Friday, October 16, 2009

တဒင်္ဂတွေ့ဆုံမှု

နှောင်ကြိုးတေးသီ

ရစ်ပတ်ချည်ခဲ့

ကြည်လင်တိုးဖွဲ့ သံယောဇဉ်။ ။

nst



မှော်

ခြောက်ကြိုးကဝေ

ပြုစားပေသည်

တေလေ၀ိဥာဉ် ရှိုက်သံကြောင့်။ ။

nst



Monday, August 24, 2009

နန်းကြီးသုတ်


















စိတ်တိုင်းကျမှ မှတ်တမ်းတင်ထားတာ

အစားသုတ်သုတ်
လွမ်းသုတ်သုတ်မို့
နန်းကြီးသုတ်လည်း ပြေပါတယ်။

မန်းကီးမောက်စ်

























သူငယ်ချင်းမ တစ်ယောက် ကြိုက်တဲ့ အရုပ်

ချစ်သူ့ကိုယ်စား
အလွမ်းများနှင့်
စုချည်ထားသည် အို….မစ်ကီ။ ။

ညီမကေလာ
























ကိုယ်နဲ့ ဆိုက်တူ တာလေး တွေ့လို့ မှတ်တမ်းတင်ထားတာ .. ဟီး ..

ဆုဖြိုးပြည့်ဝ
ရွှမ်းညိုမြ၍
ညီမကေလာ ချစ်စရာ။ ။

Tuesday, July 28, 2009

အမှိုက်ပုံး

တစပြင်ဖြစ်

ဒဏ်ရာသင့်လည်း

စွန့်ပစ်ခံတွေ ပေါင်းဆုံမြေ။ ။

nst


ရွှေနဂါး

မိုးထက်မာန်ဝင့်

မျက်တော်သင့်သည်

မိုက်ဝဋ်ကြွေးတွေ ကြေပါစေ။ ။

nst



Wednesday, July 22, 2009

အပျက်စည်း ရဲ့ တန်ဖိုး

ရာထောင်နှစ်ပေါင်း

ရွေ့တည်ပြောင်းလည်း

သမိုင်းကောင်းမှ ထွန်းပမည်။

nst


လာအို ကွန်မြူနစ်

မိုးယံမြင့်တက်

ယုံကြည်ချက်သည်

လင်းလဲ့တည်မှ လှပည်။

nst


Wednesday, July 15, 2009

ကျောင်းကြီးအို

ရွှေကျောင်းပြောင်အို

တိတ်ဆိတ်ဆိုသည်

လောကီဒဏ်ရာ ဝေဒနာ။ ။

nst



Tuesday, July 14, 2009

လာအို အနုပညာ

နယ်စည်းမခြား

ခံစားချက်တွေ

ကမ္ဘာမြေထက် လှပနေ

nst


ဆည်းဆာချစ်သူ

နေ၀င်မိုးချုပ်

ဆုံးမမြုပ်ခင်

ချစ်ကြင်သူတွေ နီးပါစေ။

nst



Monday, July 13, 2009

မဲခေါင်ဆည်းဆာ

မဲခေါင်ဆည်းဆာ

ပင့်သက်ဖြာသည်

ဧရာဝတီကို လွမ်းသောကြောင့်။ ။

nst

















ပုလင်း

အများမျှော်လင့် တောင်းတနေသော ပုလင်း .. လာပါဘီခင်ဗျာ. .... ဟီဟိ























ကိုယ့် အနာလေးကိုယ် လျှာနဲ့ ပြန်လျှက် တာပါ ။
ကျန်းမာရေး ကို ဆိုးရွား စွာ ထိခိုက် စေမှန်း သိပါတယ် ။

Tuesday, June 23, 2009

အမြည်း

Tuesday, June 9, 2009

ချောကလက်များ

















ကေလာ့မှာ ချောကလက်တွေ များကြီး ရှိဒယ် ..
ဟိ

တူတူ ထိုင်ချင်တယ်

Monday, June 8, 2009

မခြောက်သော ပိတောက် ..၂၊ ၃

မြင်အောင်ကြည့်

အဟီး ...

