Friday, January 2, 2009

NINE WORDS WOMEN USE

(1) Fine: This is the word women use to end an argument when they are right and you need to shut up.
(2) Five Minutes: If she is getting dressed, this means a half an hour. Five minutes is only five minutes if you have just been given five more minutes to watch the game before helping around the house.
(3) Nothing: This is the calm before the storm. This means something, and you should be on your toes. Arguments that begin with nothing usually end in fine.
(4) Go Ahead : This is a dare, not permission. Don't Do It!
(5) Loud Sigh: This is actually a word, but is a non-verbal statement often misunderstood by men. A loud sigh means she thinks you are an idiot and wonders why she is wasting her time standing here and arguing with you about nothing. (Refer back to # 3 for the meaning of nothing.)
(6) That's Okay: This is one of the most dangerous statements a women can make to a man. That's okay means she wants to think long and hard before deciding how and when you will pay for your mistake.
(7) Thanks: A woman is thanking you, do not question, or faint. Just say you're welcome. (I want to add in a clause here - This is true, unless she says 'Thanks a lot' - that is PURE sarcasm and she is not thanking you at all. DO NOT say 'you're welcome' . that will bring on a 'whatever').
(8) Whatever: Is a woman's way of saying F-- YOU!
(9) Don't worry about it, I got it : Another dangerous statement, meaning this is something that a woman has told a man to do several times, but is now doing it herself. This will later result in a man asking 'What's wrong?'


