ရက်မြတ်အခါ….ဒီအချိန်…ဒီအတာ……
သင်္ကြန်လွမ်းနာကျခြင်းနှင့် အရက်နာကျခြင်းတို့ကို အချိုးကျပေါင်းစပ်လိုက်သောအခါ ကှ်ျမဟာခရီစဉ်ကြီး ဖြစ်ပေါ်လာလေဧ။် ။
“၀ါး....ညက များသွားတယ်။ ဘီယာလေးနဲ့ပြန်ဖြေမှ လန်းသွားမယ်ထင်တယ်”
ဝဘ်မာစတာ ကိုငချိတ်က သူဧ။် ဖရိုဖရဲ ဆံပင်များကို သပ်တင်လိုက်ရင်း နံနက်ခင်းဧ။် ကျက်သရေကို ဘီယာဖြင့် ကိုက်မြည်းရန် လှုံ့ဆော်သမှုပြုလေသည်။
နောက်ဝဘ်မာစတာတစ်ဦးဖြစ်သော ကိုဗိုက်ကြီးကလည်း ထိုအဆိုကို မဆိုင်းမတွထောက်ခံတော်မူဧ။်။
“အင်း...ဟုတ်တယ်။အဲဒါမှ အဆင်ပြေသွားမယ်”
ဝဘ်မာစတာကြီးနှစ်ဦးတို့ဧ။် တင်သွင်းချက် ၊ ထောက်ခံချက်တို့ကို ကြားထားရပြီဖြစ်သော ဒီဇိုင်းနာ ကိုရှို့ကား အောက်ထပ်ဆင်း ဘီယာဝယ်ရန် ဖိနပ်ကောက်စွပ်ပြီး ဖြစ်နေလေပြီ။
ကုတင်ပေါ်တွင် အရက်နာကျ၍ ဖွတ်မိန်း မိန်းနေသော သတင်းထောက်ကလေး မောင်ငပွေးကား အနှီသကောင့်သားများဧ။် လုပ်ရပ်များကို မျက်လုံးလေးကလည်ကလည်ဖြင့်သာ ကြည့်နေရလေသည်။ မောင်ငပွေးကား အရက်နာ အတော်ကျနေသဖြင့် ၄င်းတို့အား ထောက်ခံသမှုလည်းမပြုနိုင် ၊ ကန့်ကွက်သမှုလည်း မပြုနိုင်ဖြစ်နေဧ။်။
ဒီဇိုင်နာ ကိုရှို့ ဘီယာဝယ်ထွက်သွားသည်နှင့် ကိုငချိတ်က အောက်ထပ်မှ အပျိုကြီး ဒေါ်သပွတ်ထံ ဖုန်းဆက်တော့သည်။{ ထိုဒေါ်သပွတ်မှာ သူ့ကိုယ်သူ အပျိုကြီးဟု ပြောပြောနေသဖြင့် အပျိုကြီးဟူသော နာမ၀ိသေသနကို ထည့်သွင်းပေး လိုက်ရပါကြောင်း ၊ အကယ်ဟုတ်မဟုတ်ကိုမူ ကှ်ျစာရေးသူမှ တာဝန်ခံမည် မဟုတ်ပါကြောင်း...စာဖတ်ပရိသတ်အပေါင်းကို သိစေအပ်ပါသည်။ ကှ်ျကား...စကားချပ်}
“ဟဲလို...အစ်မ...နိုးပြီလား .......အာ...ရေတွေဘာတွေ ချိုးမနေနဲ့....မြန်မြန်လာအစ်မ.....ဒီမှာ အရေးကြီးလို့.....ဟုတ်ပြီ...ဟုတ်ပြီ...အခုတက်ခဲ့နော်”
သိပ်မကြာ အောက်ထပ်(၂)လွှာမှ အပျိုကြီး ဒေါ်သပွတ် တက်လာဧ။်။ အနှီသို့ ကွန်ဒိုရှိ မြန်မာအပါင်းအား စုရုံးစေပြီးသကာလ ကိုငချိတ်က အရက်နာဖြေပွဲကြီးကို ဦးဆောင်ကျင်းပလေသည်။
“နို့ဆီခွက်နဲ့ ရေထည့်လောင်း......သောက်ကောင်မလေးတွေ.....ကိုယ်လေတယောက်ပြီးတယောက်...လူပါးဝတယ်.....နမ်း မယ်.....ဒေါ်လာတရာတဲ့......ဖုန်းနံပါတ်နဲ့....အက်ဒရက်စ်တောင်း.....ဘာလို့ပေးရမှာလဲ....အဲဒီလောက်ကြီးတော့......လွန်လွန်းတယ်”
အထက်ပါစာသားများကား သင်္ကြန်သီချင်းသစ်ဟု မှတ်ယူလိုက်လျှင် မှားကြပေလိမ့်မည်။ ၀ဘ်မာစတာ ကိုဗိုက်ကြီးဧ။် လက်တော့ပ်ထဲမှ ဂရေဟမ့်သင်္ကြန်သီချင်းနှင့် ကိုဗိုက်ကြီး ဖုန်းပြောသံတို့ ဒွေးရောယှက်တင် ဖြစ်သွားကြခြင်းသာဖြစ်လေဧ။်
သူ့ဗိုက်ကြီး ကြီးသကဲ့သို့ ဘာလုပ်လုပ်ကြီးကြီးကျယ်ကျယ်လုပ်တတ်သော ကိုဗိုက်ကြီး တယောက် ပတ္တရားကမ်းခြေတွင် သင်္ကြန်ကျရန် တိုးစ်ကုမ္ပဏီနှင့် စီစဉ်ထားရာ ကုမ္ပဏီက ယင်းခရီးစဉ်အတွက် တဦးလျှင် ဒေါ်လာတရာတောင်းနေသဖြင့် အကြီးအကျယ်ပေါက်ကွဲနေခြင်းဖြစ်သည်။
ဘီယာလေးစမြုံစဉ်က နတ်ပြည်သို့မျက်နှာမူနေရာမှ သုံးလုံးခန့်မြုံအပြီးတွင် အ၀ီစိသို့ ပြီတီတီကြည့်နေပြီဖြစ်သော ကိုငချိတ်ကလည်း ‘၀ုတ်ဒယ်....ဘယ်....အဲဒါလွန်လွန်းဒယ်။ အစ်မ...အစ်မစီစဉ်ဗျာ....ကျတော်တို့ဟာကျနော်တို့ ချီတက်မယ်....”ဟု အပျိုကြီးဒေါ်သပွတ်ကို အပူကပ်လေတော့သည်။