အရှိတော့ဘူးရယ် .... မမ ဘော်ဒူဇာနဲ့ ထိုးတဲ့အထဲ ပါတွားဒယ် ....

Monday, June 1, 2009

မခြောက်သော ပိတောက်

အောင်ဒီကန် နိပ်စက်ပီး … တက်လိုက်တာလေး ရေးလိုက်ပါ့မယ်... တက်ဂ်ကလည်း ကြည့်ဦး … ဂေါ်ခဲ့သည်များတဲ့ …. မစွံတာတွေကို ရေးရမလား .. စွံတာတွေကို ရေးရမလားတောင် အတိဘူးရယ်...…
…ဟီဟိ ...ကဲ .. ချစ်မမ နဲ့ကွိုင်ရင်တော့ …. ခင်ဗျားလေးပဲနော်.. အောင်ဒီကန် … ငှဲငှဲငှဲ …. စမယ် … ဒဂလိုဗျ.... မက်ဆိတ်က

တစ်ယောက်ဆို တစ်ယောက်
ပိတောက်ဆို ပိတောက် .
ပိတောက်ခြောက်မှ နောက်တစ်ယောက် တဲ့ …

အင်း .. ကေလာ့အတွက်တော့ .. အမြဲတမ်းမခြောက်မယ့် ပိတောက် တစ်ခက် ရှိတယ် ..... ဒါပေမယ့် …

