ဂျဲကောင် တက်ထားလို့ေ၇းလိုက်တာပါ....
ဖောင်တိန် တစ်လက်
အရေးသွက်မှ
နစ်ပျက်သွားသည်က တစ်ကြိမ် .....
ဆေးတံတစ်အိုး
ဆေးချေးတိုးမှ
လူခိုးခံရသည်က တစ်ကြိမ် ...
ရည်းစားတစ်ယောက်
ဆယ်နှစ်မြောက်မှ
လင်နောက် လိုက်သွားသည်က တစ်ကြိမ်...
သုံးကြိမ် သုံးခါ
ရှိခဲ့တာမို့
ငါ့မှာ ကိုယ်ကြိုးနည်းလှပီ ......
ငယ်ငယ်က တာရာမင်းဝေ စာအုပ်ဖတ်ရင်း . .မှတ်မိနေတဲ့ ကဗျာလေးပါ ...
မှတ်မိလွယ်တယ် .. ပီးတော့ ကြိုက်လည်း ကြိုက်တာပေါ့လေ...
ဖောင်တိန်ဆို .. ကေလာကလည်း အရမ်းကြိုက်တာကိုး ....
ကဗျာလေးက ဖောင်တိန်ပါတယ်လေ.
ပီးတော့ ... ဆေးတံ .. .ဆေးတံ မသောက်ဖူးပေမယ့် ...
ဆေးလိပ်သောက်တဲ့ သူက အစွဲကြီးတယ်လေ.. တစ်ခုခုကိုပေါ့..
ဆေးတံသောက်တဲ့သူက ဆေးတံကို မြတ်နိုးသလို ...
ဆေးလိပ်သောက်တဲ့ သူကလည်း မီးခြစ်လေးတွေကို ကြိုက် တတ်ကြတယ်လေ..
အဲဒီတော့ ဆေးတံသမား ခံစားချက်ကို နားလည်ပေးနိုင်တယ်...
ဒါကြောင့်လည်း ဒီကဗျာလေးကို ကြိုက်မိတယ်...
နောက်တစ်ခုကတော့ .. . .ဟီဟိ..
ကာရန်လိုက်လို့ ကြိုက်တာပေါ့ ... ကဗျာဆရာက ... ဥပမာ လင်္ကာတွေနဲ့
ဆိုလိုရင်းကို ဆွဲခေါ်သွားတာကို ကြိုက်လို့ ပါ ...
နောက်တစ်ပုဒ်က ဒီလို.....
ကျောင်းသွားကျောင်းပြန်
အချိန်မှန်စွာ
ရင်ထဲ တောင့်တ
လမ်းထောင့်မှ.....
သူအနားရောက်လျှင်
စကားဝေသီ
ပြောရမည်ကို
ကြံစီကပင် ထားရသည်.....
သူလည်းရောက်လာ ..
အသာကပ်သွား
သူ့အနားရောက်
စကားလေးတွေ ပျောက်ကုန်ပီ ......
ဒါကတော့ စတိတ်ကျောင်းတုန်းက သစ်ရွက်ကြွေတာတောင် ရင်ခုန်တဲ့ အရွယ်.....
အဲလိုလေးတွေ တကယ်လက်တွေ့ ဖြစ်ခဲ့တာလေးတွေ ရှိနေတော့ကာ ......
မှတ်မိနေတာပေါ့နော်. . ကြိုက်မိတဲ့ ကဗျာလေး တစ်ပုဒ်ပါ ... ခေါင်းစဉ်တော့ မေ့နေပီ
မင်းကုသ က အဖေဗျ ဟု
နာ့ရုပ်ကြောင်ငြား ..
ငါ့ဇာတ်လမ်းထဲ မင်းဝင်လာကြည့်
မင်းဟာ လူကြမ်းပါ သူငယ်ချင်း ..
ဆိုတာလေ.. ကဗျာ နာမည်က လူကြမ်းတဲ့ .. ဒါလေးလည်း ကြိုက်တာပဲ ... ကေလာက ရုပ်ဆိုးတယ်လေ.
တော်တော် ဆိုးတာ ... ဗိုက်ပူ ဖင်ကောက်တဲ့ ... အသားကလည်း .. နည်းနည်း ညိုတယ်လေ..
နောက်တစ်ပုဒ်က ..
တိုက်ကြီးပေါ်မှ
ချောမမ သို့
အကြည့်ပို့မိ
လွတ်သတိကြောင့်
နာက ခွေးချေး နင်းမိ၏ ....
ဝရံတာမှာ ထွက်ရပ်နဲ့တဲ့ ကောင်မလေးကို ငမ်းရင်း ဖြစ်တာလေး ရေးထားတာ .. တိုတိုလေးနဲ့ ထိတယ်လေ.ကွက်တိပဲ... ဟီဟိ
နောက် .. . တာရာမင်းဝေ ရေးထားတဲ့ ထိပ်ထား ကိုတိုင်တည်ပီးရေးထားတာ ..
မှတ်မိတော့ဘူး . .နောက်နေ့မှာ ရှာပီး တင်လိုက်တော့မယ်နော်. ....
Wednesday, December 10, 2008
သုံးကြိမ်
Sunday, December 7, 2008
ည