မေးလ် တစ်ခုမှ ဖော်ပြသည်။



ဒါက တားတားတို့တဲ့

Thursday, January 1, 2009

မီးအိမ်

Tuesday, December 30, 2008

စိတ်ကူးထဲက အိမ်ကလေး

ဆည်းဆာဆိုတာ အကျီးတန် လှချိန်တဲ့ . .ငါတို့ ရဲ့ ဆိုးရွားလှတဲ့ အတိတ်တွေ လှပတော့မယ့် အစဦးအချိန်ပေါ့. ကြယ်တို့လည်း ပြတင်းပေါက်နားချောင်းကြည့်နေကြပီ . ကိုရွှေလမင်းကလည်း .ပြုံးတုံ့တုံ့နဲ့ .. လပြည့်မို့လို့ အတင်းကာရော နေမင်းကြီးကို မောင်းထုတ်နေလားမှတ်ရတယ်. .
လမ်းကြားလေးထဲ ၀င်လိုက်တယ်ဆိုရင်ပဲ စစတွေ့တာ အုတ်ခုံလေးနှစ်ခုက တစ်ဘက်တစ်ချက်ဆီမှာ … ငယ်ငယ်တုန်းက ဒီအုတ်ခုံတွေပေါ် ဂစ်တာတီး အသံကုန်အော်ခဲ့တာ သတိရပဲ ပြုံးမိလိုက်တော့ .. အနားက မမ က ဘာကိုပြုံးတာလည်း မောင်တဲ့ .. မယုံသလိုလို တစ်ချက်မျက်လုံးဆွေကြည့်လိုက်တယ်… .ရင်ကို အေးကနဲ ဖြစ်သွားတာပဲ … မမ အဲလိုကြည့်ရင် အနော်က နေတတ်ဘူးလေ. ရင်ခုန်တယ်. . ဒါနဲ့ပဲ လမ်းပေါ်မှာ မို့လို့ .(ပီးမှ .. ဒန် ဒန့် ဒန်..) တွဲထားတဲ့ လက်ကလေးကိုပဲ အသားလေး ညစ်လိုက်မိတယ်… ဒီလမ်းလေးမှာ တို့တွေ အတူလျှောက်ချင်ကြလို့ .. လွင့်နေခဲ့ကြတာလည်း ၅ နှစ်ကျော်ခဲ့ပီလေ. .. ခုမှ တူတူ တွဲလျှောက်ရတယ်. . (နေနှင့်အုံးပေါ့ .. မနက်ကျ ..မှတ်လောက်သားလောက် ရှိအောင် ၅ ခေါက်လောက် လျှောက်ပစ်လိုက်ဦးမယ်)
ခြံပေါက်ဝ ရောက်ရင်ပဲ စီးကြိုနေတာက ခြံတံခါးအပေါ်က ပန်းနွယ်လေးတွေ … သူတို့ လည်း .. ညဦးနှင်းစက်တွေကို ကြိုဆိုဖို အစွမ်းကုန်ပြင်ဆင်ထားတယ် ထင်ပါရဲ့ .. လှလို့ ပလို့.
ခေါင်မိုးသွပ်တွေကို အနီညိုရောက်သုတ်ထားပီး .. အိမ်ကလည်း ပြာလဲ့လဲ့ အရောင်လေး နဲ့ . တစ်ထပ်ခွဲ တိုက်ပုပုလေးက. ရိုမန်တစ်နေလိုက်တာ.. အိမ်ဘေးက သရက်ပင်ကလည်း စိမ်းလို့ ဆိုလို့ …. ဘေးနားက ဒူးရင်း သြဇာ ပင်ကလည်း .. အသီးသုံးလုံး သီးနေလိုက်တာ .. တစ်လုံးဆို မှည့်နေလောက်ပီထင်တယ်.. အင်း .. အဲဒီအသီးကို အဖွားက သိပ်ကြိုက်တာ..
အိပ်ရှေ့ အပေါက်ဝနား တစ်ဘက်တစ်ချက်စီမှာလည်း ပိန်းပန်းပင်အိုးလေးနဲ့ ကစ်မီ ပန်းအိုးလေးတွေ က ပန်းတွေ ပွင့်နေလေရဲ့ .. အရာရာ လှပတော့ပါလားနော်….
သစ်သားတစ်ခါးလေးကို ဆွဲဖွင့်လိုက်တယ် ဆိုရင်ပဲ … တံခါးမှာ တပ်ထားတဲ့ ကြေးခေါင်းလောင်းလေး က အသံလွင်လွင်လေးနဲ့ နှုတ်ခွန်းဆက်လိုက်သေးတယ်…. သူ့သခင် တကယ်ကြီး အပီးပြန်လာပီ ဆိုပီးတော့လေ. …
ဘေးတစ်ဘက် တစ်ချက်မှာ အုတ်ခဲတွေကို ခပ်စောင်းစောင်းလေး စီပီးတော့ ကျောက်စရစ်တွေ ခင်းထားတဲ့ လမ်းကလေးပေါ် မမ နဲ့ အတူတူ လက်တွဲပီး ခြေလှမ်း စလှမ်းလိုက်တယ် ဆိုရင်ပဲ . . အိမ်တံခါးဝမှာ. .အမေရယ်လေ. . .ခေါင်းလောင်းသံလေး ကြားလို့ ထင်ပါရဲ့ .. သူ့သားကို မြင်တော့ အပြုံး လဲ့လဲ့လေးနဲ့ ဆီးကြိုနေလေရဲ့ .. အော် ချစ်တဲ့အမေလည်း ပျော်လို့ ပါလား … မကြာပါဘူး .. ကိုကြီးကော .. ညီလေး ကော ထွက်လာကြတယ်… … အနော်တို့ နှစ်ယောက်ကို ကြိုနေကြပီလေ. . အဖေဆောက်ခဲ့တဲ့ အိမ်လေးက အနော်တို့ကို နွေးထွေးစွာ ကြိုဆိုနေလေရဲ့ … အဖေ မရှိတော့တာကလွဲရင်လေ…
