ရင်ပဲ .. အမေရဲ့ ၀မ်းသာလွန်း တဲ့ အသံနဲ့ … စကားပြောသံ ..တွေ .. မမ နဲ့ ညီအကိုတွေ နှုတ်ခွန်း ဆက်သံတွေ စနောက်နေသံတွေနဲ့ အိမ်လေးက အသက်စ ၀င်လာတယ်….
တော်တော်လေးကြာတော့ ချက်တာ ပြုတ်တာ ၀ါသနာ ကြီးလှတဲ့ ကိုကြီးနဲ့ မမ ကတော့ စလှုပ်ရှားနေကြပီ အသီးအရွက်တွေ အသားတွေနဲ့ သူတို့ အလုပ်ရှုပ်နေကြပီ … အနော်လည်း .. ဧည့်ခမ်းထဲက ကက်ဆက်ဆီ သွားပီး … romantic piano solo ဆိုတဲ့ အခွေလေးကို ဖွင့်လိုက်တယ်… ညိမ့်ညောင်းတဲ့ စန္ဒယားသံလေးက စပေါ်လာတယ်… ဧည့်ခန်း နံရံမှာလည်း .. အဖေနဲ့ အမေပုံ .. ညီ ဘွဲ့ယူတုန်းက မိသားစု ရိုက်ထားတဲ့ပုံ .. အနော့်ပုံရယ်.. ညီကလေးပုံရယ် တန်းဆီ ချိတ်ထားတာ တွေကို ပြန်ကြည့်နေမိတယ် …
နေလည်းဆုံးဆုံးမြုတ် ၀င်သွားပီ… အိမ်နောက်က စဖိုမှုးများလည်း ဟင်းတွေ ထမင်းတွေ ကျက်ကုန်ပီ … romantic piaon solo လည်း . . series တစ်ခု ပီးသွားပီ. … အမေလည်း တီဗွီဖွင့်ပီး ကိုရီးကား မော့နေပီ …
“မမ ရေချိုးလေ… “ …………
….
.
.
ညီကိုတွေလည်း ရေမိုးချိုးပီးပီ
၈နာရီလည်း ထိုးပီ . .
အမေ့ ကိုရီးယားကားလည်း နားပီး …
မမ လည်း ထမင်းပွဲပြင်ပီးပီ … ၀ါးတီး …
သီးစုံပဲကုလားဟင်း .. ကြက်သားကြော်.. ငပိရည် တို့စရာ …. အပြိုင်ကြဲကြတာ .. နောက်နေ့တော့ … မော်တော်ပီကယ် ခေါ်ထားမှပဲ … စားပွဲခုံပေါ် လက်တွေ ရှုပ်နေတယ်….
ခနလောက်နေတော့ .. ဂစ်တာ နဲ့ ခွေးခြေ အပုလေး ယူပီး အိမ်ရှေ့ကွက်လပ်ကို ထွက်လိုက်တယ် ဆိုရင်ပဲ … အကုန်လုံး အရှိုအရှို ရောက်လာကြာပီ…. လသာသာနဲ့ ကြိုးညှိ ကစားနေရင်း … ထူးအိမ်သင်ရဲ့ အမေ့အေးရိပ် ကို ဆိုတော့ . .အမေက ပြုံးပြုံးလေး နားထောင်နေလေရဲ့ ..
ကိုင်ဇာ ရဲ့ ဒီကောင် ချစ်တာ သိလား ဆိုတော့ . .မမ က ဟိုဘက် မသိမသာ လှည့်နေတယ်. .ကိုကြီး နဲ့ ညီက စနေလို့လေ…
စတော်ဘယ်ရီ ချစ်သည်းရှင် ကို မမ နဲ့ နှစ်ယောက်ဆိုပီးတော့ . .လက်ခုတ်လေးတွေတောင် ခပ်အုပ်အုပ် လေး တီးဖြစ်ကြသေးတယ်….
၁၀ နာရီလည်း ထိုးပီး .. အမေ့ ဘုရားရှိခိုးသံလည်း သဲ့သဲ့လေး ကြားနေရပီ .. လကလည်း တော်တော် မြင့်နေပီ .. အေးလည်း အေးလာပီ .. ဆောင်းအ၀င် စောလွန်းတယ်ကွယ်…
ဒီလိုနဲ့ ဂစ်တာသိမ်း … အိပ်ရာဝင်ဖို့ ခြေထောက်ဆေးရင်း …….. ခြစ်တစ်တစ် အနံစူးစူး တစ်ခုရလို့ လှည့်ကြည့်လိုက်တော့ ….
လားလား ……
ဟိုက် …
နာ့ ထမင်းအိုး တူးပဟ……….
ဂျဲကောင် .. နာ စိတ်ကူးယဉ်လိုက်တာ .. ထမင်းအိုး တူးသွားဘီ………………………….