ပထမဆုံး ပိတောက်က .. ၈ တန်း ကစတယ်ဗျ ..... အချစ်ခင်ဆုံး သယ်ချင်းသုံးယောက်ရှိတယ်. . ရှစ်တန်းက စခဲ့တာပေါ့..... တစ်ယောက်က ရည်းစားထားတော့ .. လိုက်လိုက် သွားရင်း သူ့ရည်းစားနဲ့ ပါပါလာတဲ့ .. ကောင်မလေးကို ကြိုက်တယ်ပေါ့ဗျာ …. ပိတောက်ခြောက်မယ့် ဇာတ်က အဲဒီကတည်းကလေ.. ကောင်မလေးက နှစ်ယောက် ... ဟိုသမီးရည်းစားနှစ်ယောက် အီစကလီ ရိုက်နေကြတုန်း .. ဒီဘက်က နှစ်ယောက်နဲ့ ဟိုဘက်က တစ်ယောက်က တစ်အုပ်စုပေါ့. ….. ကြာတော့ ကြာပါဘီလေ … ကြာလာတော့လည်း သံယောဇဉ်တွေ ဖြစ် … ကြိုက်မိတာပေါ့ … အိုးချင်းထားတော့ အိုးချင်းထိ .. ကြိုးချင်းထားတော့ ကြိုးချင်းညှိ ဆိုသလို .. ကြိုက်လိုက်တာ .. နှစ်ယောက်တစ်ပြိုင်နက် ….. သယ်ချင်းမလေးကလည်း ဖေဗာတွေ ပေးရှာပါတယ် …. နှစ်ယောက်စလုံးကို. … အဲဒီအချိန်က .. ကဗျာရေးတာကြိုက်တာဗျ .. ရေးတယ်ဆိုတာလည်း .. သူများရေးထားတာကို …. ဗလာစာအုပ်ထဲ . ကူးရေးတာကို ပြောပါတယ်. … ဟိ … အထင်မကြီးပါနဲ့ … အဲဒီကောင်မလေးက တော့ … သယ်ချင်းလိုပဲ ချစ်နေတယ် ထင်ခဲ့တယ်ပေါ့လေ. .. သူသာ မသိတာ … ကျောင်းတစ်ကျောင်းလုံး က ရှစ်တန်း တစ်ခန်းလုံးရယ်. … ခြောက်တန်း တစ်ခန်းလုံးနီးပါး … (ကေလာ့ညီ အခန်းပေါ့ …ဒင်းလေးတို့နဲ့ ဘောလုံး ချိန်းချိန်း ကန်ကြတာလေ... အဲဒီမှာ ဘောလုံးကန်တာကလည်း … ကျောင်းက မြို့သစ်ကျောင်းဆိုတော့ စစဖွင့်ချင်းနှစ် … ၅၊ ၆၊ ၇၊ ၈ တန်း တစ်ခန်းဆီပဲ ရှိတာလေ. ၈ တန်းနဲ့ ၆ တန်းက တစ်ဖက် .. ၇ တန်းနဲ့ ၅ တန်းက တစ်ဖက် …. ဟီး ဒင်းတို့ ဘယ်တော့ ကန်ကန် မနိုင်ဘူး ...အရွယ်မှ မတူတာကိုး) ပြန်ဆက်အုံးမှ ..
အဲဒါနဲ့ ..ညီရယ်. ..ညီရဲ့သယ်ချင်းတွေရယ် ဘောလုံးကန်ဘက်တွေ့က အဲဒီကောင်မလေးကို ဘယ်နားတွေ့တွေ့ .. အမ .. အမ သိပီးပီလား . … အမကို ကေလာကြီးက ကြိုက်နေတာ .. ချစ်နေတာ .. အဖြေပြန်ပေးလိုက်ပါ .. ဘာဖြစ်တယ်. ညာဖြစ်တယ် ဆိုပီး .. သွားသွား ပြောကြတယ်လေ... နောက်သလို ပြောင်သလို .. တစ်ကယ်လိုလို …...
အဲလိုနဲ့ တိုတိုပြောရရင်ပေါ့ …. ၈ တန်းတာ ဖြေပီးသွားတယ် …. ဘာမှဖြစ်လိုက်ဘူး … အော်.. ၈ တန်းဖြေတုန်းက စာမေးပွဲခန်းမှာ .. ၈ တန်း နဲ့ ၆ တန်း တူတူ ဖြေရတာလေ. .အဲဒီမှာ အဲဒီကောင်မလေးရဲ့ မောင်နဲ့ တစ်ခုံတင် ဘေးချင်းကပ် ကြတယ်ဗျာ …. မျက်နှာပူပူ နဲ့ စာတွေ အသားကုန်ကြုံးရေးတာ .. ဂုဏ်ထူး ၃ ခု ပါတယ် … ဟီး .. ကြုံကြွား လေး ပါ …
၈ တန်းပီးသွားတော့ ဇာတ်လမ်းက ပီးပီပေါ့ .. ဟုတ်လား ပီးသေးဘူးဗျ... ကိုး တန်းရောက်ကော … အဲဒီတော့ ကိုးတန်းက အထက်တန်းကျောင်း …. မြို့သစ်ဆိုတော့ … ဗွက်လမ်းမှာ လမ်းလျှောက်တက်ရတာ … နာရီဝက်လောက် ကျောင်းရောက်အောင်လျှောက်ရတယ်..... အဲဒီမှာ ရှစ်တန်းက ဇာတ်လမ်း ပြန်စတာပဲ … ဂွင်ပဲဆိုပီး …. ရည်းစားစကားလိုက်ပြောတာ .. တစ်ယောက်တည်း မလိုက်ရဲလို့ .. အချစ်ဆုံး သယ်ချင်းလေးကို ခေါ်သွားပီး လိုက်တာ .. တစ်ပတ်လည်း မထူး တစ်လလည်း မထူး နဲ့ … နောက်တော့ သူက နောက်တစ်ယောက်နဲ့ တွဲတွဲသွားနေတာတွေကော .. မလိုက်ဖြစ်တော့ဘူး … သူ့သူငယ်ချင်းကို မေးကြည့်တော့ …. နင်တို့ကို သူက ပြန်ကြိုက်မလို့တဲ့ .. ဒါပေမယ့် .. နင်တို့ နှစ်ယောက်က သူ့ကို ဘယ်သူလိုက်နေမှန်း မသိလို့ တဲ့ . အဲဒါမို့ နောက်တစ်ယောက်ပါနဲ့ ပါသွားတာတဲ့ ….. အဲလို သယ်ချင်းအချင်းချင်း ချစ်တာပြောပါတယ် …... ဂွမ်တာပဲ …..
….. လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ပြန်တွေ့သေးတယ်... သူ့မှာကလေးတစ်ယောက်နဲ့ လေ.... ဟီး …. ကေလာမှာလည်း အကြွေးတွေနဲ့ …..
အဲဒီလိုနဲ့ .. ပထမဆုံး ပိတောက် ကခြောက်သွားခဲ့တယ် …......

