Monday, May 12, 2008

ထိပ်ထား သိပါစေ …

ထိပ်ထားရေ…

နာတို့တွေ တစ်ချိန်က အရမ်းနာကျည်း ခဲ့ကျတယ်.

နင့်မျက်ရည် နာ မြင်ဘူးခဲ့တယ်. ..

နင့် မျက်ရည် နာ့ ရင် ပူလောင်ဘူးတယ်.

ထိပ်ထားရေ ..

ပြန်လည် ဆုံဆည်းဖို့ လည်း

ဆုတောင်းရတာ .ဘုရား အဆူဆူ . .ကုန်သလောက်ပဲ.

ဟိုတစ်ခါ က အမောဆုံးပဲ ..

ထိုင်းက ကျိုက်ထီးရိုး လို ဘုရားက ..

မြန်မာက ကျိုက်ထီးရိုး နှစ်ဆ မြင့်တယ်ဟ …..

ထိပ်ထားရေ. .

ခေါင်းလောင်း သံကြားတိုင်း လွမ်းတယ်….

မတွေ့ ဖြစ်ခဲ့တဲ့ ပိတောက်ပွင့်နေ့ ရက်တွေ လွမ်းတယ်.

ကျောင်းရှေ့က ကုကိုလ် ပင် ကို စည်ပင်က ခုတ်တော့လည်း လွမ်းတာပဲ …..

နင့် လွယ်အိပ်ထဲ စာခိုးထည့်တဲ့ သစ်ပင် နာ ဘယ်မေ့ မလည်းဟ….

ထိပ်ထားရေ ..

နာပြောရင် နင် က နာ့ကို ညစ်ပတ်တယ် ပြောအုံးမယ်.

နာလေ. နင့်ကိုလေ.. ရွှံ့ဗွက်တွေ မြင်လည်း လွမ်းတယ်.

တစ်ခါက မိုး နေ့ တစ်နေ့ ကို လွမ်းတယ်.

Monday, March 24, 2008

အင်တာနက်ပေါ်က ပုံပြင်လေးများ

၁)
ကိုယ့်အစွမ်းကို အယုံအကြည် မရှိသူဟာ ဘယ်တော့မှ စစ်သူကြီး မဖြစ်နိုင်ဘူး။

တစ်ခါက သားအဖနှစ်ဦးဟာ စစ်တိုက်ဖို့ ထွက်လာခဲ့တယ်။ ဖခင်က စစ်သူကြီးတစ်ဦးဖြစ်ပြီး သားကတပ်သားဖြစ်တယ်။ စစ်တိုက်ဖို့ ခရာသံပေးတဲ့အချိန်မှာ အဖေက သားကို မြှားတစ်စင်းပဲ ထည့်ထားတဲ့ မြှားအိတ်ကို ပေးပြီး "သား ဒီမြှားဟာ အဖေတို့ ဘိုးဘေးဘီဘင် အဆက်ဆက်က ကိုယ်နဲ့မခွာ လွယ်ပိုးလာခဲ့တဲ့ မြှားဖြစ်တယ်။ ဒီမြှားမှာ တန်ခိုးရှိတယ်။ ကိုယ့်ကိုယ်ဘေးမထိ ရန်မခအောင် ကာကွယ်ပေးနိုင်တယ်။ ဘယ်လို အကြောင်းမျိုးပဲဖြစ်ဖြစ် မြှားကို အိတ်ထဲကနေ လုံးဝမထုတ်ပါနဲ့" လို့ မှာလိုက်တယ်။

မြှားအိတ်က သားရေနဲ့လုပ်ထားတဲ့ လက်ရာသေသပ်တဲ့ အိတ်ဖြစ်တယ်။ မြှားထိပ်ကိုလည်း လှပတဲ့ ဒေါင်းမွေးနဲ့ လုပ်ထားတယ်။ သားက လှပတဲ့ မြှားအမြီးကို ကြည့်ပြီး မြှားတံ၊ မြှားထိပ်ရဲ့ သဏ္ဍာန်ကို မြင်ယောင်ကြည့်မိတယ်။ မြှားရဲ့အလျှင်နဲ့ ရန်သူကို တစ်ချက်တည်း ဖြိုခွင်နိုင်မယ်လို့လဲ ယုံကြည်မိတယ်။

သားဟာ မြှားအိတ်ကိုလွယ်ပြီး သူရဲကောင်းတို့ရဲ့ ရဲရင့်မှုအတိုင်း စစ်မြေပြင်ကို ထွက်ခဲ့တယ်။ ရန်သူနဲ့ အပြန်အလှန် တိုက်ခိုက်ကြရင်း စစ်သိမ်းဖို့ ခရာမှုတ်တော့ သားဟာ အနိုင်ရလိုစိတ်နဲ့ ဖခင်ရဲ့ တားမြစ်ချက်ကို ဂရုမစိုက်တော့ဘဲ ရန်သူကို တစ်ချက်တည်းနဲ့ ဖြိုခွင်းပစ်ဖို့ မြှားကို ဆွဲနှုတ်လိုက်တယ်။ မြှားကို နှုတ်လိုက်တာနဲ့ သူ ရုတ်တရက် အံ့သြမင်သက်သွားတယ်။

မြှားကျိုးတစ်ချောင်း! အိတ်ထဲ ထည့်ထားတာ မြှားကျိုးတစ်ချောင်း ဖြစ်နေပါလား...?
"ငါဟာ မြှားအကျိုးတစ်ချောင်းကို လွယ်ပြီး စစ်တိုက်နေပါလား" လို့တွေးပြီး သူချောက်ခြားသွားခဲ့တယ်။ ထုတ်တန်းကျိုးသွားတဲ့ အိမ်တစ်လုံးလို သူရဲ့ ထက်သန်တဲ့ စိတ်ဓာတ်က ၀ုန်းခနဲ့ လဲပြိုသွားခဲ့တယ်။ နောက်ဆုံးတော့ သားဟာ ရန်သူရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ရတယ်။ ဖခင်က မြှားကျိုးကို ကောက်ယူပြီး "ကိုယ့်အစွမ်းကို အယုံအကြည် မရှိသူဟာ ဘယ်တော့မှ စစ်သူကြီးဖြစ်မှာ မဟုတ်ဘူး" လို့ စိတ်ထိခိုက်စွာ ပြောလိုက်တယ်။

