နှောင်ကြိုးတေးသီ
ရစ်ပတ်ချည်ခဲ့
ကြည်လင်တိုးဖွဲ့ သံယောဇဉ်။ ။
nst
ခြောက်ကြိုးကဝေ
ပြုစားပေသည်
တေလေ၀ိဥာဉ် ရှိုက်သံကြောင့်။ ။
စိတ်တိုင်းကျမှ မှတ်တမ်းတင်ထားတာ
သူငယ်ချင်းမ တစ်ယောက် ကြိုက်တဲ့ အရုပ်
ကိုယ်နဲ့ ဆိုက်တူ တာလေး တွေ့လို့ မှတ်တမ်းတင်ထားတာ .. ဟီး ..
တစပြင်ဖြစ်
ဒဏ်ရာသင့်လည်း
စွန့်ပစ်ခံတွေ ပေါင်းဆုံမြေ။ ။
မိုးထက်မာန်ဝင့်
မျက်တော်သင့်သည်
မိုက်ဝဋ်ကြွေးတွေ ကြေပါစေ။ ။
ရာထောင်နှစ်ပေါင်း
ရွေ့တည်ပြောင်းလည်း
သမိုင်းကောင်းမှ ထွန်းပမည်။ ။
မိုးယံမြင့်တက်
ယုံကြည်ချက်သည်
လင်းလဲ့တည်မှ လှပမည်။ ။
ရွှေကျောင်းပြောင်အို
တိတ်ဆိတ်ဆိုသည်
လောကီဒဏ်ရာ ဝေဒနာ။ ။