နောက် ပိတောက်ခြောက် နှစ်ခက်ရယ်... ဘယ်တော့မှ မခြောက်မယ့် တစ်ခက်ရယ် .. ကျန်သေးတယ် … ငှဲငှဲငှဲ …. အခုတော့ အောင်ဒီကန် … ကျေနပ်တော့နော်....

Sunday, May 31, 2009

အသစ်...




































ကေလာ .. စက် အသစ်လေး ၀ယ်ပီး ဗိုက်မှောက်နေရပါတယ်. .
ဂွမ်တာပဲ ................................

Tuesday, May 26, 2009

ရှဥ့်ငပေါ

ဆလင်းဘက်


















တစ်ခါက ချစ်ချစ် အတွက် ဆလင်းဘက် ဆိုတဲ့ ကွမ်းသီးကို သွားသတိရမိသေးတော့တယ်..

လည်ဆွဲ




















လူတွေအလှဆင်ဖို့ အတွက်များ . ခရုလေးတွေ သေပေးနေရတာလား....

လှေ


















တစ်ခါ တစ်ခါ ကြတော့လည်း ဘယ်သူမှ မသိတဲ့နေရာကို ရွက်လွင့်သွားချင်ရဲ့

Friday, May 22, 2009

ခြင်း

သုံး


















သုံးက ဘယ်ဟာလည်း .. ရည်တွက်ကြည့်

Thursday, May 21, 2009

အုံးသီး

ငှက်

မော်ဒယ်...

Monday, May 18, 2009

ဘဝ























သူကတော့ စီးပွါးသိပ်မဖြစ်ဘူး ...

ဘီလူး

Sunday, May 17, 2009

သစ်သမင်

ရိုက်စား























တကယ့်ရိုက်စားပဲ .. သူ့တေးသွားကို နားထောင်ကြည့်တာ ..
အလွန်ဆုံးရှိ ၅ ဘားပဲ .. အဲဒီနားမှာ တစ်နာရီနီးပါးလောက်ရှိမယ်. .အဲဒီ သံစဉ်ကနေကို ရှေ့မတက်ဘူး...
သူ့ဘေးက အ၀ါရောင်ညစ်ညစ်က တော့ အကြွေထည့်တဲ့ အိပ်ပါ .... အဲဒီကြောပိုးရှုံ့အိပ်ထဲမှာ သုံးပုံတစ်ပုံလောက် အကြွေတွေရှိတယ် ... နေ့လည် ၁ နာရီလောက် အထိပေါ့

အေးဆေး

Wio_ght "U"













How can I spell S_CCESS without " U "
or C_TIE
or _NIQ_E.
I can't even have F_N or any good L_CK without " U ".
Look like I just can't S_RVIVE without " U "

Friday, May 15, 2009

အငုံ
























မောင်မိုးသား မှ ခေါင်းစဉ်တပ်ပေးသည်။

တစ်ချိန်သောအခါက

ရိုက်စား

-

လုပ်ဇာတ်

-

ထပ်တစ်ရာ























မောင်မိုးသား ခေါင်းစဉ်ရွေးပေးသည်။ ...

Thursday, May 7, 2009

တိတ်

သုံးဆူ

ကျပ်တီး

တစ်ခါက...