Sunday, December 28, 2008

Saturday, December 27, 2008

ခရစ်စမတ် နှင့် နယူး ရီးယား

“ပလီစိချောက်ချက်တွေပြောပြီ

ပီဘိမျောက်လက်လို

အသိခေါက်ခက်အ၀င်နက်တဲ့

သူငယ်ချင်းတို့ရေ ..။

ဒီအထိရောက်လာပြီးမှတော့

မကြည်ကြည့် ကြည့်မနေကြနဲ့

အ၀ီစိရောက်မယ့်အတူတူ

သေသည်အထိ

သောက်ကြစို့ ..။”

မော်ဒယ် ....

နိဂုံး

အစိမ်း

အပူ

အ၀ါ

loney

ရောင်စုံ

အ၀ါ

Tuesday, December 23, 2008

ငြီး ကောင်



တစ်သက်တာ မဝေးရအောင်.
ခိုကလေးတွေ အစာကြွေး ..
ပေးသမျှ ယတြာတွေလည်း ချေဘူးတယ်. ..

(မောင်စိန်ဝင်း)

အခါပေး

ထိုင်းလူမျိုးတွေ အိမ်တိုင် စထူတာ ဒီလို .. ဒီလို ..



ဝက်၊ ကြက်၊ ဘဲ . . အသီးအနှံ အစုံ



မုန့်တွေလည်း ပါသေး ..



ဒါတွေလည်း တိုင်မှာ ချည်သေးတယ်



ဘုန်းဘုန်းတို့ နဲ့ ....

မ နဲ့ မောင်

ခရစ်စမတ်



ခရစ်စမတ် အကြို ဟော်လိုရှိုးလေးပါ .. ကလပ်စစ်ကယ် ဂစ်တာသမားပါတာနဲ့ ပဲ ....

တရားဦး ၃



ဘန်ကောက်ရဲ့ တံငါမြို့လေး ဖြစ်တဲ့ မဟာချိုင်က မြန်မာတွေ တည်ထားတဲ့ ဘုရား က
ဗုဒ္ဓ က ပဉ္စ၀ဂ္ဂငါးဦးကို တရားဦး ဓမ္မစင်္ကြာ ဟောနေပုံ ရုပ်ပွားတော်များပါ...

Monday, December 22, 2008

ဖိုတို ကေလာ



ဖိုတို ကေလာ
လိုင်စင် ဓါတ်ပုံ အမြန်ရိုက်သည်၊
ကြည်လင် ပြတ်သား ရှင်းလင်း တည်တံ့ ၍ လူကြီးမင်းတို့ စိတ်တိုင်းကြ ဖြစ်စေရမည်...
ရဲရဲကြီး အာမခံသည်။ နမူနာ ပုံကြည့်ပါ။

ဖောင်တိန် များ

ကေလာ အကြို့က် ဆုံး ပစ္စည်းလေး တွေထဲက တစ်ခုပါ ... အဲ ... လေးခုပါ ...





ဖောင်တိန်နဲ့ စာရေးမှ စာလုံးပေါ်တယ်လို့ ထင်နေတာပါ.