စောစောက ပိုက်ဆံမရှိသဖြင့် မလိုက်ဟု အရေးဆိုထားသော ဒီဇိုင်နာကိုရှို့သည်လည်း “ ၀ုတ်ဒယ်....၀ုတ်ဒယ်...... သွားမယ်”နှင့် အရမ်းကြွတက်နေလေပြီ။
ထိုအခါ ယိုးဒယားစကားကို ယိုးဒယားမနှင့် ယှဉ်ပြိုင်ရန်ဖြစ်နိုင်သည်အထိ တတ်ကျွမ်းသော ဒေါ်သပွတ်လည်း ကားရရန် ဖုန်းဆက်စီစဉ်ရလေတော့သည်။
ထို့နောက်တွင်ကား လက်လှမ်းမီသမျှသော မြန်မာအပေါင်းအား ပတ္တရားသင်္ကြန်ကျရန် ကိုဗိုက်ကြီးက ဖုန်းတလုံးဖြင့် လိုက်လံနှိုးဆော်လိုက်ရာ မြန်မာရှစ်ဦးပေါင်းစည်းမိလေတော့သည်။
“ရွှဲစိုအောင်...ပက်လိုက်တော့ ချမ်းပါတယ်ခင်ဗျ......သင်္ကြန်ရေက အေးပါတယ်ဆို.....သင်္ကြန်ရေက ချမ်းပါတယ်ကွယ်”
“မြနန္ဒာ .....နေညိုညိုရစ်ကာသန်းတော့ ရွှေမန်းတောင်ရိပ်....တူတူခိုမယ်.....ပျိုဖြူတွေရယ်...မြလေးရဲ့ နန္ဒာ....နန္ဒာ..”
ကိုဗိုက်ကြီးဧ။် လှုံ့ဆော်မှုကြောင့် မထင်မှတ်ပဲပါလာသော ၀ဘ်မာစတာ ကိုပုကွယူလာသော သင်္ကြန်သီချင်းသံသည် ယိုးဒယားပိုင် မှန်လုံကားထဲတွင် ကောင်းကောင်းကြီး ပတ်စာခွန့်လေသည်။
သီချင်းသံစဉ်များနှင့်အတူ ကိုရှို့ဧ။် ကကွက်များကလည်း တကားလုံး ၀ဲပျံနေဧ။်။ သူ့လက်နှင့်ထိမည်စိုး၍ အားလုံးက ကြည့်ရှောင်နေကြရသည်။
နံနက်ခင်းဧ။် ကျက်သရေကို ဘီယာဖြင့်အပြည့်အ၀ ကိုက်မြည်းခဲ့သော ကိုငချိတ်ကမူ ကိုရှို့ဧ။် ကကွက်ဒဏ်ကို မခံစားရ။ သူကား သူ့ကောင်မလေးမပိန်သေးဧ။် ပေါင်တုတ်တုတ်ကြီးများပေါ်တွင် မှီတွဲ့အိပ်ပျော်နေပြီဖြစ်သောကြောင့်တည်း။
ဒီဇိုင်နာကိုရှို့ဧ။် ကကွက်များကို ကြောက်သဖြင့် ဒင်းတယောက် ညောင်းညာကိုက်ခဲပြီး မြန်မြန်အိပ်ပြီးရော သဘောဖြင့် လက်ခုပ်လက်ဝါးတီးကာ အားပေးနေကြတော်မူနေကြရသော ကိုပုကွလင်မယားနှင့် သတင်းထောက်လေးမောင်ငပွေးတို့ မှာ လက်များပင် ညောင်းလာကြပြီဖြစ်လေသည်။
ကိုဗိုက်ကြီးတယောက်ကတော့ ကားတွင်းအခြေအနေများကို သူဧ။် ကင်မရာကြီးဖြင့် မလွတ်တမ်းမှတ်တမ်းတင်နေသည်။ “တုန်...တုန်...တုန်ဘူးဆို...တုန်ဘူးဆိုပက်....တုန်....တုန်.....တုန်”
ကိုရှို့ဧ။် ကကွက်များကား ပိုကြမ်းလာသည်။တတုန် တုန်နှင့် ကားကက်ဆက်မှ ပျံ့လွင့်လာသော ရွှေမြန်မာတို့ဧ။် ယိုးဒယားတေးသွားကို ကော်ပီကူးချထားသည့် သင်္ကြန်သီချင်းသံကို ကြားလေသော် ယိုးဒယားကားဆရာက ပြုံးနေသည်။
တတုန်တုန်တေးသွားကြီးဖြင့် နတ်ကကပြီးသွားသောအခါတွင်မူ မင်းသားကြီး ကိုရှို့ အိပ်မောကျသွားသည်။ သတင်းထောက်လေးမောင်ငပွေးလည်း အခုမှပဲ နားအေးသွားသည်ဟု မှတ်ယူကာ အိပ်မည်ပြင်ဧ။်။သို့သော် သူ့ခင်မျာ ထိန်းသိမ်းခြင်းမပြုအပ်သော အမှုကိစ္စကြီးနှင့် ကြုံရပြန်သည်။
“အစ်မ.......ရူးပေါက်ချင်လို့....ကားသမားကို ပြောပေးပါဦး”
မောင်ငပွေး မျက်နှာငယ်လေးဖြင့် ဒေါ်သပွတ်ကို တောင်းဆိုဧ။်။ ဒေါ်သပွတ်လည်း ဒင်းတော့ငါမကယ်သေဖွယ်ရာပဲ ရှိတော့တယ်ဟူသော မျက်နှာပေးနှင့် တချက်လှည့်ကြည့်ကာ ကားသမားကို လှမ်းပြောဧ။်။ ယပက်လက်ကားဆရာကား ပြောထားသည့်ကြားကပင် အပေါ့ဝင်သွားလို့ရသည့် ဓါတ်ဆီဆိုင်ကိုကျော်သွားသည်။ မောင်ငပွေး ဆီးအောင့်ရသည့်အထဲ ဒေါသပါထွက်လာရာ အီးအီးပါထွက်မလာရစေရန် မနည်းကျိတ်မှိတ်နေရဧ။်။