၂) ဘ၀တန်ဖိုး

မနေ့ကဖြစ်ခဲ့တဲ့ ကံမကောင်းခြင်းတွေနဲ့ မနက်ဖြန်ရဲ့ စိတ်ကူးအိပ်မက်ကို အရောင်မဆိုးလိုက်နဲ့။

ဟောပြောပွဲတစ်ခုမှာ နာမည်ကြီးဟောပြောဆရာတစ်ဦးက ဟောပြောပွဲ မစခင်မှာ လက်ထဲက ဒေါ်လာ၂၀ကို ကိုင်မြှောက်လိုက်တယ်။ ပြီးတော့ အယောက် ၂၀၀ကျော် ပရိသတ်တွေကို "ဒီဒေါ်လာ ၂၀ကို ဘယ်သူလိုချင်သလဲ" လို့ မေးလိုက်တော့ လူတိုင်းက သူယူမယ်၊ ကိုယ်ယူမယ်နဲ့ လက်တွေ ထောင်လိုက်ကြတယ်။

"ဒီ ပိုက်ဆံကို ပရိသတ်ထဲက တစ်ယောက်ယောက်ကို ပေးဖို့ ကျွန်တော်ဆုံးဖြတ်ထားပါတယ်။ ဒါပေမဲ့ မပေးခင် ကျွန်တော့်ကို တစ်ခုလုပ်ပိုင်ခွင့်ပေးပါ" ဆိုပြီး ပိုက်ဆံကို လုံးချေပစ်လိုက်တယ်။ နောက် "ကဲ.. ဘယ်သူလိုချင်သေးလဲ" လို့ မေးပြန်တယ်။ လူတွေက ယူဖို့ လက်ထောင်ကြတယ်။

"ကောင်းပြီ.. ပိုက်ဆံကို ဒီလိုလုပ်လိုက်ရင်ကော ယူချင်တဲ့လူတွေ ရှိကြသေးလား" လို့ ပြောပြောဆိုဆို ပိုက်ဆံကို ပစ်ချပြီး နင်းချေလိုက်ပြန်တယ်။ ညစ်ပတ်တွန့်ကြေနေတဲ့ ပိုက်ဆံကို ကိုင်မြှောက်ပြီး ယူမလားလို့ မေးတော့ လူတွေက ယူဖို့ လက်ထောင်ကြတုန်းပါပဲ။

ဆရာက " မိတ်ဆွေတို့... ကျွန်တော် ဒီလိုလေး လုပ်ပြလိုက်တာနဲ့ အကျိုးရှိတဲ့ သင်္ခန်းစာတစ်ခု ခင်ဗျားတို့ ရသွားပါပြီ။ ဒီပိုက်ဆံကို ကျွန်တော်ဘယ်လိုလုပ်လုပ် ခင်ဗျားတို့ လိုချင်နေခဲ့တယ် မဟုတ်လား..? ကြွေမွအောင် လုံးချေသည်ဖြစ်စေ၊ ညစ်ပတ်အောင် နင်းချေသည်ဖြစ်စေ ဒေါ်လာ ၂၀ ဟာ ဒေါ်လာ ၂၀ ပါပဲ။ သူ့တန်ဖိုးဟာ လုံးဝ ပြောင်းလဲမသွားဘူး"

"လူ့ဘ၀မှာလည်း ဒီလိုပဲ.. ကျွန်တော်တို့ဟာ ကိုယ့်ရည်မှန်းချက် မပြီးမြောက်ခဲ့ရင်
ဒါမှမဟုတ် လောကဓံရဲ့ ထိုးနှက်ချက်ကြောင့် အလဲလဲ အပြိုပြိုဖြစ်ခဲ့ပါစေ။ ပတ်ဝန်းကျင် ဖိနှိပ်မှုကို ခံရတဲ့အခါ ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကို တစ်ပြားမှ မတန်ဘူး။ လုံးဝ မသုံးမကျဘူးလို့ ထင်တတ်ကြတယ်။ ဒါပေမယ့် ဘာဘဲဖြစ်ခဲ့ဖြစ်ခဲ့၊ ဘာဘဲဖြစ်လာဖြစ်လာ ဘုရားသခင်ရဲ့ အမြင်မှာ ကျွန်တော်တို့ဟာ ကိုယ့်တန်ဖိုးနဲ့ကိုယ် ရှိပြီးသားပါ။ လူတွေရဲ့ အမြင်မှာ ခင်ဗျားတို့ဟာ ညစ်ပတ်နေသည်ဖြစ်စေ၊ သန့်ရှင်းစင်ကြယ်နေသည်ဖြစ်စေ၊ အ၀တ်အစားတွေ ဆုတ်ပြတ်နေသည်ဖြစ်စေ ခင်ဗျားတို့ရဲ့ ဘ၀တန်ဖိုးဟာ ဘယ်တော့မှ ပြောင်းလဲ မသွားဘူး"

၃)
လူ့ဘ၀လမ်းတစ်လျှောက်မှာ လောကဓံရဲ့ အဖက်ဖက်က တိုက်ခိုက်မှုကို ခံရစမြဲပါ။ ဒါပေမယ့် အဲဒီလို အတိုက်ခိုက်တွေ ကိုယ့်ကို ဘယ်လိုသက်ရောက်စေသလဲ? ဆုံးဖြတ်ချက်က ကိုယ့်လက်ထဲမှာပဲ ရှိပါတယ်။