EQ လား IQ လား

EQ လား IQ လား
လူတစ်ယောက်၏ အောင်မြင်မှုရရန်အတွက်လိုအပ်ချက်မှာ ဦးနှောက်ဉာဏ်ရည်အဆင့်(IQ) မဟုတ်။
နှလံးရည်အဆင့်အတန်း(EQ)ဖြစ်ကြောင်း အမေရိကန်နိုင်ငံ ဟားဗတ်တက္ကသိုလ်မှ စိတ်ပညာရှင် နီးယဲလ်ဂိုးလ်မန်းက ဖော်ထုတ်ပြောကြားခဲ့သည်။ သူသည် ဆယ်နှစ်အတွင်း အလုပ်သမား တစ်ထောင်ခန့်ကို သုတေသနပြု လေ့လာတွေ့ရှိမှုအရ (IQ)ကြောင့်အောင်မြင်သူ ၂၅%၊ (EQ)ကြောင့်အောင်မြင်သူ ၇၅% ရှိကြောင်း တွေ့ရှိခဲ့သည်။ ဦးနှောက်ဉာဏ်ရည်အဆင့်ကောင်းသော ဘွဲ့ရပညာတတ်အုပ်ချုပ်ရေးမှူး တစ်ယောက်သည် နှလုံးရည်အဆင့်အတန်း ညံ့ဖျင်းသဖြင့် လုပ်ငန်းခွင်မှာ အောင်မြင်မှုမရ၊ အလုပ်မှ ထွက်ခဲ့ရလေပြီ။ ထိုအလုပ်ကို ဦးနှောက်ဉာဏ်ရည်အဆင့်နိမ့်ပြီး ဘွဲ့မရသော်လည်း နှလုံးရည်အဆင့်အတန်းမြင့်သည့် အုပ်ချုပ်ရေးမှူးက အုပ်ချုပ်လုပ်ကိုင်သည့်အခါ
လုပ်ငန်းအောင်မြင်ရုံမက ထိုအုပ်ချုပ်ရေးမှူးသည် လုပ်ငန်းတွင် ရှယ်ယာဝင်တစ်ယောက်ပင်
ဖြစ်ခရကြောင်း နီးယဲလ်ဂိုးလ်မန်းသုတေသနပြုရာ၌ တွေ့ရှိခ့ရသည်။
(EQ)နှလုံးရည်ပြကိန်း (Emotional Quotient)သည် အကျင့်စာရိတ္တနှင် စိတ်နေသဘော
သဘာဝ၏ အရည်အသွေးပင်ဖြစ်သည်။ နှလုံးရည်အဆင့်အတန်း (EQ)မြင့်သူသည် -
(၁) ကိုယ့်ကိုကိယ် အကဲဖြတ်သိနိုင်ခြင်း (Self Evaluation)
(၂) ရုတတရက်ပေါ်ပေါက်လာသော စိတ်လှုံ့ဆော်မှုကို ထိန်းချုပ်နိုင်ခြင်း (Impulse Control)
(၃) ကိုယ့်သက္ခာကိုယ်စောင့်ခြင်း (Self Oiscupline)
(၄) တစ်ဖက်သားအပေါ် စာနာထောက်ထားငဲ့ညာနိုင်စွမ်းရှိခြင်း (Compassion)
(၅) တစ်ဖက်သား၏ကောင်းသောလုပ်ရပ်ကို ထုတ်ဖော်ချီးကျူးနိုင်စွမ်းရှိခြင်း (Praise)
(၆) မှန်ကန်ကောင်းမွန်စွာ တွေးခေါ်စဉ်းစားနိုင်ခြင်း (Positive Thinking) ………………………
စသည့် အချက်အလက်များနှင့်ပြည့်စုံသြူ ဖစ်သည်။
ထိုသူသည် (EQ)ကို မိဘနှစ်ပါးထံမှ အမွေဆက်ခံရရှိနိုင်သည်။ နှလုံးရည်အဆင့်မြင့်သော မိဘများမှ
ပေါက်ဖွားလာသူသည် အလိုအလျောက် နှလုံးရည်မြင့်သူဖြစ်လာပြီး နှလံးရည်အဆင့်နိမ်သောမိဘမှ ပေါက်ဖွားလာသူမှာ
နှလုံးရည်အဆင့်နိမ့်သူသာ ဖြစ်နေတတ်သည်။
သည်နေရာနှင် မိကောင်းဖခင်သားသမီးဆိုသည့်စကားရပ်၏
လေးနက်မကို သိမြင်နိုင်လိမ့်မည် ထင်ပါသည်။
