Monday, February 2, 2009

မင်းဘယ်သူလည်း

ဟိုး သုံးနှစ်လောက်ကတည်းက .. သူငယ်ချင်းတွေနဲ့ မေးလ် မှာ ဖလှယ်ခဲ့တဲ့ ဟာသလေးပါ .. သူကလည်း ဖတ်တိုင်းရီရတယ် .. အခုလည်း ဖိုင်တွေရှင်းရင်း .. ဒီဟာလေး ပြန်တွေ့လို့ ရိုက်ပီး တင်လိုက်တာပါ .... ဘယ်သူဟာရယ်တော့ အသိအကျမသိပါဘူး .. သူက စာရွက်နဲ့ ရိုက်ထားတာကို .. စကင် ဖတ်ထားတာလေးပါ ... ဖတ်ကြည့်ပီး . .ပီးတော့ .. စာဖတ်သူဟာ ဘယ်လိုလူလည်း ဆိုတာလည်း . .comment ပေးခဲ့နော် .... ဟီဟိ

အီးလင်္ကာ

ယဉ်ကျေးသူ။ ။ အီးမပေါက်ခင် (ခွင့်ပြုပါနော်) ဟုပြောပြီး .. အီးပေါက်ပီးသောအခါ (ဆောဒီး) ဟုပြောတတ်သူ
မရိုးသားသူ။ ။ ကိုယ်က အီးပေါက်သော်လည်း ၀န်မခံပဲ .. ကျုပ်ခွေးလက်ချက်ပေါ့ဟု လွှဲချတတ်သူ။
မိုက်မဲသူ။ ။ အီးပေါက်ချင်သော်လည်း မပေါက်ဘဲ အတင်းအောင့်ထားသူ။
ဗဟုသုတ ကြွယ်ဝသူ။ ။ဘယ်အချိန် ဘယ်နေရာ တွင် အီးပေါက်ရမယ်မှန်း သိသူ။
ဒုက္ခရောက်နေသူ။ ။အီးအလွန်ပေါက်ချင်သော်လည်း အီးပေါက်ရန် ဘယ်လိုမှ ကြိုးစား၍ မရသူ။
လျှို့ဝှက်တတ်သူ။ ။ လက်သည်မပေါ်အောင် သို့မဟုတ် သူ့လက်ချက်မှန်း ဘယ်သူမှ မသိအောင် အီးပေါက်တတ်သူ
ဝါကြွားသူ။ ။ အီးပေါက်နိုင်ခြင်းနှင့်ပတ်သက်၍ အလွန်ဂုဏ်ယူသူ။
နှိပ်စက်တတ်သူ။ ။ လူများသောနေရာတို့တွင် ရွေး၍ အီးပေါက်တတ်သူ။
သိပ္ပံပညာရှင်။ ။ အီးမှန်မှန်ပေါက်သော်လည်း လေထုညစ်ညမ်းမှာ ကို ကြောက်သူ။
ရှက်တတ်သူ။ ။ အီးပေါက်ပီး မျက်နှာတစ်ခုလုံး နီမြန်းလာသူ။
အကြံပိုင်သူ။ ။ အီးပေါက်သော်လည်း သူ့အီးပေါက်သံကို သူများမကြားအောင် အသံကြယ်ကြီးနဲ့ ရယ်မောတတ်သူ။
အလွန်တုံးပီး အသုံးမကျသူ။ ။ အီးပေါက်လိုက်တာ .. ငါ့ကိုယ်ထဲက လေတွေ လျှော့သွားပြီဟု ထင်၍ balance ဖြစ်အောင် အသက်ပြင်းပြင်း ရှူသွင်းမှဟုဆိုကာ လေကို တ၀ကြီးရှူသူ။
ကပ်စေးနဲသူ။ ။ အီးကို ကုန်အောင် မပေါက်ပဲ စုထားသူ။
အတ္တကြီးသူ။ ။ ငါ့အီး တယ်မွှေးပါလားဟု ယုံကြည်သူ။
အပေါင်းအသင်းမက်သူ။ ။ သူတစ်ပါးတို့ အီးပေါက်ခြင်းကို နှစ်သက်သူ။
သီးသန့် ဆန်သူ။ ။ စိတ်ကွယ်ရာသို့ သွားပြီး အီးပေါက်သူ။
ရေကိုချစ်သူ။ ။ ရေချိုးကြွေဇလုံကြီးထဲတွင် ရေချိုးသန့်စင်ရင်း အီးပေါက်သူ။
အားကစားသမား။ ။ ပင်ပင်ပန်းပန်း အင်အားမစိုက်ရဘဲ အီးပေါက်နိုင်သူ။
ရိုးသားသူ။ ။ အီးပေါက်ကြောင်း ၀န်ခံသူ။
အသိဥာဏ်ရှိသူ။ ။ အသံကြားရုံဖြင့် ဘယ်သူအီးပေါက်လည်း .. ဖော်ထုတ်နိုင်သူ။
ကံဆိုးသူ။ ။ အီးပေါက်ရန် ကြိုးစားရာမှ အီးထွက်သွားသူ။

မိတ်

ထားဝယ် မုန့်ဟင်းခါး

မြို့ပြ

ချစ်သူအတွက်

ဇောက်ထိုးများ

ကွိုင်