ပြာလဲ့လဲ့ မီးရောင် နဲ့ စမယ် ...
ညဦး ပိုင်း အစ ....
အလယ်လောက်ကျတော့ အော်သေးတာ ...
မီးပိတ်ပီး .. ဂစ်တာ တီးမယ်....
စွယ်တော်

နှစ်လွှာ တစ်ရွက် .
ဆယ်သက် မခွဲ ..
စွယ်တော်ရွက်လည်း ဖြစ်ချင်တယ် . .တဲ့
ငယ်ငယ်တုန်းက ဖတ်ဖူးတဲ့ ကဗျာလေး လိုပဲ ..
ကောက်ကောက် နဲ့ ဂျလေဘီက တော့ မမြဲတမ်း တတွဲတွဲပဲ ...
ဂျလေဘီ

သူလေးက ဂျလေဘီ လေ. .... ဘောင်ဘောင်းနဲ့ ကိုယ်ကျပ်နဲ့ .. ကြောပိုးအိပ်နဲ့ ...
ချစ် မမ စတိုင် .. သူပဲ နာမည်ပေးထားတာ . .ကျန်ကျန်ဖန်ဖန် . . ဂျလေဘီ တဲ့ .....
ကောက်ကောက်

သူက ကောက်ကောက် .. . ကေလာ့ကိုယ်စား အရုပ်လေး ...
စိတ်ကောက်တုန်း လက်ဆောင်ပေးထားတာမို့ ကောက်ကောက်လေး လို့ နာမည်ပေးထားတာ...
Saturday, November 29, 2008
ကာတွန်း ....
အကြိုက်ဆုံး စီးရီးလေးပါ .. ငယ်ငယ်ကတည်းက ကြိုက်တယ်. .
အရွယ်သာ ရလာတယ်. လူက ခပ်ပေါပေါ ဆိုတာ .. အခုထိ အသစ်ထွက်တိုင်း ကြည့်မိတုန်းပဲ ..
သူတို့ရဲ့မျက်နှာထိ မျက်နှာထား အပြောင်းအဲတွေ ကို တော်တော် ကြိုက်တယ်.
ပီးတော့ .. တစ်ခုခုနဲ့များတီးလိုက်လို့ကတော့ မိန်စရာကြီး .. ခွက်နဲ့ တီးလိုက်ရင် ခွက်ပုံပေါက်သွားတာတို့..
တုံးပိရိ ပြားချပ်သွားတာတို့ .. အလွန်အကြူး သရုပ်ပြတာ တွေကို ကြိုက်တယ်..
နောက်ပိုင်း ကာတွန်းကားတွေ များကြီးထွက်တယ်. .. ဒီကြွက်နဲ့ ကြောင်လောက်ကို ကြည့်ရတာ အဆင်ပြေဘူး .. နီမိုလည်း ကြိုက်တာပဲ .. ဒါမယ့် . ကြည့်ရတာ သိပ်မပေါသလိုပဲလေ. . တားတားတို့က ပေါမှ ကြိုက်တာ..
ပီးတော့ ကြီးမှ ကြိုက်တာ နောက်တစ်ချက်ရှိသေးတယ်.... အဲဒါကတော့ .. တားတားရဲ့
ချစ်မမ၊ ထိပ်ထားလေး၊ မဖုရားလေး၊ အသဲလေး၊ ဘွန်တွန့်တွန့် စွန်တွန့်တွန့်လေး ကအပြင်က ပြန်လာတိုင်း .. . jerry လေးရေ . tom လေး ပြန်လာပါပီကွယ် လို့ ပြောပြောတတ်လို့လေ.. . ဟီဟိ (ကြော်ငြာ ၀င်တာ) တားတားတို့က ရန်ဖြစ်လိုက် ပြန်ချစ်လိုက် ခနခန ဖြစ်တတ်တာကိုးဗျ.. တကယ်ပြောတာ ဗိုက်ခေါက်မှာ သက်သေဒဏ်ရာတွေရှိတယ်. (လိမ်ဆွဲထားတာ). ဂလိုဂလို
ဘာလို့ စန္ဒယား တီးတာကို ရွေးတင်လည်းဆိုတော့ . . တားတားက ဂစ်တာ တီးတီးပြနေကြလေ. . ခု သူက လောလောဆယ် အနားမှာ မရှိဘူး .. တီးပြလို့ မရမဲ့တူတူ ... နှစ်ကိုယ်တူ ကြည့်ပီး ရယ်ခဲ့ကြတာလေးတွေကို လွမ်းရင်း .. အဲဒီတော့ ကြွက်နဲ့ကြောင် တီးတာလေးကိုပဲ ကြည့်ပီး . .လွမ်းနေရတာ.. ဖလပ်ဖလပ်ကို ဖြစ်အောင် လွမ်းတာ ...
နိဂုံးချုပ်တော့လေ. . . တားတားတို့ က တွန် အန် ဂျယ်ရီ ပေါ့နော်. ..




