Saturday, November 29, 2008

ကာတွန်း ....



အကြိုက်ဆုံး စီးရီးလေးပါ .. ငယ်ငယ်ကတည်းက ကြိုက်တယ်. .
အရွယ်သာ ရလာတယ်. လူက ခပ်ပေါပေါ ဆိုတာ .. အခုထိ အသစ်ထွက်တိုင်း ကြည့်မိတုန်းပဲ ..
သူတို့ရဲ့မျက်နှာထိ မျက်နှာထား အပြောင်းအဲတွေ ကို တော်တော် ကြိုက်တယ်.
ပီးတော့ .. တစ်ခုခုနဲ့များတီးလိုက်လို့ကတော့ မိန်စရာကြီး .. ခွက်နဲ့ တီးလိုက်ရင် ခွက်ပုံပေါက်သွားတာတို့..
တုံးပိရိ ပြားချပ်သွားတာတို့ .. အလွန်အကြူး သရုပ်ပြတာ တွေကို ကြိုက်တယ်..
နောက်ပိုင်း ကာတွန်းကားတွေ များကြီးထွက်တယ်. .. ဒီကြွက်နဲ့ ကြောင်လောက်ကို ကြည့်ရတာ အဆင်ပြေဘူး .. နီမိုလည်း ကြိုက်တာပဲ .. ဒါမယ့် . ကြည့်ရတာ သိပ်မပေါသလိုပဲလေ. . တားတားတို့က ပေါမှ ကြိုက်တာ..

ပီးတော့ ကြီးမှ ကြိုက်တာ နောက်တစ်ချက်ရှိသေးတယ်.... အဲဒါကတော့ .. တားတားရဲ့
ချစ်မမ၊ ထိပ်ထားလေး၊ မဖုရားလေး၊ အသဲလေး၊ ဘွန်တွန့်တွန့် စွန်တွန့်တွန့်လေး ကအပြင်က ပြန်လာတိုင်း .. . jerry လေးရေ . tom လေး ပြန်လာပါပီကွယ် လို့ ပြောပြောတတ်လို့လေ.. . ဟီဟိ (ကြော်ငြာ ၀င်တာ) တားတားတို့က ရန်ဖြစ်လိုက် ပြန်ချစ်လိုက် ခနခန ဖြစ်တတ်တာကိုးဗျ.. တကယ်ပြောတာ ဗိုက်ခေါက်မှာ သက်သေဒဏ်ရာတွေရှိတယ်. (လိမ်ဆွဲထားတာ). ဂလိုဂလို

ဘာလို့ စန္ဒယား တီးတာကို ရွေးတင်လည်းဆိုတော့ . . တားတားက ဂစ်တာ တီးတီးပြနေကြလေ. . ခု သူက လောလောဆယ် အနားမှာ မရှိဘူး .. တီးပြလို့ မရမဲ့တူတူ ... နှစ်ကိုယ်တူ ကြည့်ပီး ရယ်ခဲ့ကြတာလေးတွေကို လွမ်းရင်း .. အဲဒီတော့ ကြွက်နဲ့ကြောင် တီးတာလေးကိုပဲ ကြည့်ပီး . .လွမ်းနေရတာ.. ဖလပ်ဖလပ်ကို ဖြစ်အောင် လွမ်းတာ ...

နိဂုံးချုပ်တော့လေ. . . တားတားတို့ က တွန် အန် ဂျယ်ရီ ပေါ့နော်. ..

1 ယောက် က ဒီလိုပြောတယ် ....:

ခေါင်ခေါင် said...

ကေလာ လဒ.. လေးတို့က တွန် အန် ဂျယ်ရီ လား.. ဘွန့်တွန့်တွန့် စွန့်တွန့်တွန့် လေးက ဘယ်မှာလဲ ဟေ။ ငါလဲ ကြည့်ပြီး ရယ်သွားတယ်.. ခိခိ