တစ်ခါက အဘိုးအိုတစ်ဦးဟာ မြေးကို စက္ကူနဲ့ နဂါးရုပ်တစ်ရုပ် ခေါက်ပေးလိုက်တယ်။ ပြီးတော့ နဂါးရဲ့ ဗိုက်ထဲ နှံကောင်တစ်ချို့ ဖမ်းထည့်ပေးလိုက်တယ်။ အထည့်ခံရတဲ့ နှံကောင်တွေဟာ အထဲမှာပဲ သေကုန်ကြတယ်။ အဘိုးက " နှံကောင်တွေရဲ့ သဘာဝဟာ ဂဏှာမငြိမ်ဘူး။ စိတ်တိုလွယ်တယ်။ ရုန်းကန်ဖို့လောက်ပဲ သိပြီး ပါးစပ်နဲ့ စက္ကူကို ကိုက်ဖြတ်ဖို့ မတွေးကြဘူး။ ပြီးတော့ တစ်ဖက်မှာလဲ ထွက်လမ်းရှိတယ်ဆိုတာ မသိကြဘူး။ သူတို့မှာ တံစဉ်လိုထက်မြက်တဲ့ သွားနဲ့ ခြေထောက်တွေရှိလည်း အသုံးမချတတ်ကြဘူး" လို့ ပြောလိုက်တယ်။

တစ်ဖန်အဘိုးက ပိုးဖလံတွေကို နဂါးဗိုက်ထဲ ဖမ်းထည့်လိုက်ပြီး နဂါးပါးစပ်ကို ပိတ်ထားလိုက်တယ်။ မိနစ်အနည်းငယ် အကြာမှာ ပိုးဖလံတွေဟာ နဂါးအမြီးကနေ တွားထွက်လာတာကို တွေ့လိုက်ရတယ်။

ကံကြမ္မာဟာ ကျွန်တော်တို့ရဲ့အတွေးစိတ်ကူးထဲမှာ အမြဲရှိနေတတ်တယ်။ လူတစ်ချို့က အဲဒီကံကြမ္မာရဲ့ လှည့်ကွက်ထဲကနေ ရုန်းမထွက်နိုင်ခဲ့ကြဘူး။ ဒါတွေဟာ မွေးကတည်းက မပြည့်စုံလို့၊ ကံအကြောင်းမလှခဲ့လို့၊ ..... မဟုတ်ဘူး။ နဂါးရဲ့ ဗိုက်ကို ကိုက်ခွဲပစ်ဖို့၊ အခြားတစ်ဖက်က ထွက်ပေါက်ကို ရှာဖို့ မကြိုးစားခဲ့လို့ ဖြစ်တယ်။

Daddy, how was I born ?

A little boy goes to his father and asks 'Daddy, how was I born?'

The father answers, 'Well, son, I guess one day you will need to find out anyway! Your Mom and I first got together in a chat room on Yahoo. Then I set up a date via e-mail with your Mom and we met at a cyber-cafe. We sneaked into a secluded room, where your mother agreed to a download from my hard drive. As soon as I was ready to upload, we discovered that neither one of us had used a firewall, and since it was too late to hit the delete button, nine months later a little Pop-Up appeared that said:



Scroll down...You'll love this
..




















'You got Male!'







from Froward mail








Friday, March 14, 2008

မခြောက်သော ပိတောက် (သို့) ပုံပြင်ဟောင်း နံပါတ် ၂

အင်း . .ဒါတွေက လည်း ကြာခဲ့ပါပီလေ. . ဒါမယ့် . ပြန်တွေးရင် မနေ့ တစ်နေ့ကိုလိုပါပဲ .. အခု ပြောနေရင်းနဲ့ .. သူမျက်လုံးစိမ်းစိမ်း နဲ့ .. ဗွက်ပေနေတဲ့ သူ့ မျက်နာကို မြင်ယောင်မိတယ်. .

အဲလိုနဲ့ …… … … သူရော ကိုယ် ရော .. ခပ်တန်းတန်း ပေါ့လေ.. ကျောင်းခန်းတစ်ခန်း လုံးလောက် နီးနီးလည်း သိကုန်ပီလေ.. . အဖြစ်အပျက် က သဘောတရား အရ အရမ်း တစိမ်းဆန်နေတာကိုး ….

ဒီလိုနဲ့ နေလိုက်တာ. . တစ်လ နှစ်လလောက် ကြာတော့ပေါ့..

အဖြစ် အပျက်က ဒီလို ……

ကျွန်တော်က ဆေးလိပ် ခိုးခိုးသောက်တာက . ရှစ်တန်းနှစ်ကတည်းကလေ.. . အင်း . ကိုးတန်း ကျောင်းသား ဖြစ်တော့ . ဆေးလိပ်က အတော်စွဲလန်း နေပီလေ. .အခန်းထဲမှာဆို ဆေးလိပ် ခိုးခိုး သောက်တယ်… အဲဒါက စာတာပဲ .. မိန်းကလေး မော်နီတာ က. . ကျွန်တော်တို့ ဆိုရင် လုံးဝ ကြည့်လို့ ကို မရဘူး . . သိလား .

အတန်းပိုင် ဆရာမကလည်း . တစ်ကျောင်းလုံးမှာ စည်းကမ်း အကြီးဆုံး . .လက်သန် အပြောင်ဆုံးလေ..

အင်း . .. တစ်နေတော့ . . အခန်းထဲမှာ ဒီလိုပဲ .. ဆေးလိပ်ခိုးသောက်ကျတာပေါ့ .. ဆရာမ မလာတဲ့ အချိန်လေ.. လစ်တုန်းလေးပေါ့.. အခန်းကလည်း အပေါ်ထပ်. . ထောင့်ခန်း ဆိုတော့ . ရုံးခန်းနဲ့ တော်တော် ဝေးတယ်လေ.. အဲဒီတော့ ကွက်တိပေါ့ . .ပိုင်ပီပေါ့ ..