သို့ကလို.....သို့ကလို....ကပေါက်တိကပေါက်ချာဖြစ်ရပ်များဖြစ်ပွားပြီးသကာလ ပတ္တရားဟူသော ဆိပ်ကမ်းမြို့ ကြီးသို့ ဆိုက်ရောက်လေဧ။်။
“ဟေ့...ဒီမယ်...ဟိုတယ်ခန်းခက တည(၇၀၀)တဲ့။ တည်းကြမလား” ဟု ဒီမိုကရေစီနိုင်ငံတော်ကြီးတွင် ကိုးနှစ်ကျော် နေထိုင်လာခဲ့ပြီးဖြစ်သော ဒေါ်သပွတ်က အများဆန္ဒကို အလေးထားသည့်သဘောဖြင့် မေးမြန်းလေရာ
“အစ်မကြီးနဲနဲဆစ်ကြည့်လိုက်ဦးလေ။ ကျနော်တို့က ရှစ်ယောက်ဆိုတော့ လေးခန်းယူမှရမှာ ဆစ်ကြည့်ပါဦး” ဟု ကိုဗိုက်ကြီးက တိုက်တွန်းလေဧ။်။ သူကိုယ်တိုင်လည်း ဟိုတယ်မှယိုးဒယားမကို ဘိုလိုဝင်မှုတ်ဧ။်။ သတင်းထောက်လေး မောင်ငပွေးကလည်း အားကျမခံ ဘိုလိုဝင်မှုတ်ဧ။်။ကိုပုကွကလည်း ဒီလိုအခွင့်အရေးမျိုး လက်လွတ်မခံဆိုသော သဘောဖြင့် ၀င်မှုတ်ဧ။်။ တလွှဲတွေးတော်မမူကြလေနှင့်။ အခန်းခဈေးဆစ်ကြတာပါခင်ဗျား။
ယိုးဒယားစကားကို ပတ်ပတ်နှပ်နှပ်တတ်သော ဒေါ်သပွတ်ပင် ယိုးဒယားစကားမပြောနိုင်တော့ဘဲ ကိုဗိုက်ကြီးတို့သုံးဦးသားကိုသာ မျက်လုံးလေးအ၀ိုင်းသားဖြင့် ကြည့်နေရတော့ဧ။်။
အနှီကဲ့သို့ ကိုရွှေမြန်မာသုံးဦးသားဧ။် ၀ိုင်းမှုတ်ခြင်းခံလိုက်ရသော ယိုးဒယားမလေးကား အလျော့မပေး။
“ယူချင်ယူ ၊ မယူချင်နေ တခန်းခုနှစ်ရာ ဟိုဘက်မှာလည်း ဟိုတယ်တွေရှိပါသေးတယ်။သွားကြည့်ပါ” ဟု ဘိုလိုပြန်မှုတ်ကာ အပြတ်တင်းလေသော်အခါ ဘိုင်ကျနှစ်ကောင်ဖြစ်သော မောင်ငပွေးနှင့်ကိုရှို့တို့ကို စရိတ်စိုက်ရှင်းပေးခေါ်လာရသည့် ကိုဗိုက်ကြီးလည်း မငြင်းနိုင်တော့ဘဲ ၄င်းဘိုလိုအားရအောင်မှုတ်ပြီးကာမှ ဆက်မမှုတ်တော့ဘဲ “ယူလိုက်ပါတော့ အစ်မရယ်”ဟု လေသံပျော့လေးဖြင့် ဒေါ်သပွတ်အား အခန်းငှားရေး တာဝန်ကြီးကို ပြန်လည်လွှဲပြောင်းပေးခြင်းဖြင့် အခန်းရရေးစီမံကိန်းကြီးကို လက်စသတ်လိုက်လေတော့သည်။
“မီးတွေအကုန်ဖွင့်....အဲကွန်းဖွင့်...ရေခဲသေတ္တာဖွင့်....တီဗီဖွင့်....ခုနှစ်ရာပေးထားရတာ တန်အောင်အကုန်ဖွင့်”
ကိုဗိုက်ကြီးကား သူ့ကြီးဒေါ်ကြီးကို ခိုးပြေးသူအားပြန်မိစဉ် အားရအောင်နှိပ်စက်အံ့ဟု ဆုံးဖြတ်ထားသော မျက်နှာပေးဖြင့် မောင်ငပွေးကို တိုက်တွန်းလေရာ မောင်ငပွေးလည်း ငါတို့အကြောင်း ကောင်းကောင်းကြီးသိရအံ့ဟု ကြိတ်ကြုံးဝါးကာ အခန်းအတွင်း ရှိသမျှသော အီလက်ထရွှန်းနစ်ပစ္စည်းများကို လိုက်ဖွင့်လေသည်။
ထိုကဲ့သို့ အခန်းအတွင်းရှိ လျှပ်စစ်ခလုတ်အပေါင်းတို့အား မြန်မာ့အနှိပ်ပညာအကြောင်း သိစေအပ်ပြီးသကာလ ပင်လယ်ပြင်ဆီ ချီတက်ကြဧ။်။
ပင်လယ်ကို တခါမျှမမြင်ဘူးသေးသော အညာသားသတင်းထောက်လေး မောင်ငပွေးကား ပင်လယ်ကိုတွေ့ရတော့မည်ဆိုသောအခါ သူ့ရည်းစားဦးကို စာပေးစဉ်ကကဲ့သို့ ရင်ခုန်သံမြန်လာသည်။
ဖန်လ်ဝါနေမင်းဧ။် ပြင်းပြသောရောင်ခြည်အောက်တွင် ပြိုးပြိုးပြက်ပြက်အရောင်ထနေလျက် ခရီးသွားဟူသည့် ဧည့်သည်တို့ထံမှ ပိုက်ဆံမှန်သမျှကို ထုတ်ယူကာ ယိုးဒယားသားတို့အား အလုပ်အကျွေးပြုနေသည့် ပတ္တရားဟူသော ပင်လယ်ကိုမြင်သောအခါ မောင်ငပွေးပျော်သွားဧ။်။
သို့သော်သူ့အပျော်ကားကြာကြာမခံ။ပင်လယ်မမြင်ဘူးပါသော အညာသားပါဟု တလမ်းလုံးကြေငြာထားခဲ့ပါလျက် တကယ်ပင်လယ်မြင်ရသောအခါ ပင်လယ်ကိုအကြိမ်ကြိမ်ရောက်ဖူးပါသည်ဆိုသော ကိုပုကွတို့လင်မယားနှင့်ကိုရှို့တို့က ပင်လယ်တွင်းဦးစွာဆင်းပြေးကြလေသဖြင့် မောင်ငပွေးတယောက် အ၀တ်ထုတ်စောင့်ကျန်ခဲ့ရသည်။