မိဘကောင်းလျှင် သားသမီးကောင်းမည်၊ မိဘဆိုးလျှင် သားသမီးလည်းဆိုးမည်ဆိုသည့် အဓိပ္ပါယ်သဘောပင်ဖြစ်သည်။
နှလုံးရည်အဆင့်ကို မိဘထံမှရသဖြင့် ဆိုးသောမိဘမှပေါက်ဖွားလာသောသူသည်
သားစဉ်မြေးဆက်ဆိုးပြီး အောင်မြင်မှုမရ၊ ဘ၀ခရီးလမ်းတစ်လျှောက်လုံး
နလံမထူနိုင်ဖြစ်နေလျှင်
သဘာဝကြီးကို တရားပါ့မလားဟု မေးစရာပေါ်လာနိုင်ပါသည်။
ထိုမေးခွန်းအတွက် အဖြေရှိပါသည်။ အဖြေက နှလုံးရည်အဆင့်အတန်းမြင့်မားလာစေရန်
ပြုပြင်ယူ၍ရသည်ဆိုခြင်းပင်ဖြစ်၏။
နှလုံးရည်အဆင့်ကို မိဘထံမှရသလို ဦးနှောက်ဉာဏ်ရည်အဆင့်မာလည်း မိဘများထံမှ
ထက်ဝက်ရကြောင်းတင်ပြလိုပါသေးသည်။ စိတ်ပညာရှင် ပါမောက္ခကြီး၏ သုတေသနပြုချက်အရ
ဦးနှောက်ဉာဏ်ရည်အဆင့် ၅၀% မှာ မိဘများထံမှရရှိသည်။ ထိုသို့ရရှိခြင်းသည် အတိုးအလျော့မရှိ။
ပြောင်းလဲခြင်းမရှိပေ။ ကျန်သော ၅၀%ကို ပတ်ဝန်းကျင်နှင့် မိမိအား ထိန်းကျောင်းပြုပြင်ပေးသူ
(ဆရာ၊ ဆရာမ)များထံမှရသည်။
ဦးနှောက်ဉာဏ်ရည်အဆင့်နိမ်သောပတ်ဝန်းကျင်တွင် နေထိုင်ကြီးပြင်းခဲ့သူ၊
ဉာဏ်ရည်အဆင့်နိမ့်သော ထိန်းကျောင်းပြုပြင်ပေးသူတို့လက်တွင်
ကြီးပြင်းခဲ့သူသည် ကျန် ၅၀%မှာ အဆင့်နိမ့်တတ်သည်။ ကျွန်တော့်ဆိုလိုရင်းမှာ ပထမ ၅၀%
(မိဘများထံမရ)သည် ပြောင်းလဲမှု မရှိနိုင်သော်လည်း ကျန် ဒုတိယ ၅၀%သည်
ပတ်ဝန်းကျင်နှင့်ပြုပြင်ထိနးကျောင်းပေးသူများအပေါ် လိုကြ် ပီး
ဉာဏ်ရည်အနိမ့်အမြင့် ပြောင်းလဲမရှိတတ်ကြောင်းပင်ဖြစ်သည်။
ဦးနှောက်ဉာဏ်ရည်အဆင့် နှလုံးရည်အဆင့်တိ့တွင် နှလုံးရည်အဆင့်က အဓိကကျကြောင်း
ကျွန်တော် တင်ပြခဲ့ပြီးဖြစ်သည်။ ကျွန်တော် ပြောဆိုခြင်းအပေါ် ဉာဏ်ရည်အဆင့်ရိရန်မလိုဟု မယူဆ
စေလိုပါ။ လူတစ်ယောက်သည် ဉာဏ်ရည်အဆင့်ကောင်းပြီး၊ နှလုံးရည်အဆင့်အတန်းပါကောင်းလျှင်
ထိပ်ဆုံးရောက်ဖို့ သေချာပါသည်။ ဉာဏ်ရည်အဆင့်နိမ့်ပြီး နှလုံးရည်အဆင့်ကောင်းလျှင်လည်း
ထိပ်ဆံးသို့ ရောက်နိုင်ပါသည်။ ဦးနှောက်ဉာဏ်ရည်အဆင့်သာကောင်းပြီး နှလုံးရည်မကောင်းလျှင်
အဆင့်အတန်းတစ်ခုကို ရရှိနိုင်သော်လည်း ထိပ်ဆုံးသို့ မရောက်နိုင၊ ရွှေလက်ပိုငရင်မဖြစ်နိုင်ပါ။
ှ်
နှလုံးရည်ကောင်းသော ရွှေလက်ပိုင်ရှင်ဖြစ်ရန် မိဘနှစ်ပါးက မပေးခဲ့လျှင်
မိမိဘာသာ မိမိတည်ဆောက်ယူရပါမည်။ ထိုသို့တည်ဆောက်ရန် လိုအပ်သည့်အချက်များကို တင်ပြပါမည်။