အင်း . .အနေအထား . နေရာ ကတော့ ပိုင်ပါ တယ်.. .. ဒါပေမယ့် .. မပိုင်တာက .. မိန်းကလေး မော်နီတာ .. ဘယ် အချိန် ထွက်သွား ပီး .. ဆရာမကို သွားတိုင်ထားလည်း မသိပါဘူး . . .. နောက်တစ်နေ့ . . register လည်း ခေါ်ပီးရော .. ကဲ .. ဟိုလေးကောင် လာခဲ့ စမ်း လာခဲ့စမ်း . .ဆိုပီးတော့လေ..

သူကလေ.. (အတန်းပိုင်ဆရာမ) က မေးတယ်… နင်တို့ အသက် ဘယ်လောက် ရှိပီလည်းပေါ့…

အဟီး . .ဆရာမ က ဘာလို့ နာတို့ကို မှာ ရွေးပီး အသက်မေးလည်း ပေါ့ .. ရင် တွေ ခုန်နေတာ .. ဘယ် ဟုတ်မလည်း . ..

မေးလည်း ပီးရော ဆက်မေးတယ်.. နင်တို့ ပါးစပ်ကို ပြန်နမ်း ကြည့်တဲ့ . . နို့ နံ့စင်ပီလား ဆိုပဲ …

အခြေအနေတော့ မကောင်း ဘူးပေါ့ . . တစ်ခုခုတော့ တစ်ခုခုပဲပေါ့…

မဟုတ်တာတွေကလည်း လုပ်ထားတာ များတော့ လေ.. . ဘယ်အချက်နဲ့ ခံရမလည်းပေါ့ …

စဥ်းစားလိုက်ရတာ . .သူမေးတာတွေ လည်း .. တစ်ခုမှ မဖြေနိုင်ဘူး ..

ဖြေလို့လည်း မဖြစ်ဘူးလေ.. ဒေါသက ပိုပေါက်ကွဲ ပီး မဖြစ်သင့်တာတွေ ဖြစ်ကုန်မယ်လေ.. .

အဲဒါမှာ ကျွန်တော့ ဗွက်မလေးကလည်း .. .. သနပ်ခါး ပါးကွက်နဲ့ .ရှေ့ဆုံးတန်းက ထိုင်တာဆိုတော့ .. .လူကို ထဲံ့ ရိုးနေတာလေ.. .

ဒီလောက် အသဲ အသန် ဖြစ်နေတာတောင် .. ဒီရင်က လာခုန်နေသေးတယ်. သိလား ..

အင်း .. ကျွန်တော်တို့ က .. မဖြေတော့ ဆရာမက သူဘာသာသူပဲဖြေလိုက်ပါတယ်.. (ဒီလိုကျတော့လည်း . သဘောကောင်းသားနော်.. အဟီး) .. နို့နံ့တောင် မစင်သေးဘူး .. ဆေးလိပ်သောက်တယ် ဆိုပီး . .နဘန် ကျင်းလိုက်တာ.. .. လူကိုပူထူသွားတာပဲ .. ..

အဲလိုနဲ့ လေ. .အဲဒီနေ့ က .. ချစ်ရသူရှေ့ အရှက်ကွဲတဲ့နေ့ပေါ့ ….

အင်း . . ပြောရင်း .. လွမ်းလိုက်တာ ….

Sunday, March 9, 2008

သူခိုး .

သူခိုးတွေ အားလုံးကို အရေးယူမယ် ဆိုရင် ..
နာလည်း အရေး ယူခံရမှာပဲ ..
ဘာလို့လည်း ဆိုတော့ .. .
နာက .. နင့်ကို ခိုး ချစ်မိနေလို့ ပေါ့ ...

Saturday, March 8, 2008

ဒင်းရှိတယ်

ချစ်သူနဲ့ ဝေးနေချိန် အခြား သူငယ်ချင်းများကို သတိပေးရန်.

မင်း မရှိလည်း
ဒင်း ရှိတယ်..

ပိတောက် .

တစ်ယောက်ဆို တစ်ယောက် ..
ပိတောက် ဆို ပိတောက် ...
ပိတောက် ခြောက်မှ .. နောက်တစ် ယောက် ...

Tuesday, March 4, 2008

Screen Saver

မိုက်ခရိုဆော့ခ်၏ ဖခင် Bill - Gatesမှာ မတော်တဆ ကားတိုက်မှုဖြင့်သေဆုံးသွားသည်။ (တကယ်မထင်စေချင်ပါ)
ယမမင်း “ ခင်ဗျားကို နတ်ပြည်ပို့ရမလား၊ ငရဲပြည်ပို့ရမလား ဆုံးဖြတ်လို့ မရဘူးဖြစ်နေတယ်။ ကွန်ပြူတာတွေကို
ထီထွင်ပြီး လူတွေကို ခင်ဗျား အများကြီး အကျိုးပြုခဲ့တယ်။ အံ့မခန်းတဲ့ အသုံးဝင် WINDOWS တွေကိုလည်း ထွင်
ခဲ့တယ်။ နတ်ပြည်သွားချင်သလား၊ ငရဲပြည် သွားချင်သလား ခင်ဗျားဘာသာ ဆုံးဖြတ်ပေတော့”

Bill - Gates “ နတ်ပြည်နဲ့ ငရဲပြည် ဘာများကွာခြားပါသလဲ”
ယမမင်း “ခင်ဗျားဆုံးဖြတ်လို့ ရအောင် အဲဒီ နေရာနှစ်နေရာကို ကျုပ်အရင်လိုက်ပြမယ်”
သို့နှင့် ငရဲပြည်သို့ သူတို့ရောက်လာကြသည်။ ငရဲပြည်မှာ သန့်ရှင်းသော ပင်လယ်ကမ်းစပ်၊ ဖြူဖွေးသော သဲပြင်နှင့်
မိန်းမလှလေးများဖြင့် လှပနေသည်။ Bill - Gates မှာ အလွန်ပျော်ရွှင်သွားသည်။
သို့နှင့် နတ်ပြည်သို့ သူတို့ ရောက်လာကြပြန်သည်။ နတ်ပြည်မှာ လှပသော တိမ်တိုက်နှင့် နတ်သမီးများ ပျော်ပါး
နေကြသည်။ သို့သော် ငရဲပြည်လောက် စွဲဆောင်မှုမရှိပေ။
Bill - Gates “ကျွန်တော် ငရဲပြည်ပဲ သွားမယ်”
ယမမင်း “ကောင်းပြီ”