ကိုဗိုက်ကြီးကား သူ့ကင်မရာကြီးကိုပိုက်၍ တိုးရစ်ကြီးဂိုက်ဖမ်းကာ ကမ်းခြေတလျှောက်ရှိ လူဖြူ ၊ လူမည်း ၊ လူဝါ ရှိရှိသမျှအရာတို့အား သိမ်းကျုံးရိုက်နေဧ။်။
ကမ်းနားအအေးဆိုင်ပိုင်ရှင်ဧ။် ခွေးမလည်း အငြိမ်မနေရ။သူ့ကင်မရာကြီးဖြင့် ထိုးချိန်လေသော် ငါ့ဘာသာစိတ်ညစ်လို့ ခေါင်းကုပ်နေတာကို ဒီဘဲကြီးနဲ့ အားအားယားယားတော်ဟူသော သဘောဖြင့် ခွေးမက ကိုဗိုက်ကြီးကို မကြည်ကြည့် ကြည့်သည်။
“အံမယ်...ဒီခွေးမက ပို့စ်ပေးတတ်သဟ” ဟု ကိုဗိုက်ကြီးက သူ့မော်ဒယ်မလေးဧ။်အစွမ်းကို မောင်ငပွေးထံ လှမ်းကြွားလိုက်သေးသည်။
အ၀တ်ထုပ်ကြီး ခုံပုံတင် စောင့်ရှောက်နေရသော မောင်ငပွေးလည်း စိတ်ညစ်ညစ်နှင့် အင်းဟုဆိုကာ ထောက်ခံလိုက်သည်။
ပင်လယ်အတွင်း၌ ကိုရှို့ နှင့် ကိုပုကွတို့လင်မယားကား အားရအောင်ရေကစားတော်မူနေကြဆဲဖြစ်ဧ။်။ အပျိုကြီးဒေါ်သပွတ်ကား ပင်လယ်ထဲမဆင်းသေးဘဲ ခရုကောက်ပြီး ပြန်တက်လာသည်။ လူအစ ခွေးအလယ် ဖိနပ်စုတ်အဆုံး တပြုံလုံးကို မှတ်တမ်းတင်ပြီးသော ကိုဗိုက်ကြီးလည်း ပြန်ရောက်လာပြီး မောင်ငပွေးအနားလာထိုင်ကြလေသည်။
“ခင်များက သွားမချိုးသေးဘူးလား....သွားချိုးလေ...ကျနော်တို့စောင့်ထားလိုက်မယ်....ကျနော်တို့ကတော့ နေအေးမှဆင်းမယ်”
“အိုကေ...ဆင်းပြီဗျို့.”
မောင်ငပွေးလည်း အခွင့်ရသည်နှင့် ပင်လယ်တွင်းဆင်းပြေးလေတော့သည်။
အနီအုပ်စုတို့ဧ။် ကောင်းမှုကြောင့် ပတ္တရား အသားနီလန်ထိပ်သီးအစည်းအဝေးပွဲကြီးပျက်သွားရချိန်တွင် မိမိကား အေးအေးလူလူ ရေစိမ်ခွင့်ရနေသည်မှာ နိုင်ငံခေါင်းဆောင်ကြီးများထက်ပင် ကံကောင်းလှလေစွဟုတွေးကာ မောင်ငပွေးအေးအေးလူလူကြီးပင် ရေစိမ်နေတော့သည်။
“ဘယ်ကောင်လဲကွ......ငါ့ဘောင်းဘီချွတ်တာ.....ဟိုဟာမြည်းချင်လို့.....ဒီလိုကြံတာလား..ဟေ”
ကိုပုကွဧ။် ကုန်းအော်သံကြောင့် ရေစိမ်နေသော မောင်ငပွေး ဇိမ်ပျက်သွားပြီး လှမ်းကြည့်လိုက်သောအခါ ရေငုပ်နေသော ကိုရှို့ ဘွားကနဲပေါ်လာပြီး “အောက်ခံဘောင်းဘီလည်း ပါဘူး.....ဒီလူကြီး”ဟု အော်လေရာ မိန်းမရှေ့တွင် ကိုယ့်ဘောင်းဘီ သူများဆွဲချွတ်တာခံလိုက်ရသော ကိုပုကွလည်း ကိုရှို့နောက်သို့ ဒေါသတကြီးဖြင့် လိုက်လေဧ။်။
ကိုပုကွမိန်းမ မကုလားမသည် “ယောက်ျားရေ...မိအောင်လိုက်...မိအောင်လိုက်”ဟု အော်ဟစ်အားပေးသော်လည်း ၀၀ဖိုင့်ဖိုင့်ပုကွကွ ကိုပုကွကား ပိန်ပိန်ပါးပါးကိုရှို့အား မိအောင်မလိုက်နိုင်ရှာ။
ယင်းကဲ့သို့ သောင်းကျန်းချင်တိုင်း သောင်းကျန်းကြပြီးသကာလ ကမ်းပေါ်တက်ကာ ဘီယာဖြင့် နှပ်ကြပြန်လေသည်။ ထိုအခိုက် ကိုငချိတ်ကောင်မလေး မပိန်သေးရောက်လာပြီး “သမီးတို့ကိုတောင် မစောင့်ဘူး....ကိုငချိတ်က ခေါင်းတွေမူးနေလို့ ပြုစုပေးနေရတယ်”ဟု ပြောနေစဉ် တလမ်းလုံး ခေါင်းငိုက်စိုက်ကျလာသော ကိုငချိတ်ကား လွှားလွှားဖြင့် နောက်က ရောက်လာဧ။်။
မိပိန်သေးက မည်ကဲ့သို့ပြုစုလိုက်သည်မသိ။ ကိုငချိတ် ထူထူထောင်ထောင်ဖြစ်လာရုံမျှမက ဘီယာပါ ၀င်တွယ် လေတော့သည်။
ပတ္တရားနေလုံးနီနီကို ဘီယာဖြင့် မျှိုချလိုက်ကြပြီးနောက် ည(၇)နာရီခန့်တွင် ကမ်းမှခွာခဲ့ကြတော့သည်။