နှလုံးရည်အဆင့်ပြောင်းလဲရန်အတွက် …………….
(၁) အခြေအနေကို မှန်မှန်ကန်ကန်အကဲဖြတ်ပါ။
(၂) မှန်ကန်စွာသိခြင်းဖြင့် ဘ၀င်မြင့်ခြင်း၊ သိမ်ငယ်ခြင်းတို့ကို ရှောင်ရားရမည်။ မိမစိတ်ကို
အစွန်းတစ်ဘက်သို့ မရောက်ပါစေနှင်။
(၃) စိတ်ခံစားချက်ကို ထိန်းချုပ်ပါ။ ၀မ်းနည်းလွယ်၊ ဒေါသဖြစ်လွယ် မရှိပါစေနှင့်။
(၄) ပြဿနာတစ်ရပ်ကို ဖြေရှင်းရာတွင် ငြိမ်းချမ်းစိတ်မွေးပါ။ စိတ်ကိုတည်ငြိမ်အောင်ထားပါ။
(၅) ကိုယချင်းစာတရားရှိပါ။ အများ၏ ချစ်ခင်မှုရရှိစေရန် အပေးအယူမျှတစွာ နေတတ်အောင်
ကြိုးစားလေ့ကျင့်ပါ။
(၆) စည်းကမ်းသတ်မှတ်ပါ။ အလုပ်အကိုင် အကြံအစည်တစ်ခုကို ချက်ချင်းထလုပ်ပါ။
အချိနရွှေဆုင်းခြင်းမပြုဘဲ သတ်မှတချိန်တွင် ပြီးစီးအောင်လုပပါ။့် 
(၇) အပြုစိတ်ထားပါ။ အကောင်းဘက်က တွေးခေါ်စဉ်းစား အကောင်းမြင်စိတ်ထားပါ။
(၈) တစ်ဖက်သားကို အဓိပ္ပါယ်ရှိစွာ ချီးကျူးပါ။
(၉) သိက္ခာရှိခြင်း၏အဓိပ္ပါယ်ကိသိပါ။ သိက္ခာရှိစွာနေထိုင်တတ်အောင် ကြိုးစားပါ။
ဖော်ပြပါအချက်များအနက် သင့်တွင် ဘာတွေရှိပြီး ဘာတွေချို့ယွင်းနေသည်ကို ဝေဖန်
အကဲဖြတ်ပါ။ ချွတ်ယွင်းချက်များပြည့်စုံလာအောင်ကြိုးစားပါ။
သင်သည် နှလံးရည်အဆင့်ရှိသူ တစ်ယောက်ဘ၀သို့ ရောက်လာပါလိမ့်မည်။ သင်သည် ရွှေလက်ပုင်ရှင်ဘ၀သို့ ရောက်လာနိုင်သလို
သင်၏ သားစဉ်မြေးဆက်တို့လည်း ရွှေလက်ပုင်ရှင်ဘ၀သို့ ရောက်အောင် အမွေပေးနိုင်ပါလိမ့်မည်။
မိဘထံမှအမွေရသော နှလုံးရည်အဆင့်ကို မြင့်မားကြံ့ခိုင်လာစေရန် ကြိုးစားအားထုတ်ပြီး
ပြုပြင် ပြောင်းလဲ၍ရသလို မိမိ၏အပြုအမူအနေအထိုင်ကြောင့် အမွေရထားသော နှလုံးရည်အဆင့်
ပျက်စီးသွားနိုင်သည်ကိုလည်း သတိပြုစေချင်သည်။
လူတစ်ယောက်ကို ကောင်းအောင်ပြုပြင်နိုင်သူသည် ထိုသူကိယ်တုင်ဖြစ်သလို ဆိုးအောင်
တွန်းပို့နိုင်သမှာလည်းထိုသူပင်ဖြစ်သည်။ သင်သည်
ဦးနှောက်ဉာဏ်ရည်အဆင့်နိမ့်သော်လည်း နှလုံးရည်အဆင့်မြင့်သူဖြစ်ခဲ့လျှင်
သင့်ထံမှ အမွေမရနိုင်သော ဉာဏ်ရည်အဆင့်သို့ သားသမီးများ
ရရှိနိုင်စေရန်ကောင်းသော ပတ်ဝန်းကျင်၌နေပါစေ။ ကောင်းသော ပြုပြင်ထိန်းသိမ်းသူနှင့် တွေ့ပါစေ။
လူတစ်ယောက်အတွက် ဉာဏ်ရည်အဆင့်ရှိပြီး နှလုံးရည်အဆင့်ပါရှိလျှင် အကောင်းဆုံးဟု
ကျွန်တော် ဆိုချင်ပါသည်။