အိမ်ထဲ စ၀င်လိုက်တယ် ဆိုရင်ပဲ … ဖိနပ်ချွတ်လိုလုပ်ထားတဲ့ အဆင့်နည်းနည်း နိမ့်နေတဲ့ နေရာလေးကို ခြေစချမိတယ်.. ခြေရင်းဘက်မှာ ဖိနပ်စင်လေးနဲ့ အမေ တို့ ညီအကိုတို့ ဖိနပ်လေးတွေ စီစီ ရီရီ .. ဖိနပ်စင် ဘောင်လေးမှာ ဖိနပ်တိုက်တဲ့ ဘဒပ်လေး လေးရှိနေလေရဲ့ …
မမ ဖိနပ်နဲ့ အနော် ခြေညှပ်ဖိနပ်ကို .. အလယ်ထပ်မှာ တင်လိုက်ပီးတော့ .. အိမ်ထဲကို ၀င်လာခဲ့တယ်. . . ကြိမ်ကုလားထိုင်လေးတွေ မှာ ထိုင်ချလိုက်ရင်ပဲ .. အမေရဲ့ ၀မ်းသာလွန်း တဲ့ အသံနဲ့ … စကားပြောသံ ..တွေ .. မမ နဲ့ ညီအကိုတွေ နှုတ်ခွန်း ဆက်သံတွေ စနောက်နေသံတွေနဲ့ အိမ်လေးက အသက်စ ၀င်လာတယ်….
တော်တော်လေးကြာတော့ ချက်တာ ပြုတ်တာ ၀ါသနာ ကြီးလှတဲ့ ကိုကြီးနဲ့ မမ ကတော့ စလှုပ်ရှားနေကြပီ အသီးအရွက်တွေ အသားတွေနဲ့ သူတို့ အလုပ်ရှုပ်နေကြပီ … အနော်လည်း .. ဧည့်ခမ်းထဲက ကက်ဆက်ဆီ သွားပီး … romantic piano solo ဆိုတဲ့ အခွေလေးကို ဖွင့်လိုက်တယ်… ညိမ့်ညောင်းတဲ့ စန္ဒယားသံလေးက စပေါ်လာတယ်… ဧည့်ခန်း နံရံမှာလည်း .. အဖေနဲ့ အမေပုံ .. ညီ ဘွဲ့ယူတုန်းက မိသားစု ရိုက်ထားတဲ့ပုံ .. အနော့်ပုံရယ်.. ညီကလေးပုံရယ် တန်းဆီ ချိတ်ထားတာ တွေကို ပြန်ကြည့်နေမိတယ် …
နေလည်းဆုံးဆုံးမြုတ် ၀င်သွားပီ… အိမ်နောက်က စဖိုမှုးများလည်း ဟင်းတွေ ထမင်းတွေ ကျက်ကုန်ပီ … romantic piaon solo လည်း . . series တစ်ခု ပီးသွားပီ. … အမေလည်း တီဗွီဖွင့်ပီး ကိုရီးကား မော့နေပီ …
“မမ ရေချိုးလေ… “ …………
….
.
.
ညီကိုတွေလည်း ရေမိုးချိုးပီးပီ
၈နာရီလည်း ထိုးပီ . .
အမေ့ ကိုရီးယားကားလည်း နားပီး …
မမ လည်း ထမင်းပွဲပြင်ပီးပီ … ၀ါးတီး …
သီးစုံပဲကုလားဟင်း .. ကြက်သားကြော်.. ငပိရည် တို့စရာ …. အပြိုင်ကြဲကြတာ .. နောက်နေ့တော့ … မော်တော်ပီကယ် ခေါ်ထားမှပဲ … စားပွဲခုံပေါ် လက်တွေ ရှုပ်နေတယ်….
ခနလောက်နေတော့ .. ဂစ်တာ နဲ့ ခွေးခြေ အပုလေး ယူပီး အိမ်ရှေ့ကွက်လပ်ကို ထွက်လိုက်တယ် ဆိုရင်ပဲ … အကုန်လုံး အရှိုအရှို ရောက်လာကြာပီ…. လသာသာနဲ့ ကြိုးညှိ ကစားနေရင်း … ထူးအိမ်သင်ရဲ့ အမေ့အေးရိပ် ကို ဆိုတော့ . .အမေက ပြုံးပြုံးလေး နားထောင်နေလေရဲ့ ..
ကိုင်ဇာ ရဲ့ ဒီကောင် ချစ်တာ သိလား ဆိုတော့ . .မမ က ဟိုဘက် မသိမသာ လှည့်နေတယ်. .ကိုကြီး နဲ့ ညီက စနေလို့လေ…
စတော်ဘယ်ရီ ချစ်သည်းရှင် ကို မမ နဲ့ နှစ်ယောက်ဆိုပီးတော့ . .လက်ခုတ်လေးတွေတောင် ခပ်အုပ်အုပ် လေး တီးဖြစ်ကြသေးတယ်….
၁၀ နာရီလည်း ထိုးပီး .. အမေ့ ဘုရားရှိခိုးသံလည်း သဲ့သဲ့လေး ကြားနေရပီ .. လကလည်း တော်တော် မြင့်နေပီ .. အေးလည်း အေးလာပီ .. ဆောင်းအ၀င် စောလွန်းတယ်ကွယ်…
ဒီလိုနဲ့ ဂစ်တာသိမ်း … အိပ်ရာဝင်ဖို့ ခြေထောက်ဆေးရင်း …….. ခြစ်တစ်တစ် အနံစူးစူး တစ်ခုရလို့ လှည့်ကြည့်လိုက်တော့ ….
လားလား ……
ဟိုက် …
နာ့ ထမင်းအိုး တူးပဟ……….
ဂျဲကောင် .. နာ စိတ်ကူးယဉ်လိုက်တာ .. ထမင်းအိုး တူးသွားဘီ………………………….


Sunday, December 28, 2008