သို့နှင့် နှစ်ပတ်ကြာသော် ယမမင်းမှာ ဒီသန်းကြွယ်သူငှေး ငရဲပြည်မှာ ဘာများလုပ်နေသလဲ ဟု သိချင်သောကြောင်း
ငရဲပြည်သို့ သွားရောက်ခဲ့သည်။ Bill - Gatesမှာ လက်ကျင်း၊ ခြေကျင်းများခတ်ပြီး အနှိပ်စက်ခံနေရသည်။

Bill - Gates “ဒီနေရာဟာ အရမ်းကြောက်ဖို့ ကောင်းတယ်။ ကျွန်တော်တွေ့ခဲ့တဲ့ မိန်းမလှလေးတွေရော၊ သဲဖြူဖြူနဲ့
ပင်လယ် ကမ်းစပ်တွေရော ဘယ်ရောက်ကုန်ပြီလဲ”
ယမမင်း “ အော် အဲတာတွေလား....အဲတာတွေက Screen Saver တွေလေ”

သူငယ်ချင်း တစ်ယောက်ဆီမှ ရသည်....

Wednesday, February 20, 2008

ထင်သလောက် မဆိုးတဲ့ လောကပါ ခင်ဗျား

တကယ်လို့သာ ကမ္ဘာလူဦးရေကို လူတစ်ရာပဲ အတိအကျရှိနေတဲ့ ရွာကလေးတရွာအဖြစ် လျှော့ချလိုက်မယ်ဆိုရင် အခုလက်ရှိအနေအထား မှာရှိတဲ့ လူအချိုးအစားက သည်လိုဖြစ်မယ်တဲ့။

လူတစ်ရာမှာ အာရှတိုက်သားက (၅၇) ယောက်၊ ဥရောပ တိုက်သားက (၂၁)ယောက်၊ အနောက်တိုင်းသားက (၁၄)ယောက်နဲ့ အာဖရိကတိုက်သားက (၈) ယောက်ရှိနေပါလိမ့်မယ်။

အဲဒီ့ လူတစ်ရာမှာ အမျိုးသမီးက (၅၂)ယောက်နဲ့ အမျိုးသားက (၄၈)ယောက် အချိုးရှိ နေပြန်သတဲ့။

လူဖြူက ၃၀ ပဲရှိပြီး လူဖြူမဟုတ်တဲ့ လူမည်းတွေ၊ ကျွန်တော်တို့ အာရှတိုက် သားတွေလို အညိုတွေ၊အ၀ါ တွေက ကျတော့ (၇၀)တောင်ရှိမယ်။

အလားတူပဲ၊ ခရစ်ယာန် ဘာသာဝင်က (၃၀) ဖြစ်ပြီး ခရစ်ယာန်မဟုတ်ဘဲ အခြား ဘာသာအသီးသီးကိုးကွယ်ယုံကြည် သူက (၇၀)ရှိမယ် လို့လည်း ကိန်းဂဏန်းတွေက ပြဆိုနေပြန်တယ်။

အဲ..လိင်ကွဲကို စုံမက်တတ်သူ (ယောက်ျားက မိန်းမကိုပဲ ကြိုက်တာ၊ မိန်းမကလည်း ယောက်ျားကိုပဲကြိုက်တာ)က (၈၉)ယောက် ရှိနေမှာဖြစ်ပြီး လိင်တူချင်း မှကြိုက်ကျသူ (မိန်းမလျာ၊ယောက်ျားလျာ) က (၁၁)ယောက်ရှိနေပါတယ်။

အဲဒီ့ လူ(၁၀၀)ထဲကမှ (၆)ယောက်ဟာ ကမ္ဘာ့ ကြွယ်ဝမှုရဲ့ (၅၉) ရာခိုင်နှုန်းကို ပိုင်ဆိုင် ထားမှာဖြစ်ပြီး အဲ့ဒီ (၆)ယောက်စလုံးဟာ အမေရိကန်နိုင်ငံကဖြစ်နေသတဲ့။ အယောက် (၈၀) ကတော့ အိမ်နဲ့ယာနဲ့ကျကျနနနေနိုင် သူတွေမဟုတ်ဘဲ တော်ရိရော်ရိမှာ ဖြစ်သလိုနေနေသူ တွေတဲ့။

(၁၀၀) ရာမှာ (၇၀) ယောက်ဟာ စာမဖတ်တတ်ဘူး။ ပြီးတော့ (၅၀) က အာဟာရ ဓာတ်ချို့တဲ့နေတယ်၊ အစာရေစာ မ၀လင်ဘူးတဲ့။ (၁၀၀)ရာ မှာ တစ်ယောက်က သေလုမြော ပါးဖြစ်နေသလို နောက်တစ်ယောက်ကလည်း မီးဖွားမယ့် ဆဲဆဲဖြစ်နေပြန်တယ်။

ပြီးတော့(၁၀၀)မှာ တစ်ယောက်ဆို တစ်ယောက်တည်းဟာ တက္ကသိုလ်ပညာရေးကို ဆည်းပူးခွင့်ရနေပါတယ်။ ပြီးတော့ တစ်ရာမှာ တစ်ယောက်တည်းကသာ ကွန်ပြူတာကို ပိုင်ဆိုင်ပါတယ်တဲ့။

