၁)
ကိုယ့်အစွမ်းကို အယုံအကြည် မရှိသူဟာ ဘယ်တော့မှ စစ်သူကြီး မဖြစ်နိုင်ဘူး။
တစ်ခါက သားအဖနှစ်ဦးဟာ စစ်တိုက်ဖို့ ထွက်လာခဲ့တယ်။ ဖခင်က စစ်သူကြီးတစ်ဦးဖြစ်ပြီး သားကတပ်သားဖြစ်တယ်။ စစ်တိုက်ဖို့ ခရာသံပေးတဲ့အချိန်မှာ အဖေက သားကို မြှားတစ်စင်းပဲ ထည့်ထားတဲ့ မြှားအိတ်ကို ပေးပြီး "သား ဒီမြှားဟာ အဖေတို့ ဘိုးဘေးဘီဘင် အဆက်ဆက်က ကိုယ်နဲ့မခွာ လွယ်ပိုးလာခဲ့တဲ့ မြှားဖြစ်တယ်။ ဒီမြှားမှာ တန်ခိုးရှိတယ်။ ကိုယ့်ကိုယ်ဘေးမထိ ရန်မခအောင် ကာကွယ်ပေးနိုင်တယ်။ ဘယ်လို အကြောင်းမျိုးပဲဖြစ်ဖြစ် မြှားကို အိတ်ထဲကနေ လုံးဝမထုတ်ပါနဲ့" လို့ မှာလိုက်တယ်။
မြှားအိတ်က သားရေနဲ့လုပ်ထားတဲ့ လက်ရာသေသပ်တဲ့ အိတ်ဖြစ်တယ်။ မြှားထိပ်ကိုလည်း လှပတဲ့ ဒေါင်းမွေးနဲ့ လုပ်ထားတယ်။ သားက လှပတဲ့ မြှားအမြီးကို ကြည့်ပြီး မြှားတံ၊ မြှားထိပ်ရဲ့ သဏ္ဍာန်ကို မြင်ယောင်ကြည့်မိတယ်။ မြှားရဲ့အလျှင်နဲ့ ရန်သူကို တစ်ချက်တည်း ဖြိုခွင်နိုင်မယ်လို့လဲ ယုံကြည်မိတယ်။
သားဟာ မြှားအိတ်ကိုလွယ်ပြီး သူရဲကောင်းတို့ရဲ့ ရဲရင့်မှုအတိုင်း စစ်မြေပြင်ကို ထွက်ခဲ့တယ်။ ရန်သူနဲ့ အပြန်အလှန် တိုက်ခိုက်ကြရင်း စစ်သိမ်းဖို့ ခရာမှုတ်တော့ သားဟာ အနိုင်ရလိုစိတ်နဲ့ ဖခင်ရဲ့ တားမြစ်ချက်ကို ဂရုမစိုက်တော့ဘဲ ရန်သူကို တစ်ချက်တည်းနဲ့ ဖြိုခွင်းပစ်ဖို့ မြှားကို ဆွဲနှုတ်လိုက်တယ်။ မြှားကို နှုတ်လိုက်တာနဲ့ သူ ရုတ်တရက် အံ့သြမင်သက်သွားတယ်။
မြှားကျိုးတစ်ချောင်း! အိတ်ထဲ ထည့်ထားတာ မြှားကျိုးတစ်ချောင်း ဖြစ်နေပါလား...?
"ငါဟာ မြှားအကျိုးတစ်ချောင်းကို လွယ်ပြီး စစ်တိုက်နေပါလား" လို့တွေးပြီး သူချောက်ခြားသွားခဲ့တယ်။ ထုတ်တန်းကျိုးသွားတဲ့ အိမ်တစ်လုံးလို သူရဲ့ ထက်သန်တဲ့ စိတ်ဓာတ်က ၀ုန်းခနဲ့ လဲပြိုသွားခဲ့တယ်။ နောက်ဆုံးတော့ သားဟာ ရန်သူရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ရတယ်။ ဖခင်က မြှားကျိုးကို ကောက်ယူပြီး "ကိုယ့်အစွမ်းကို အယုံအကြည် မရှိသူဟာ ဘယ်တော့မှ စစ်သူကြီးဖြစ်မှာ မဟုတ်ဘူး" လို့ စိတ်ထိခိုက်စွာ ပြောလိုက်တယ်။
၂) ဘ၀တန်ဖိုး
မနေ့ကဖြစ်ခဲ့တဲ့ ကံမကောင်းခြင်းတွေနဲ့ မနက်ဖြန်ရဲ့ စိတ်ကူးအိပ်မက်ကို အရောင်မဆိုးလိုက်နဲ့။
