ဂျဲကောင် တက်ထားလို့ေ၇းလိုက်တာပါ....
ဖောင်တိန် တစ်လက်
အရေးသွက်မှ
နစ်ပျက်သွားသည်က တစ်ကြိမ် .....
ဆေးတံတစ်အိုး
ဆေးချေးတိုးမှ
လူခိုးခံရသည်က တစ်ကြိမ် ...
ရည်းစားတစ်ယောက်
ဆယ်နှစ်မြောက်မှ
လင်နောက် လိုက်သွားသည်က တစ်ကြိမ်...
သုံးကြိမ် သုံးခါ
ရှိခဲ့တာမို့
ငါ့မှာ ကိုယ်ကြိုးနည်းလှပီ ......
ငယ်ငယ်က တာရာမင်းဝေ စာအုပ်ဖတ်ရင်း . .မှတ်မိနေတဲ့ ကဗျာလေးပါ ...
မှတ်မိလွယ်တယ် .. ပီးတော့ ကြိုက်လည်း ကြိုက်တာပေါ့လေ...
ဖောင်တိန်ဆို .. ကေလာကလည်း အရမ်းကြိုက်တာကိုး ....
ကဗျာလေးက ဖောင်တိန်ပါတယ်လေ.
ပီးတော့ ... ဆေးတံ .. .ဆေးတံ မသောက်ဖူးပေမယ့် ...
ဆေးလိပ်သောက်တဲ့ သူက အစွဲကြီးတယ်လေ.. တစ်ခုခုကိုပေါ့..
ဆေးတံသောက်တဲ့သူက ဆေးတံကို မြတ်နိုးသလို ...
ဆေးလိပ်သောက်တဲ့ သူကလည်း မီးခြစ်လေးတွေကို ကြိုက် တတ်ကြတယ်လေ..
အဲဒီတော့ ဆေးတံသမား ခံစားချက်ကို နားလည်ပေးနိုင်တယ်...
ဒါကြောင့်လည်း ဒီကဗျာလေးကို ကြိုက်မိတယ်...
နောက်တစ်ခုကတော့ .. . .ဟီဟိ..
ကာရန်လိုက်လို့ ကြိုက်တာပေါ့ ... ကဗျာဆရာက ... ဥပမာ လင်္ကာတွေနဲ့
ဆိုလိုရင်းကို ဆွဲခေါ်သွားတာကို ကြိုက်လို့ ပါ ...
နောက်တစ်ပုဒ်က ဒီလို.....
ကျောင်းသွားကျောင်းပြန်
အချိန်မှန်စွာ
ရင်ထဲ တောင့်တ
လမ်းထောင့်မှ.....
သူအနားရောက်လျှင်
စကားဝေသီ
ပြောရမည်ကို
ကြံစီကပင် ထားရသည်.....
သူလည်းရောက်လာ ..
အသာကပ်သွား
သူ့အနားရောက်
စကားလေးတွေ ပျောက်ကုန်ပီ ......
ဒါကတော့ စတိတ်ကျောင်းတုန်းက သစ်ရွက်ကြွေတာတောင် ရင်ခုန်တဲ့ အရွယ်.....
အဲလိုလေးတွေ တကယ်လက်တွေ့ ဖြစ်ခဲ့တာလေးတွေ ရှိနေတော့ကာ ......
မှတ်မိနေတာပေါ့နော်. . ကြိုက်မိတဲ့ ကဗျာလေး တစ်ပုဒ်ပါ ... ခေါင်းစဉ်တော့ မေ့နေပီ
မင်းကုသ က အဖေဗျ ဟု
နာ့ရုပ်ကြောင်ငြား ..
ငါ့ဇာတ်လမ်းထဲ မင်းဝင်လာကြည့်
မင်းဟာ လူကြမ်းပါ သူငယ်ချင်း ..
ဆိုတာလေ.. ကဗျာ နာမည်က လူကြမ်းတဲ့ .. ဒါလေးလည်း ကြိုက်တာပဲ ... ကေလာက ရုပ်ဆိုးတယ်လေ.
တော်တော် ဆိုးတာ ... ဗိုက်ပူ ဖင်ကောက်တဲ့ ... အသားကလည်း .. နည်းနည်း ညိုတယ်လေ..
နောက်တစ်ပုဒ်က ..
တိုက်ကြီးပေါ်မှ
ချောမမ သို့
အကြည့်ပို့မိ
လွတ်သတိကြောင့်
နာက ခွေးချေး နင်းမိ၏ ....
ဝရံတာမှာ ထွက်ရပ်နဲ့တဲ့ ကောင်မလေးကို ငမ်းရင်း ဖြစ်တာလေး ရေးထားတာ .. တိုတိုလေးနဲ့ ထိတယ်လေ.ကွက်တိပဲ... ဟီဟိ
နောက် .. . တာရာမင်းဝေ ရေးထားတဲ့ ထိပ်ထား ကိုတိုင်တည်ပီးရေးထားတာ ..
မှတ်မိတော့ဘူး . .နောက်နေ့မှာ ရှာပီး တင်လိုက်တော့မယ်နော်. ....
Wednesday, December 10, 2008
သုံးကြိမ်
Subscribe to:
Post Comments (Atom)
2 ယောက် က ဒီလိုပြောတယ် ....:
ဟီးဟီး ကဗျာလေးတွေ ဖတ်ပြီး ငယ်ဘ၀ကို သတိရတယ် မိုးနဲ့မြေကြီးလက်ခုပ်တီးမှ မင်းကိုငါမေ့မယ်တို့ သမင်နဲ့ကျားရည်းစားထားမှတို့ ဘာတို့တွေလေ အော်တိုလေးတွေမှာ ရေးပေးကြတာ မြင်ယောင်မိတယ်..
လဒလေး ကလေးကလား နဲ့ . ဘာကဗျာတွေ လဲသိဝူး.. မင်းကုသ အဘခေါ်ရတာတော့ ယုံဒယ်...
ငမ်းကြောထတာကတော့ မပြောနဲ့တော့.. နင်းမိရုံတင်မကဘူး.. မှောက်ရင်ပါလဲမှာ....
Post a Comment