အခန်းသို့ရောက်သော် ကိုဗိုက်ကြီးဧ။် ခုနှစ်ရာပေးထားရတာ တန်အောင်နေရမယ်ဟူသော ဒိုင်ယာလော့ခ်ကို အပိုင်ကျက်ထားသော အညာသားမောင်ငပွေးသည် ရေပူရေအေးမှန်သမျှကို ကြွေဇလုံကြီးထဲဖွင့်ထည့်ကာ ရေချိုပြန်စိမ်နေဧ။်။
“ဒုန်း....ဒုန်း...ဒုန်း....ဘီယာ.....ဘီယာ...ဘီယာပေး”
အပီအပြင် စည်းစိမ်ယူနေသော မောင်ငပွေးတယောက် ရေချိုးခန်းတံခါးကို ထုရိုက်နေသံကြောင့် လန့်ဖျန့်သွားသည်။
“ဟိတ်...ဒူလဲကွ...ဘီယာရှိဘူး....ဒါရေချိုးနေတာ။ ဘယ်ကဘီယာလည်း သိဝူး”ဟု ပြန်အော်သည်။
အပြင်မှသကောင့်သားကား ကြားဟန်မရှိ တဒုန်းဒုန်းထပ်ထုကာ ဘီယာကိုသာ တွင်တွင်တောင်းနေလေရာ မကြာမီ ဟိုတယ်ပိုင်ရှင်ရောက်လာပြီး အော်ငေါက်ပါက ဘယ်ကိုထွက်ပြေးရပါ့ဟု တွေးမိကာ မောင်ငပွေးတယောက် ကြွေဇလုံကြီးထဲမှထကာ မိမွေးတိုင်းဖမွေးတိုင်း ခန္ဓာကိုယ်လေးအား တဘက်ပတ်ထားရကောင်းမလား ၊ ဘောင်းဘီကောက်စွပ်ရကောင်းမလားနှင့် ဝေခွဲမရဖြစ်နေရသည်။
အပြင်မှ သတ္တ၀ါကားထုမြဲထုလျက် ဘီယာတောင်းမြဲတောင်းလျက်ရှိသေးသည်။မည်သူ့အသံဖြစ်သည်ကို မောင်ငပွေးမမှန်းဆနိုင်ဖြစ်နေသဖြင့် တံခါးနားအသာတိုးကပ်သွားကာ တံခါးအောက်ခြေရှိ စောင်းတန်းများကြားမှ ခြေထောက်ကိုလှမ်းကြည့်လိုက်လေရာ လား...လားမောင်ငပွေးထက် အဆတရာပွေးသော ကိုငချိတ်ဧ။် ဖိနပ်ကိုမြင်ရလေမှ ကိုငချိတ်မှန်းသိရလေတော့သည်။
“ဘီယာ ရေခဲသေတ္တာထဲမှာ ရှိမှာပေါ့ဗျ။ ဘယ်လိုလုပ်....ရေချိုးခန်းထဲရှိမှာတုန်း”ဟု ပြန်ကျုံးအော်လေမှ တံခါးထုသံရပ်သွားတော့ဧ။်။
ထိုအခါကျမှ မောင်ငပွေးလည်း ကြွေကန်ထဲပြန်ဆင်းကာ စည်းစိမ်ပြန်ယူရတော့သည်။
“ကဲ....ကဲ...အားလုံးရေမိုးချိုးပြီးရင်သွားမယ်ဟေ့....လမ်းလျှောက်ရင်း ထမင်းသွားစားကြမယ်”
အပျိုကြီးဒေါ်သပွတ် ပေါင်ဒါဘဲကြားရိုက်မျက်နှာဖြင့် လာရောက် ဆော်သြလေရာ တပ်ပေါင်းစုလည်း တပ်ထွက်ရန် ပြင်ကြရတော့သည်။
တနေကုန်တနေခမ်း လာလာသမျှကုန်သော လူတို့ကို အသုံးတော်ခံခဲ့သော ပင်လယ်ကြီးကား မောပမ်းသွားဟန်တူဧ။်။ ကမ်းခြေတလျှောက် ပင်လယ်ပြင်ဘက်တွင် ဆိတ်ငြိမ်နေလေပြီ။ မဆိတ်ငြိမ်သေးသည်ကား ကမ်းနားလမ်းခြားထားသော မြို့တဘက်ခြမ်းဖြစ်ဧ။်။
ပင်လယ်မှတက်လာသော လူတို့ကို မြို့တဘက်ခြမ်းက စတင်သိမ်းပိုက်နေလေသည်။ပင်လယ်ရင်ခွင်မှ ခွာခဲ့ကြသော ဘိုထီး ၊ ဘိုမ ၊ တရုတ်ထီး ၊ တရုတ်မ ၊ ကုလားထီး၊ ကုလားမ အပေါင်းတို့သည် မြို့ပြရင်ခွင်ထဲ တိုးဝင်နေလေပြီ။
ကိုဗိုက်ကြီးတို့ ရွှေတသိုက်ကား မြို့ပြရင်ခွင်ထဲ ချက်ချင်းတိုးမ၀င်သေးဘဲ ကမ်းနားဘက်အခြမ်းမှ လမ်းလျှောက်လာကြရင်း အဘယ်ဆိုင်သည် ဈေးချိုချိုနှင့်စားလို့ရမည့်ဆိုင်ဖြစ်မလဲဟု တဆိုင်မျှော် တဆိုင်ကြည့်လုပ်နေကြလေဧ။်။
၎င်းတို့လျှောက်လာရာလမ်းတလျှောက် ယိုးဒယားမလေးတွေ အစီအရီတွေ့ရသည်။တချို့က ထိုင်လျက် ၊ တချို့က မတ်တပ်ရပ် ၊ တချို့က ဆင်မယဉ်သာလျှောက်လျက် ရှိနေလေသည်ကို သတင်းထောက်လေးမောင်ငပွေး မြင်ရဧ။်။
မောင်ငပွေးတို့လူသိုက်ကိုလည်း ယပက်လက်မလေးများက ကြည့်နေကြသည်။ထိုလူသိုက်ထဲတွင် သူတယောက်သာ ရူပါလာသည်ဟု သူ့ဘာသာတွက်ဆထားသော မောင်ငပွေးက သူ့ကိုကြည့်သည်ဟုထင်ပြီး ဘ၀င်လေဟပ်ကာ ရင်ဘတ်ကြီး မြှောက်ကြွကြွဖြစ်လာလေသည်။