"ကောင်းထက်"၏ ရွှေခင်းလမ်းကိုလျှောက်မလား၊ ငွေခင်းလမ်းကိုလျှောက်မလား စာအုပ်မှ။

forward mail တစ်ခုမှ ရသည်။
ဝန်ခံချက်။ ။ ငယ်ငယ်က တက်ကျမ်းတွေ ဖတ်တာဝါသနာပါခဲ့သည်။ . .ဘာလုပ်ရင် ဘာဖြစ်မယ် .. ညာဖြစ်မည် ဆိုပီလုပ်လိုက်ရတာအမော .. . ဒါပေမယ့် . .တကယ်လိုက်မလုပ်ခဲ့ သောကြောင့် တကယ်ဘာမှ မဖြစ်ခဲ့ပါ ... ငယ်ငယ် က အူကြောင်ကြောင် စာဖတ်သမား ဘ၀ကို တမ်းတရင်း .. ၄င်းပို့စ်ကို တင်လိုက်ရပေသတည်း ...

မှတ်ချက် .. စုထားတဲ့ စာအုပ်တွေလည်း စာကြည့်တိုက်လှူလိုက်ပီ ...ရှိတော့ဘူး . အေးရော. မှတ်ကရော

Thursday, December 18, 2008

ပန်း ခရမ်းပြာ




သူကြီး သမီး

ငါးဖမ်းလှေ

တရားဦး ၂

တရားဦး

ခရစ် စမတ် ၁

ဆည်းဆာ

Tuesday, December 16, 2008

တယ်လီဖုန်း



မော တစ်ခုမှာ ခိုးရိုက်ထားတာ တွေ့သွားလို့ .. မိုက်နဲ့ အော်တယ် ...
ဓါတ်ပုံရိုက်လို့ ရဘူး ဆိုပဲ .

ည တစ်ခု



မီးမပျက်တဲ့ နေရာတွေများ ညတွေက လန်းတယ်.

စကားပန်း



ငယ်ငယ်တုန်းက . .ချာတိတ် နှပ်ချေးတွဲလောင်းတုန်းက ရွာကဘုရားဘေးနားမှာ စကားပန်းပင် အကြီးကြီးတွေရှိတယ်... တစ်နေ့တော့ အပြင်ထွက်မလို့လုပ်တုန်း ... သူငယ်ချင်းအိမ်နားမှာ အပင်သေးသေးလေးကနေ ပွင့်နေတာတွေ့လို့ ရိုက်လာတာ ...

သုံးစုံ



တစ်စုံတည်းဆို .. အထီးကျန်တာ .
နှစ်စုံ ကျတော့ ရိုမန်တစ် ပေါ့ ..
သုံစုံလည်း ကျရော ... .

fly

Wednesday, December 10, 2008

သုံးကြိမ်

ဂျဲကောင် တက်ထားလို့ေ၇းလိုက်တာပါ....

ဖောင်တိန် တစ်လက်
အရေးသွက်မှ
နစ်ပျက်သွားသည်က တစ်ကြိမ် .....

ဆေးတံတစ်အိုး
ဆေးချေးတိုးမှ
လူခိုးခံရသည်က တစ်ကြိမ် ...

ရည်းစားတစ်ယောက်
ဆယ်နှစ်မြောက်မှ
လင်နောက် လိုက်သွားသည်က တစ်ကြိမ်...

သုံးကြိမ် သုံးခါ
ရှိခဲ့တာမို့
ငါ့မှာ ကိုယ်ကြိုးနည်းလှပီ ......


ငယ်ငယ်က တာရာမင်းဝေ စာအုပ်ဖတ်ရင်း . .မှတ်မိနေတဲ့ ကဗျာလေးပါ ...
မှတ်မိလွယ်တယ် .. ပီးတော့ ကြိုက်လည်း ကြိုက်တာပေါ့လေ...

ဖောင်တိန်ဆို .. ကေလာကလည်း အရမ်းကြိုက်တာကိုး ....
ကဗျာလေးက ဖောင်တိန်ပါတယ်လေ.
ပီးတော့ ... ဆေးတံ .. .ဆေးတံ မသောက်ဖူးပေမယ့် ...
ဆေးလိပ်သောက်တဲ့ သူက အစွဲကြီးတယ်လေ.. တစ်ခုခုကိုပေါ့..
ဆေးတံသောက်တဲ့သူက ဆေးတံကို မြတ်နိုးသလို ...
ဆေးလိပ်သောက်တဲ့ သူကလည်း မီးခြစ်လေးတွေကို ကြိုက် တတ်ကြတယ်လေ..
အဲဒီတော့ ဆေးတံသမား ခံစားချက်ကို နားလည်ပေးနိုင်တယ်...
ဒါကြောင့်လည်း ဒီကဗျာလေးကို ကြိုက်မိတယ်...