ဟောပြောပွဲတစ်ခုမှာ နာမည်ကြီးဟောပြောဆရာတစ်ဦးက ဟောပြောပွဲ မစခင်မှာ လက်ထဲက ဒေါ်လာ၂၀ကို ကိုင်မြှောက်လိုက်တယ်။ ပြီးတော့ အယောက် ၂၀၀ကျော် ပရိသတ်တွေကို "ဒီဒေါ်လာ ၂၀ကို ဘယ်သူလိုချင်သလဲ" လို့ မေးလိုက်တော့ လူတိုင်းက သူယူမယ်၊ ကိုယ်ယူမယ်နဲ့ လက်တွေ ထောင်လိုက်ကြတယ်။
"ဒီ ပိုက်ဆံကို ပရိသတ်ထဲက တစ်ယောက်ယောက်ကို ပေးဖို့ ကျွန်တော်ဆုံးဖြတ်ထားပါတယ်။ ဒါပေမဲ့ မပေးခင် ကျွန်တော့်ကို တစ်ခုလုပ်ပိုင်ခွင့်ပေးပါ" ဆိုပြီး ပိုက်ဆံကို လုံးချေပစ်လိုက်တယ်။ နောက် "ကဲ.. ဘယ်သူလိုချင်သေးလဲ" လို့ မေးပြန်တယ်။ လူတွေက ယူဖို့ လက်ထောင်ကြတယ်။
"ကောင်းပြီ.. ပိုက်ဆံကို ဒီလိုလုပ်လိုက်ရင်ကော ယူချင်တဲ့လူတွေ ရှိကြသေးလား" လို့ ပြောပြောဆိုဆို ပိုက်ဆံကို ပစ်ချပြီး နင်းချေလိုက်ပြန်တယ်။ ညစ်ပတ်တွန့်ကြေနေတဲ့ ပိုက်ဆံကို ကိုင်မြှောက်ပြီး ယူမလားလို့ မေးတော့ လူတွေက ယူဖို့ လက်ထောင်ကြတုန်းပါပဲ။
ဆရာက " မိတ်ဆွေတို့... ကျွန်တော် ဒီလိုလေး လုပ်ပြလိုက်တာနဲ့ အကျိုးရှိတဲ့ သင်္ခန်းစာတစ်ခု ခင်ဗျားတို့ ရသွားပါပြီ။ ဒီပိုက်ဆံကို ကျွန်တော်ဘယ်လိုလုပ်လုပ် ခင်ဗျားတို့ လိုချင်နေခဲ့တယ် မဟုတ်လား..? ကြွေမွအောင် လုံးချေသည်ဖြစ်စေ၊ ညစ်ပတ်အောင် နင်းချေသည်ဖြစ်စေ ဒေါ်လာ ၂၀ ဟာ ဒေါ်လာ ၂၀ ပါပဲ။ သူ့တန်ဖိုးဟာ လုံးဝ ပြောင်းလဲမသွားဘူး"
"လူ့ဘ၀မှာလည်း ဒီလိုပဲ.. ကျွန်တော်တို့ဟာ ကိုယ့်ရည်မှန်းချက် မပြီးမြောက်ခဲ့ရင် ဒါမှမဟုတ် လောကဓံရဲ့ ထိုးနှက်ချက်ကြောင့် အလဲလဲ အပြိုပြိုဖြစ်ခဲ့ပါစေ။ ပတ်ဝန်းကျင် ဖိနှိပ်မှုကို ခံရတဲ့အခါ ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကို တစ်ပြားမှ မတန်ဘူး။ လုံးဝ မသုံးမကျဘူးလို့ ထင်တတ်ကြတယ်။ ဒါပေမယ့် ဘာဘဲဖြစ်ခဲ့ဖြစ်ခဲ့၊ ဘာဘဲဖြစ်လာဖြစ်လာ ဘုရားသခင်ရဲ့ အမြင်မှာ ကျွန်တော်တို့ဟာ ကိုယ့်တန်ဖိုးနဲ့ကိုယ် ရှိပြီးသားပါ။ လူတွေရဲ့ အမြင်မှာ ခင်ဗျားတို့ဟာ ညစ်ပတ်နေသည်ဖြစ်စေ၊ သန့်ရှင်းစင်ကြယ်နေသည်ဖြစ်စေ၊ အ၀တ်အစားတွေ ဆုတ်ပြတ်နေသည်ဖြစ်စေ ခင်ဗျားတို့ရဲ့ ဘ၀တန်ဖိုးဟာ ဘယ်တော့မှ ပြောင်းလဲ မသွားဘူး"

၃)
လူ့ဘ၀လမ်းတစ်လျှောက်မှာ လောကဓံရဲ့ အဖက်ဖက်က တိုက်ခိုက်မှုကို ခံရစမြဲပါ။ ဒါပေမယ့် အဲဒီလို အတိုက်ခိုက်တွေ ကိုယ့်ကို ဘယ်လိုသက်ရောက်စေသလဲ? ဆုံးဖြတ်ချက်က ကိုယ့်လက်ထဲမှာပဲ ရှိပါတယ်။