ပထမတယောက်သည်လည်း မောင်ငပွေးကို ကြည့်ဧ။်။ ဒုတိယတွေ့ရသော ယပက်လက်မနှစ်ယောက်သည်လည်း မောင်ငပွေးတို့ကို ရှိုးဧ။်။ တတိယတယောက်သည်လည်း မောင်ငပွေးတို့ကို ချက်ဧ။်။ စတုတ္ထတအုပ်သည်လည်း မောင်ငပွေးတို့ကို ကြည့်လျက် ပွစိပွစိအချင်းချင်းပြောနေကြလေရာ မောင်ငပွေးတယောက် သူ့ဧ။်စန်းကား ကှ်ျမျှမကောင်းနိုင်ဟု သံသယ၀င်လာဧ။်။
သို့နှင့်သေချာ ဂရုစိုက်ကြည့်လေမှ ထိုယပက်လက်မမများကား ပူစီတွေ (ရွှေမြန်မာတို့ကတော့ ကြက်မလို့ခေါ်ကြသတဲ့ဗျာ) ဖြစ်နေသည်ကို သတိထားမိလေတော့သည်။ ထိုအခါကျမှ မောင်ငပွေးဧ။် မောက်ကြွနေသော ရင်ဘတ်ကြီးသည်လည်း လေမှုတ်ရုပ်ကို အပ်ဖြင့်ထိုးလိုက်သကဲသို့ တခါတည်းလျော့ကျသွားလေတော့သည်။
“လာ…လာ…..ဒီဘက်သွားမယ်”
အမူးပြေနေပြီဖြစ်သော ကိုငချိတ်က အဖွဲ့ကို ပြန်လည်ဦးဆောင်ဧ။်။သူ့ခေါ်ဆောင်ရာ လမ်းသွယ်ထဲအားလုံး ၀င်သွားကြသည်။ သတင်းထောက်မောင်ငပွေးကတော့ ဘားဆိုင်မှဖွင့်ထားသော တီဗီသတင်းကို ရပ်ကြည့်နေဧ။်။တီဗီက အနီအုပ်စုကို တပ်က လိုက်ဖြိုခွဲနေပုံကို ပြနေသည်။ မောင်ငပွေးကား ထိုမြင်ကွင်းကိုကြည့်၍ ၀မ်းသာနေသည်။ ထိုအနီအုပ်စုကြောင့် သူ့ခမျာဟိုမသွားရဲ ဒီမသွားရဲ ဖြစ်နေရသော ဘ၀မှလွတ်ပြီ ၊ ကျွတ်ပြီဟုလည်း အောက်မေ့ဧ။်။
“ဟေ့လူ…ခင်များကြီးတော်ရွာက… ဗွီဒီယိုရုံထင်နေလား…. ဆိုင်ကယ်တိုက်သွားမယ်….မြန်မြန်လာ”
ကိုဗိုက်ကြီးက အနားနားကပ်ကာ ကြိမ်းလေမှ မောင်ငပွေး တီဗီမှမျက်နှာခွာကာ လမ်းဆက်လျှောက်သည်။သို့တိုင်အောင် ပေစောင်းပေစောင်းဖြင့် တီဗီကိုလှမ်းကြည့်နေသေးဧ။်။
“ဟိုမှာ အိန္ဒိယဆိုင်….အဲဒီမှာပဲ….စားကြတာပေါ့….လူလည်းရှင်းတယ်”ဟု ကိုငချိတ်က နောက်လူများကို လှမ်းပြောသည်။
သူ့ကောင်မလေး မပိန်သေးကား သူပြောသမျှ ခေါင်းညိတ်သူဖြစ်ဧ။်။ သူတို့နောက်မှ ကပ်လိုက်လာသော ကိုပုကွနှင့် မကုလားမလင်မယားသည်သာ ယောင်္ကျားကလည်း မိန်းမကလည်းနှင့် တွတ်ထိုးရင်း နောက်ကလိုက်သင့် မလိုက်သင့်ချိန်နေကြသည်။ ကိုဗိုက်ကြီးကတော့ ဘာမျှဝင်မပြော။သူ့ကင်မရာကြီးကို ပိုက်ကာ လမ်းဘေးဝဲယာတလျှောက်ရှိ ဘားဆိုင်များမှ ပေါင်တံတုတ်တုတ် ယပလက်မများကို တချက်တချက်ခိုးကြည့်ရင်း လိုက်ပါလာသည်။ ဘတ်တပြားမှမပါဘဲ ပတ္တရားရောက်လာသော ကိုရှို့နှင့် မောင်ငပွေးတို့ကတော့ ကျွေးတာစားမည်ဟု သဘောပိုက်ထားပြီးဖြစ်သဖြင့် ဘာမျှစောဒကမတက်။အပျိုကြီး ဒေါ်သပွတ်သည်လည်း အဘယ်သူအားလွမ်းလေ သည်မသိ။ငြိမ်ချက်သားကောင်းနေဧ။်။
စားသောက်ပြီး၍ ငွေရှင်းလေသော် ထိုင်းငွေရှစ်ရာကျသဖြင့် ပူရီလွေးသော ကိုပုကွတို့လင်မယား မျက်လုံးပြူးသွားသည်။ ပြူးမည်ဆိုလည်းပြူးလောက်ဧ။်။ အိန္ဒိယဆိုင်ဧ။် ရိုက်ချက်ကလည်း ပြင်းသည်။ အစားအသောက်များ ဈေးကြီးရုံသာမက ၀န်ဆောင်ခ (၁၇)ရာခိုင်နှုန်းပါထည့်တွက်ထားဧ။်။
ဦးဆောင်သူ ကိုငချိတ်လည်း ထိုအခါမှ ဘေလ်စာရွက်ကိုကြည့်ကာ ဒေါသထွက်သွားပြီး “ကဲ….တန်သွားအောင်…. သေးပေါက်ချင်တဲ့သူပေါက်….ဘွတ်ဘွတ်ပါချင်တဲ့သူပါ”ဟု ထပ်မံဆော်သြကာ သူကိုယ်တိုင် အိမ်သာထဲ ပြေးဝင်လေသည်။
ကျန်လူတို့သည်လည်း ဆိုင်ရှင်အား မကျေနပ်သမျှ ဆိုင်အိမ်သာကြီးအား ဖိထောင်းလေအံ့ဆိုသော သဘောဖြင့် ရှုးပန်းသူပန်း အိမ်သာတက်သူတက်ဖြင့် ကျေနပ်အောင်ပြုမူကြပြီးကာမှ ဆိုင်တွင်းမှ ခွာခဲ့ကြလေသည်။
အခန်းပြန်ရောက်လေသော်……..