နောက်တစ်ခုကတော့ .. . .ဟီဟိ..
ကာရန်လိုက်လို့ ကြိုက်တာပေါ့ ... ကဗျာဆရာက ... ဥပမာ လင်္ကာတွေနဲ့
ဆိုလိုရင်းကို ဆွဲခေါ်သွားတာကို ကြိုက်လို့ ပါ ...

နောက်တစ်ပုဒ်က ဒီလို.....



ကျောင်းသွားကျောင်းပြန်
အချိန်မှန်စွာ
ရင်ထဲ တောင့်တ
လမ်းထောင့်မှ.....

သူအနားရောက်လျှင်
စကားဝေသီ
ပြောရမည်ကို
ကြံစီကပင် ထားရသည်.....

သူလည်းရောက်လာ ..
အသာကပ်သွား
သူ့အနားရောက်
စကားလေးတွေ ပျောက်ကုန်ပီ ......


ဒါကတော့ စတိတ်ကျောင်းတုန်းက သစ်ရွက်ကြွေတာတောင် ရင်ခုန်တဲ့ အရွယ်.....
အဲလိုလေးတွေ တကယ်လက်တွေ့ ဖြစ်ခဲ့တာလေးတွေ ရှိနေတော့ကာ ......
မှတ်မိနေတာပေါ့နော်. . ကြိုက်မိတဲ့ ကဗျာလေး တစ်ပုဒ်ပါ ... ခေါင်းစဉ်တော့ မေ့နေပီ

မင်းကုသ က အဖေဗျ ဟု
နာ့ရုပ်ကြောင်ငြား ..
ငါ့ဇာတ်လမ်းထဲ မင်းဝင်လာကြည့်
မင်းဟာ လူကြမ်းပါ သူငယ်ချင်း ..


ဆိုတာလေ.. ကဗျာ နာမည်က လူကြမ်းတဲ့ .. ဒါလေးလည်း ကြိုက်တာပဲ ... ကေလာက ရုပ်ဆိုးတယ်လေ.
တော်တော် ဆိုးတာ ... ဗိုက်ပူ ဖင်ကောက်တဲ့ ... အသားကလည်း .. နည်းနည်း ညိုတယ်လေ..

နောက်တစ်ပုဒ်က ..

တိုက်ကြီးပေါ်မှ
ချောမမ သို့
အကြည့်ပို့မိ
လွတ်သတိကြောင့်
နာက ခွေးချေး နင်းမိ၏ ....


ဝရံတာမှာ ထွက်ရပ်နဲ့တဲ့ ကောင်မလေးကို ငမ်းရင်း ဖြစ်တာလေး ရေးထားတာ .. တိုတိုလေးနဲ့ ထိတယ်လေ.ကွက်တိပဲ... ဟီဟိ

နောက် .. . တာရာမင်းဝေ ရေးထားတဲ့ ထိပ်ထား ကိုတိုင်တည်ပီးရေးထားတာ ..
မှတ်မိတော့ဘူး . .နောက်နေ့မှာ ရှာပီး တင်လိုက်တော့မယ်နော်. ....

Sunday, December 7, 2008



ပြာလဲ့လဲ့ မီးရောင် နဲ့ စမယ် ...



ညဦး ပိုင်း အစ ....



အလယ်လောက်ကျတော့ အော်သေးတာ ...



မီးပိတ်ပီး .. ဂစ်တာ တီးမယ်....

ရွေကျေး

စွယ်တော်



နှစ်လွှာ တစ်ရွက် .
ဆယ်သက် မခွဲ ..
စွယ်တော်ရွက်လည်း ဖြစ်ချင်တယ် . .တဲ့
ငယ်ငယ်တုန်းက ဖတ်ဖူးတဲ့ ကဗျာလေး လိုပဲ ..
ကောက်ကောက် နဲ့ ဂျလေဘီက တော့ မမြဲတမ်း တတွဲတွဲပဲ ...

ဂျလေဘီ



သူလေးက ဂျလေဘီ လေ. .... ဘောင်ဘောင်းနဲ့ ကိုယ်ကျပ်နဲ့ .. ကြောပိုးအိပ်နဲ့ ...
ချစ် မမ စတိုင် .. သူပဲ နာမည်ပေးထားတာ . .ကျန်ကျန်ဖန်ဖန် . . ဂျလေဘီ တဲ့ .....