ဒါဟာ ကနေ့ ကမ္ဘာ့လက်ရှိလူဦးရေနဲ့ သက်ဆိုင်တဲ့ ကိန်းဂဏန်းများ အချိုးအစားပါ။ (၁၀၀) နဲ့ ချိန်ပြောရင် ဒီအတိုင်းပဲထွက်ပါတယ်။

အဲလိုကျကျနန စဉ်းစားကြည့်လိုက်တဲ့အခါ လက်ခံနိုင်ဖို့၊နားလည်ပေးနိုင်ဖို့နဲ့ ပညာ ကို တန်ဖိုးထားဖို့ဆိုတဲ့ အရေးကိစ္စတွေဟာအင်မတန်အရေးကြီးတယ်ဆိုတာ သိသာထင်ရှား လှပါတယ်။

ဒါတင်မကသေးပါဘူး၊ အောက်ပါအချက်အလက်တွေ ကလည်းတော်တော့်ကို စဉ်းစား စရာကောင်းလာပါလိမ့်မယ်။

တကယ်လို့ သင်ဟာ ကနေ့မနက်မှာ မာမာချာချာကြီးနဲ့ အိပ်ရာက နိုးထလာခဲ့သူဖြစ် နေရင် ခင်ဗျားဟာ သည်တစ်ပတ်အတွင်း မှာ သေဆုံး သွားရတော့မယ့် ကမ္ဘာပေါ်က လူတစ် သန်းထက် အများကြီး ပိုကံကောင်းနေတာ မဟုတ်ဘူးလား။

သင်ဟာ စစ်ဘေးစစ်ဒဏ်ကို တစ်ခါမှမခံစားဖူးဘူး၊ အကျဉ်းစံဘ၀မှာလည်း နေဖူးဘူး၊ နှိပ်စက်ညှဉ်းပမ်းမှုဒဏ်ကို လည်းမခံစားခဲ့ဖူးဘူး၊ ဒါမှမဟုတ် ငတ်မွတ်မှုကိုလည်း မခံစားဖူးဘူး ဆိုရင် ခင်ဗျားဟာ အဲဒီ့ ဒဏ်တွေကို ခံစားခဲ့၊ ခံစားဆဲ ကမ္ဘာ့လူဦးရေ သန်းပေါင်း (၅၀၀)ထဲမှာ မပါတဲ့
ကံထူးရှင်တစ်ယောက်ပါပဲလို့ အောက်မေ့နိုင်ပါတယ်။

ဘုရားကျောင်းကန်၊ စေတီပုထိုး၊ ခရစ်ယာန် ၊ ဟိန္ဒူဘုရားကျောင်း၊ ၀တ်ပြုဆုတောင်း ခန်းမ၊ ဗလီစတာတွေကို စိတ်အေးလက်အေးသွား နေနိုင်တယ်၊အဲသလို သွားတဲ့အတွက် အဖမ်းခံရမှာ၊ အနှိပ်စက်ခံရမှာ ၊အသတ်ခံရမှာ လုံးလုံးစိုးရိမ်စရာ မရှိဘူးဆိုရင် သင်ဟာ ကမ္ဘာ မှာ အဲဒါမျိုးကို စိုရိမ်တကြီးဖြစ်နေရ ရှာတဲ့လူပေါင်း (၃) ကုဋာထက် ပိုကံကောင်းနေပါတယ်။

စားစရာတွေက မီးဖိုချောင်ထဲမှာ ၊ ကြောင်အိမ်ထဲမှာ သူ့ဟာလေးနဲ့သူရှိနေတယ်။ ခါးပေါ်မှာ အ၀တ်လည်း ရှိနေတယ်၊ အမိုးအကာအောက်မှာ ကျောခင်းစရာနေရာလေးတစ် နေရာ ရှိနေတယ်ဆိုရင် သင်ဟာ ကမ္ဘာ့ လူဦးရေရဲ့ (၇၅%) ထက်ပိုပြီး ချမ်းသာနေပါတယ်လို့ မှတ်ယူနိုင်ပါတယ်။

ဘဏ်တိုက်ထဲမှာ ငွေလေးကြေးလေးရှိတယ်။ ဒါမှမဟုတ် အိတ်ကပ်ထဲမှာ ငွေစ ၊ကြေးစ လေးတွေရှိနေတယ်၊ အိမ်ထဲမှာလည်း ပိုက်ဆံအနည်းကျဉ်းရှိနေတယ်ဆိုရင် သင် ဟာ ကမ္ဘာ့ မရှိမရှားလူတန်းစား (၈) ရာခိုင်နှုန်းထဲမှာ ပါတယ်လို့မှတ်ယူနိုင်ပါတယ်။

သည်အထဲမှာမှ မိစုံ ဖစုံလည်းရှိသေးတယ်။ အမေနဲ့အဖေနဲ့ ကလည်း အခုအချိန် အထိ ပေါင်းဖက်နေကြသေးတယ် ဆိုရင်တော့ ကမ္ဘာရှားစာရင်းထဲမှာ တောင် သင်ပါပြီးသွား ပါပြီ။

အခု ရေးထားတဲ့ စာကို ဖတ်နေနိုင်ပြီဆိုရင် တော့ သင် ဟာ ကမ္ဘာ့မှာ ရှိတဲ့ စာမရေး တတ်၊ မဖတ်တတ်ရှာတဲ့ လူပေါင်း (၂) ကုဋာ ထက်ကံကောင်းတဲ့သူ ဖြစ်နေတာအသေအချာ ပါ။

အဲဒီလို စဉ်းစားကြည့်ရင် လောကကြီးဟာထင်သလောက် မဆိုးဘူးဆိုတာ တွေးနိုင် လာကြမယ် ထင်ပါတယ်။