“တန်သွားအောင် တီဗီကို အသံတင်ပစ်လိုက်”
လူပျိုသိုးနှစ်ကောင်တို့ဧ။် ခေါင်းဆောင်ကြီး လူပျိုသိုးကြီး ကိုဗိုက်ကြီးက တနေကုန်ဖွင့်ပစ်ထားခဲ့သော တီဗီကို အသံချဲ့ရန် မောင်ငပွေးကို လှမ်းပြောသည်။မောင်ငပွေးက ထိုအကြံကိုတော့လက်မခံပေ။ ချက်ချင်းပယ်ချဧ။်။
“အာ…ခင်များကလည်း….ကိုယ်ပဲ…အိပ်မရဘဲနေမှာပေါ့…ဒါတော့…စိတ်လျော့လိုက်တော့”ဟု နှစ်သိမ့်ကာ အပြန်လမ်းတလျောက် တွေ့ခဲ့ရသော ယပက်လက်မများနှင့် အိပ်မက်ထဲတွင်ဆယ့်နှစ်ပါးသွားရန် စက်တော်ခေါ်တော့သည်။
ညနေစာစားအပြီး အဝေးတနေရာက မမဖုန်းလှမ်းဆက်စဉ် မကဲပါ။ မကွဲပါ။ သူငယ်ချင်းများနဲ့ အပျင်းပြေ ခရီးထွက်ခြင်းပါဟု လျောက်လဲချက်မျိုးစုံပေးထားသော ကိုဗိုက်ကြီးတယောက် ကိုရှို့နှင့်မောင်ငပွေးတို့ နှစ်ကောင်သား အိပ်ပျော်နေခိုက် အခန်းတွင်းမှ ချွတ်နင်းထွက်သွားသည်။
“အိုး….လူချောလေး…လာလေ….တို့နဲ့တွဲကလိုက်ရအောင်”
“ယူ..တို့နဲ့အပြိုင်ထိုးမယ်ဆိုရင်….တို့အကျောပေးမယ်လေ..လာ…ယူ့အစွမ်းကြည့်ရအောင်”
ယပက်လက်မများက တယောက်တည်း လမ်းသလားနေသော ကိုဗိုက်ကြီးကို လာပါ ၊ ယူပါတစာစာဖြင့် ကလပ်တက်ရန်ခေါ်သူခေါ် ဘိလိယက်ထိုးရန် ဆွယ်သူဆွယ်ကြလေသည်။
ကိုဗိုက်ကြီးလည်း တယ်ဟုတ်တဲ့ငါ……အလှလေးတွေ…ရွေးလိုက်ဦးမယ်ဟု တွေးရင်း ရှေ့ဆက်လျှောက်ဧ။်။ တနေရာရောက်သော် မိန်းမလှလေးတယောက်က ကိုဗိုက်ကြီးကို လက်ယပ်ခေါ်နေရာ ကိုဗိုက်ကြီးလည်း နောက်က လိုက်သွားသည်။
ထို့နောက်တွင်ကား ကိုဗိုက်ကြီးနှင့် မချောလေးတို့ ဘိလက်ယက်အပြိုင်ထိုးကျလေတော့သည်။ ကိုဗိုက်ကြီးကား ကောင်မလေးက (၂၀)ပွိုင့်အကျောပေးထားသည်ကိုပင် နိုင်အောင်မထိုးနိုင်။ မချောကား ကျူတံကို နောက်ပြန်ကိုင်ထိုးဧ။်။ ပါးစပ်ဖြင့်ကိုက်ထိုးဧ။်။ ဟိုဟာနှင့်ပင်ညှပ်ထိုးပြလိုက်သေးဧ။်။ အဲ….တလွဲတွေးတော်မမူကြပါနှင့်။ တံတောင်ဆစ်ပါ ခင်များ…. တံတောင်ဆစ်….တံတောင်ဆစ်။
အနှီကဲ့သို့ကောင်မလေးဧ။် လက်စွမ်းပြထိုးလုံးများကို ကြည့်ပြီးသကာလ ကိုဗိုက်ကြီးကလည်း သူ့ထိုးလုံး အစွမ်းပြရန် ခုံပြောင်းလေဧ။်။{မည့်သည့်ခုံသို့ ပြောင်းသွားသည် ဆိုသည်ကိုမူ စာရေးသူလည်း မမြင်လိုက်ရသဖြင့် ဆက်လက် မရေးသားနိုင်သည်ကို ခွင့်လွတ်ကြပါကုန်}
ကိုဗိုက်ကြီးတယောက်သူဧ။် ထိုးလုံးများကို ကောင်မလေးအား တပြန်တလဲ အံအားသင့်စေပြီးနောက် ဘေလ်ရှင်းမည်ဆို သောအခါမှ ဟိုတယ်ခန်းတွင် သူ့ပိုက်ဆံအိပ်မေ့ကျန်ခဲ့သည်ကို သတိရတော့ဧ။်။
ယပက်လက်မကို မည်သို့ပင်ရှင်းပြစေကာမူ မရတော့ပေ။ ယပက်လက်မသည် ဆိုင်ရှင်ကို သွားခေါ်လေပြီ။ ကိုဗိုက်ကြီးတယောက် ဇောချွေးများပြန်လာဧ။်။ မကြာပါ ဆိုင်ရှင်သည် ယပက်လက်လူမိုက်များခြံရံလျက် ကိုဗိုက်ကြီးကို စေ့စေ့ကြည့်နေလေသည်။ ကိုဗိုက်ကြီး ဗလုံးဗထွေးဖြင့် ဖြစ်ကြောင်းရယ်မှကုန်စင်ကို ရှင်းပြသော်လည်းမရပေ။ ယပက်လက်လူမိုက်တယောက်က ကိုဗိုက်ကြီးအနား တိုးလာကာ လက်ကိုမြှောက်လိုက်သည်။
“ဖြန်း….ဖြန်း….ဖြန်း…ဖြန်း”
“အွန့်”