တစ်ခါက အဘိုးအိုတစ်ဦးဟာ မြေးကို စက္ကူနဲ့ နဂါးရုပ်တစ်ရုပ် ခေါက်ပေးလိုက်တယ်။ ပြီးတော့ နဂါးရဲ့ ဗိုက်ထဲ နှံကောင်တစ်ချို့ ဖမ်းထည့်ပေးလိုက်တယ်။ အထည့်ခံရတဲ့ နှံကောင်တွေဟာ အထဲမှာပဲ သေကုန်ကြတယ်။ အဘိုးက " နှံကောင်တွေရဲ့ သဘာဝဟာ ဂဏှာမငြိမ်ဘူး။ စိတ်တိုလွယ်တယ်။ ရုန်းကန်ဖို့လောက်ပဲ သိပြီး ပါးစပ်နဲ့ စက္ကူကို ကိုက်ဖြတ်ဖို့ မတွေးကြဘူး။ ပြီးတော့ တစ်ဖက်မှာလဲ ထွက်လမ်းရှိတယ်ဆိုတာ မသိကြဘူး။ သူတို့မှာ တံစဉ်လိုထက်မြက်တဲ့ သွားနဲ့ ခြေထောက်တွေရှိလည်း အသုံးမချတတ်ကြဘူး" လို့ ပြောလိုက်တယ်။
တစ်ဖန်အဘိုးက ပိုးဖလံတွေကို နဂါးဗိုက်ထဲ ဖမ်းထည့်လိုက်ပြီး နဂါးပါးစပ်ကို ပိတ်ထားလိုက်တယ်။ မိနစ်အနည်းငယ် အကြာမှာ ပိုးဖလံတွေဟာ နဂါးအမြီးကနေ တွားထွက်လာတာကို တွေ့လိုက်ရတယ်။
ကံကြမ္မာဟာ ကျွန်တော်တို့ရဲ့အတွေးစိတ်ကူးထဲမှာ အမြဲရှိနေတတ်တယ်။ လူတစ်ချို့က အဲဒီကံကြမ္မာရဲ့ လှည့်ကွက်ထဲကနေ ရုန်းမထွက်နိုင်ခဲ့ကြဘူး။ ဒါတွေဟာ မွေးကတည်းက မပြည့်စုံလို့၊ ကံအကြောင်းမလှခဲ့လို့၊ ..... မဟုတ်ဘူး။ နဂါးရဲ့ ဗိုက်ကို ကိုက်ခွဲပစ်ဖို့၊ အခြားတစ်ဖက်က ထွက်ပေါက်ကို ရှာဖို့ မကြိုးစားခဲ့လို့ ဖြစ်တယ်။
လူ့ဘ၀လမ်းတစ်လျှောက်မှာ လောကဓံရဲ့ အဖက်ဖက်က တိုက်ခိုက်မှုကို ခံရစမြဲပါ။ ဒါပေမယ့် အဲဒီလို အတိုက်ခိုက်တွေ ကိုယ့်ကို ဘယ်လိုသက်ရောက်စေသလဲ? ဆုံးဖြတ်ချက်က ကိုယ့်လက်ထဲမှာပဲ ရှိပါတယ်။
တစ်ခါက အဘိုးအိုတစ်ဦးဟာ မြေးကို စက္ကူနဲ့ နဂါးရုပ်တစ်ရုပ် ခေါက်ပေးလိုက်တယ်။ ပြီးတော့ နဂါးရဲ့ ဗိုက်ထဲ နှံကောင်တစ်ချို့ ဖမ်းထည့်ပေးလိုက်တယ်။ အထည့်ခံရတဲ့ နှံကောင်တွေဟာ အထဲမှာပဲ သေကုန်ကြတယ်။ အဘိုးက " နှံကောင်တွေရဲ့ သဘာဝဟာ ဂဏှာမငြိမ်ဘူး။ စိတ်တိုလွယ်တယ်။ ရုန်းကန်ဖို့လောက်ပဲ သိပြီး ပါးစပ်နဲ့ စက္ကူကို ကိုက်ဖြတ်ဖို့ မတွေးကြဘူး။ ပြီးတော့ တစ်ဖက်မှာလဲ ထွက်လမ်းရှိတယ်ဆိုတာ မသိကြဘူး။ သူတို့မှာ တံစဉ်လိုထက်မြက်တဲ့ သွားနဲ့ ခြေထောက်တွေရှိလည်း အသုံးမချတတ်ကြဘူး" လို့ ပြောလိုက်တယ်။
တစ်ဖန်အဘိုးက ပိုးဖလံတွေကို နဂါးဗိုက်ထဲ ဖမ်းထည့်လိုက်ပြီး နဂါးပါးစပ်ကို ပိတ်ထားလိုက်တယ်။ မိနစ်အနည်းငယ် အကြာမှာ ပိုးဖလံတွေဟာ နဂါးအမြီးကနေ တွားထွက်လာတာကို တွေ့လိုက်ရတယ်။
ကံကြမ္မာဟာ ကျွန်တော်တို့ရဲ့အတွေးစိတ်ကူးထ