ကောက်ကောက်



သူက ကောက်ကောက် .. . ကေလာ့ကိုယ်စား အရုပ်လေး ...
စိတ်ကောက်တုန်း လက်ဆောင်ပေးထားတာမို့ ကောက်ကောက်လေး လို့ နာမည်ပေးထားတာ...

classic



ဘယ်မှ မသွားပဲ အခန်းထဲတင် အလုပ်ဖြစ်နေတာ ..

အစိမ်းရောင်



လူတွေက မကောင်းတာ ဆို စွဲစွဲနေတတ်ကျတယ်နော်..
ကေလာလည်း ဆေးလိပ် ဆွဲနေတယ်....

Saturday, November 29, 2008

ကာတွန်း ....



အကြိုက်ဆုံး စီးရီးလေးပါ .. ငယ်ငယ်ကတည်းက ကြိုက်တယ်. .
အရွယ်သာ ရလာတယ်. လူက ခပ်ပေါပေါ ဆိုတာ .. အခုထိ အသစ်ထွက်တိုင်း ကြည့်မိတုန်းပဲ ..
သူတို့ရဲ့မျက်နှာထိ မျက်နှာထား အပြောင်းအဲတွေ ကို တော်တော် ကြိုက်တယ်.
ပီးတော့ .. တစ်ခုခုနဲ့များတီးလိုက်လို့ကတော့ မိန်စရာကြီး .. ခွက်နဲ့ တီးလိုက်ရင် ခွက်ပုံပေါက်သွားတာတို့..
တုံးပိရိ ပြားချပ်သွားတာတို့ .. အလွန်အကြူး သရုပ်ပြတာ တွေကို ကြိုက်တယ်..
နောက်ပိုင်း ကာတွန်းကားတွေ များကြီးထွက်တယ်. .. ဒီကြွက်နဲ့ ကြောင်လောက်ကို ကြည့်ရတာ အဆင်ပြေဘူး .. နီမိုလည်း ကြိုက်တာပဲ .. ဒါမယ့် . ကြည့်ရတာ သိပ်မပေါသလိုပဲလေ. . တားတားတို့က ပေါမှ ကြိုက်တာ..

ပီးတော့ ကြီးမှ ကြိုက်တာ နောက်တစ်ချက်ရှိသေးတယ်.... အဲဒါကတော့ .. တားတားရဲ့
ချစ်မမ၊ ထိပ်ထားလေး၊ မဖုရားလေး၊ အသဲလေး၊ ဘွန်တွန့်တွန့် စွန်တွန့်တွန့်လေး ကအပြင်က ပြန်လာတိုင်း .. . jerry လေးရေ . tom လေး ပြန်လာပါပီကွယ် လို့ ပြောပြောတတ်လို့လေ.. . ဟီဟိ (ကြော်ငြာ ၀င်တာ) တားတားတို့က ရန်ဖြစ်လိုက် ပြန်ချစ်လိုက် ခနခန ဖြစ်တတ်တာကိုးဗျ.. တကယ်ပြောတာ ဗိုက်ခေါက်မှာ သက်သေဒဏ်ရာတွေရှိတယ်. (လိမ်ဆွဲထားတာ). ဂလိုဂလို

ဘာလို့ စန္ဒယား တီးတာကို ရွေးတင်လည်းဆိုတော့ . . တားတားက ဂစ်တာ တီးတီးပြနေကြလေ. . ခု သူက လောလောဆယ် အနားမှာ မရှိဘူး .. တီးပြလို့ မရမဲ့တူတူ ... နှစ်ကိုယ်တူ ကြည့်ပီး ရယ်ခဲ့ကြတာလေးတွေကို လွမ်းရင်း .. အဲဒီတော့ ကြွက်နဲ့ကြောင် တီးတာလေးကိုပဲ ကြည့်ပီး . .လွမ်းနေရတာ.. ဖလပ်ဖလပ်ကို ဖြစ်အောင် လွမ်းတာ ...

နိဂုံးချုပ်တော့လေ. . . တားတားတို့ က တွန် အန် ဂျယ်ရီ ပေါ့နော်. ..

Tuesday, November 25, 2008

ရှက်





သူကလေးက ရှက်နေတာ

ညရေပန်း

ပန်းဆွဲ

Sunday, November 23, 2008

မြို့ပြည



ဘန်ကောက် saim paragom ရှေ့က ရေပန်းပါ

မွေးနေ့လက်ဆောင်





တစ်ယောက်သောသူက ပေးထားတာ ... ဟီဟိ