(အတ္တကျော်)။ အတွေးသစ်ဂျာနယ်။ မေလ၊၈ရက်၊ ၂၀၀၁ခုနှစ်

forward mail တစ်ခု မှ ကူးယူသည် .. :D

အိန်ဂျယ်ရဲ့ တောင်ပံတစ်စုံ

ကလေးငယ်တစ်ဦးသည် မိမိကိုယ့်ကို နိမ့်ကျယုတ်ညံ့သူဟု ခံစားမိသည်။ အကြောင်းမှာ သူ၏ နောက်ကျော တစ်ဖက်တစ်ချက်စီတွင် နီမြန်းထင်ရှားသော ဒဏ်ရာအမာရွတ်ပါပြီး ထိုအမာရွတ်သည် ဂုတ်မှခါးအထိ ရှည်လျားနေသော ကြောင့်ဖြစ်သည်။ ထိုဒဏ်ရာပေါ်တွင် ဖုထစ်သော အသားစိုင်များဖြင့် ကြည့်ရ ရုပ်ဆိုးနေသည်။ ကလေးငယ်မှာ သူ့ကိုယ်သူ အလွန်စက်ဆုပ် မုန်းတီးမိသည်။

သူသည် အ၀တ်အစား လဲရမည်ကို အလွန်ကြောက်မိသည်။ အထူးသဖြင့် အားကစားချိန်တွင် အခြား ကလေးငယ်များက လွတ်လပ်ပေါ့ပါးသော အားကစားဝတ်စုံကို လဲလှယ်ရန် ပျော်ရွှင်နေသော်လည်း သူသည် နံရံ၏ ထောင့်တစ်နေရာတွင် ကပ်ပြီး နောက်ကျောကို အခြားကလေးငယ်များ မမြင်အောင် ခိုးလဲခဲ့ရသည်။ ကာလကြာသောအခါ ကလေးအချို့က သူ၏အပြုအမှုကို သတိထားမိကြပြီး နောက်ကျောမှ အမာရွတ်ကို မြင်တွေ့သွားကြသည်။

"ကြောက်စရာကြီး"
"ရွံ့စရာကြီး...သူနဲ့ မဆော့တော့ဘူး"
"လူမှ ဟုတ်ရဲ့လား.. မကောင်းဆိုးဝါးများလား"
ရိုးသားသော ကလေးငယ်များ၏ ပွင့်လင်းသော စကားများသည် သူ့အား အရှက်ကြီး ရှက်စေခဲ့သည်။ အ၀တ်အစားများ ကောက်ယူပြီး သူသည် အိမ်သို့ အပြေးပြန်ခဲ့ပြီး မိခင်အား အကြောင်းစုံ ပြောပြလိုက်သည်။ နောက်တစ်နေ့တွင် မိခင်က သူ့လက်ကို ဆွဲပြီး ကျောင်းသို့ လိုက်ပို့ခဲ့သည်။ အတန်းပိုင်ဆရာမ အားလည်း ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်သည်။

" သူ့ကိုမွေးပြီး မကြာဘူး ရောဂါ အသည်းအသန်ဖြစ်ခဲ့တယ်။ လက်လွတ်ဆုံးရှုံး နိုင်တဲ့အထိ သူအပြင်း ဖျားခဲ့တယ်။ ဒါပေမယ့် ရခဲတဲ့ လူ့ဘ၀နဲ့ ချစ်စရာကောင်းတဲ့ သူ့ကို ကျွန်မတို့ မရရအောင် ကုခဲ့တယ်။ အခေါက်ခေါက် အခါခါ ခွဲစိတ်ပြီးမှ သူ့အသက်ကို လုခဲ့ရတယ်။ ဒါကြောင့် သူ့နောက်ကျောမှာ ခွဲစိတ်ထားတဲ့ အမာရွတ်တွေ ကျန်နေခဲ့တယ်" မိခင်မှာ မျက်ရည်ဝဲနေခဲ့သည်။
" သား...ဆရာမကို ပြလိုက်" ကြောက်စရာ အမာရွတ်နှစ်ခုက သူ့အသက် ရှင်ရေးအတွက် ကြိုးပမ်းခဲ့ရသော သက်သေများပင် ဖြစ်သည်။
" နာတတ်သေးလား...သား" ဆရာမကို သူခေါင်းရမ်းပြသည်။
" သူ အရမ်းလိမ္မာတယ် ဆရာမ.. ဒါပေမယ့် သူကံဆိုးရှာတယ်.. ဆရာမ သူ့ကို အတတ်နိုင်ဆုံး စောင့်ရှောက် ပေးပါနော်"
" ကျွန်မ အတတ်နိုင်ဆုံး စောင့်ရှောက်ပါ့မယ်"
သူ့ကိုယ်သူ စက်ဆုပ်ရွံ့ရှာဖွယ် ကောင်းသူဟု မထင်စေရန်၊ အခြားကလေးငယ်များ သူ့အား မလှောင်ပြောင်၊ မကြောက်ရွံ့စေရန် ဆရာမ အကြံထုတ်တော့သည်။
"မနက်ဖြန် အားကစားအချိန်မှာ အများနဲ့အတူ အ၀တ်အစားလဲရမယ်နော်"
သူ့ခေါင်းကို ပွတ်သပ်ရင်း ဆရာမက ဆိုသည်။
"သူ့တို့ သားကို ရီလိမ့်မယ်... သားကို ထူးဆန်းတဲ့ သတ္တ၀ါလို့ ပြောကြလိမ့်မယ်"
သူမျက်ရည်ကျသည်အထိ ခေါင်းကို ခါရမ်းမိသည်။
" ဆရာမ အကြံရပြီ.. နောက်ဘယ်တော့မှ သားကို လူတွေ မလှောင်ပြောင်စေရဘူး"
"တကယ်လား ဆရာမ"
"ဆရာမကို ယုံတယ်မဟုတ်လား"
"ယုံပါတယ် ဆရာမ"
"ဒါဆို မနက်ဖြန် လူတွေရှေ့မှာ အ၀တ်အစားလဲရမယ်နော်"

နောက်တစ်နေ့ အားကစားအချိန်တွင် လူအများရှေ့တွင် သူအ၀တ်အစား လဲလိုက်သည်။ ကလေးငယ်များက သူ့ကိုကြည့်ပြီး မကောင်းဆိုးဝါး အား မြင်မိသည်အလား တွန့်ဆုတ် သွားကြသည်။ သူမျက်ရည်များ ဝေ့တက် လာခဲ့သည်။ ထိုအချိန်တွင် အတန်းပိုင် ဆရာမ ရောက်လာခဲ့သည်။
"ဆရာမ..သူ့နောက်ကျောကို ကြည့်လိုက်... ပိုးကောင်နဲ့ တူတယ်...ရွံ့စရာကြီး"
ဆရာမ ခွန်းတုန့်မပြန်ဘဲ သူ့အမာရွတ်ကို သေချာကြည့်လိုက်သည်။
"ဒါ.. ပိုးကောင်တွေ မဟုတ်ပါဘူး" ကလေးများဖက် လှည့်ပြီး ဆရာမပြောလိုက်သည်။
"ဟုတ်ပါ့မလား ဆရာမ"
"ဒါဆို ဘာလဲ ဆရာမ" ကလေးငယ်များ တစ်ယောက်တစ်ပေါက် ၀ိုင်းမေးကြသည်။
"ဆရာမ ပုံပြင်တစ်ပုဒ်ပြောပြမယ်... အားလုံးနားထောင်ကြ" ကလေးငယ်များ ဆရာမနား ၀ိုင်းအုံလာ ကြသည်။

"ဒါဟာ ရာဇ၀င်တစ်ခုဖြစ်တယ်။ ကလေးတိုင်းက ဟိုး မိုးကောင်းကင်ပေါ်မှာရှိတဲ့ အိန်ဂျယ်ကနေ ဖြစ်လာကြတာ... တစ်ချို့အိန်ဂျယ်တွေက ကလေးဖြစ်လာတာနဲ့ သူတို့ရဲ့ လှပတဲ့တောင်ပံကို ချက်ချင်းချွတ် လိုက်ကြတယ်။ ဒါပေမယ့် တစ်ချို့ကလေးတွေက နည်းနည်းနှေးတော့ အတောင်ပံကို ချွတ်ဖို့ အချိန်မရလိုက်ဘူး။ အချိန်မမီတဲ့ အဲဒီ ကလေးငယ်တွေရဲ့ နောက်ကျောမှာ ဒီလို အမာရွတ်တွေ ကျန်နေခဲ့ တတ်တယ်"
"၀ါး...တကယ်လား ဆရာမ...ဒါဆိုရင် ဒါဟာ အိန်ဂျယ်ရဲ့ အတောင်ပံပေါ့"
"ဟုတ်တယ်..." လျှို့ဝှက်စွာ ပြုံးရင်း ဆရာမကပြောသည်။
"တစ်ချို့ကလေးတွေ အတောင်မချွတ်ဘဲ ကျန်နေသေးလား မသိဘူး... တစ်ခြားလူတွေရဲ့ နောက်ကျောကို လည်း စစ်ဆေးကြည့်ကြစမ်း" ဆရာမ၏ အပြောကြောင့် ကလေးငယ်များ ပျာယာခတ်ပြီး အခြားသူများ၏ နောက်ကျောကို စစ်ဆေးကြည့်ကြသည်။

"ဆရာမ.. သားနောက်ကျောမှာ အမှတ်လေး တစ်ခုရှိတယ်။ အဲဒါရော ဟုတ်လား" မျက်မှန်တပ်ထားသော ကလေးငယ်ငယ် တစ်ဦးက ၀မ်းသာအားရပြောသည်။
"နင့်ဟာ မဟုတ်ဘူး... ဒီမှာ ငါ့အမှတ်က နီနီလေး..ငါကမှ အိန်ဂျယ်"
တစ်ယောက်တစ်ပေါက် လုယုက်ပြောဆိုကြရင်း သူ့အား လှောင်ရီဖို့ သူ့တို့ မေ့ကုန်ကြသည်။
"ဆရာမ... အိန်ဂျယ်ရဲ့အတောင်ပံကို သားတို့ ကိုင်ကြည့်လို့ရမလား"
"သူ ခွင့်ပြုမပြု ကိုယ်တိုင်မေးကြည့်လေ"
"ရပါတယ်" ကလေးငယ်များကို သူ ခေါင်းငုံ့ ပြုံးပြလိုက်သည်။
"ဟာ...ပျော့စိစိနဲ့.. အိန်ဂျယ်ရဲ့ အတောင်ပံကို ငါကိုင်လိုက်မိပြီဟေ့"
"ငါလဲ ကိုင်မယ်"
အတောင်ပံကို ကိုင်ရန် ကလေးငယ်များ အလုအယုက် တန်းစီခဲ့ကြသည်။ ထိုနေ့က အားကစားခန်းမ တစ်ခုလုံး ရီသံများဖြင့် လွှမ်းမိုးခဲ့သည်။ သူဆရာမကို လှည့်ကြည့်လိုက်တော့ ဆရာမက သူ့အား လက်မထောင်ပြခဲ့သည်။ မြင်ခဲသော အပြုံးတစ်ခု သူ့မျက်နှာပေါ်တွင် ဝေဆာသွားခဲ့သည်။

ကလေးငယ်မှာ တစ်ဖြည်းဖြည်း ကြီးပြင်းလာခဲ့ပြီး နောင်တွင် ရေကူး ချန်ပီယံဖြစ်လာခဲ့သည်။ ဆရာမ ပြောခဲ့သော စကားတစ်ခွန်းကို သူတစ်သက် မေ့နိုင်တော့မည် မဟုတ်ပေ။
" အိန်ဂျယ်ရဲ့ တောင်ပံတစ်စုံ" သည် သူ့အား အမှောင်တွင်းမှ ရုန်းထွက် စေခဲ့သည်။






--
I love ppl not for what they can do for me, but for what i can do for them.