“ဟေ့လူ…တံခါးလာပုတ်နေတယ်ဗျ…ဒူလဲမသိဘူး”
မောင်ငပွေးက ကိုဗိုက်ကြီးဧ။် ဗိုက်ကြီးကို တံတောင်ဖြင့်တွတ်ရင်း ပြောလိုက်ရာ ကိုဗိုက်ကြီး အွန့်ကနဲဖြစ်သွားသည်။ ထိုအခါကျမှ စောစောကအဖြစ်သည် အိပ်မက်ပါလားဟု သတိရကာ ကိုဗိုက်ကြီး မျက်လုံးကို ရဲရဲဖွင့်တော့ဧ။်။
“ခင်များတို့က အိပ်ကြတုန်းကိုး…..ကျနော်တို့…လင်မယားတော့….လမ်းလျှောက်ပြန်လာကြပေါ့။ အဲ…..ပင်လယ်ထဲမှာဗျာ။ တိုးရစ်တွေ လေယာဉ်ပေါ်ကနေ လေထီးခုန်ချကြတာတွေ့ခဲ့လို့ ဓါတ်ပုံတောင် ရိုက်ခဲ့သေး”ဟု ဆိုကာ ကိုပုကွက မောင်ငပွေးဖွင့်ပေးလိုက်သော တံခါးမှ လှမ်းဝင်လာရင်း ဓါတ်ပုံများကို လိုက်ပြလေသည်။
“ဟေ့လူတွေ….ထထ…လမ်းလျှောက်ရင်း…ဓါတ်ပုံရိုက်ထွက်မယ်”
မြင်မြင်သမျှ ဓါတ်ပုံမှတ်တမ်းတင်တတ်သော ကိုဗိုက်ကြီးတယောက် လေထီးခုန်အဖွဲ့ကြီးအား မှတ်တမ်းမတင်လိုက် ရသဖြင့် ကြိတ်မနိုင်ခဲမရဖြစ်ကာ ကိုရှို့ကို နိုးဧ။်။
ထို့နောက်တွင်ကား ကင်မရာကြီးတကားကားဖြင့် ဓါတ်ပုံရိုက် ခရီးစဉ်ကို စတင်ကြလေဧ။်။
“ဟိုမှာလေထီးတွေ….အခုထိရှိသေးတယ်တွေ့လား”
ကိုပုကွက သူဓါတ်ပုံရိုက်ခဲ့သည် ဆိုသော လေထီးခုန်အဖွဲ့ကြီးကို လက်ညိုးထိုးပြဧ။်။ လေထီးများကို မြင်သော် အားလုံးကြောင်သွားကြသည်။ ဟိုက်…ရှားပါး လေထီးခုန် အဖွဲ့ကြီးကား ဘယ်နှစ်ယောက်ပါလို့ အခုထိခုန်လို့ မပြီးသေးတာပါလိမ့်ဟု အားလုံးတွေးနေကြသည်။
ထိုအခိုက် ယပက်လက်တယောက် သူတို့အဖွဲ့အနီးကပ်လာကာ လေထီးပုံတွေပြလျက် စီးကြမလား တယောက် ဘတ်ငါးရာဟု စပ်သောအခါမှ မော်တော်ဘုတ်ဖြင့် ဆွဲသော လေထီးများ ဖြစ်နေကြောင်း ဇာတ်ရည်လည်ကြတော့သည်။
“အေးဗျာ…..ကျနော်က…လေယာဉ်ပေါ်က ခုန်ချလာတဲ့ တိုးရစ်တွေ…မှတ်နေတာ…အဟီး”
လေယာဉ်မမြင်ရပါဘဲလျက် လေယာဉ်ပေါ်က ခုန်တယ် ဘာညာနှင့် ပြောခဲ့သော ကိုပုကွက လေပြေထိုးဧ။်။ ဒေါ်သပွတ်ကား ငါ့ကျော်ပြီး လူရည်လည်လုပ်ပြောချင်တဲ့အကောင် မှတ်ကရော ဆိုသော အကြည့်ဖြင့် ကိုပုကွကိုကြည့်သည်။
ကိုရှို့ကလည်း ဟာကွက်တွေ့ပြီ ဆိုကာ ကိုပုကွတို့ လင်မယားကို အကြောင်းသင့်တိုင်း လေထီးဟု စဧ။်။ ကိုပုကွမယား မကုလားမကား သူ့ယောင်္ကျားဘက်က လွန်သွားသဖြင့် မကျေနပ်သော်လည်း ငြိမ်ခံနေရသည်။
နံနက်ခင်း ဓါတ်ပုံရိုက်ခြင်းအမှုပြုကြပြီးလေသော် ရေစိမ်ကြပြန်ဧ။်။ ကျန်လူများအားလုံးရေစိမ်ကြသော်လည်း ကိုငချိတ်ကား ရေမစိမ်။ ဘီယာသာစိမ်နေဧ။်။ ထိုသို့ ကိုငချိတ် ဘီယာသောက်နေခိုက် ယပက်လက်မတယောက် သူ့အနားရောက်လာကာ ယိုးဒယားစကားလာပြောသည်။ ကိုငချိတ်ကား ဈေးလာရောင်းသော ယပက်လက်မ မှတ်၍ ဘိုလိုမှုတ်ကာ ငေါက်ထုတ်နေဧ။်။
“ဟေ့လူ…နေ..နေ..အဲဒါ ကားပိုင်ရှင်ရဲ့…မိန်းမဗျ” ပင်လယ်ထဲမှ ပြန်တက်လာသော မောင်ငပွေးက လှမ်းမြင်လိုက်သဖြင့် အချိန်မီ ၀င်တားရသည်။အလာတွင် တလမ်းလုံး ခေါင်းကျိုးလာသော ကိုငချိတ်လည်း ထိုအခါမှ ထိုအမျိုးသမီးသည် ကားပိုင်ရှင်မှန်းသိလေဧ။်။
အပြန်လမ်းတွင်ကား အားလုံးမောမောပမ်းပမ်းနှင့် အိပ်လိုက်လာကြသည်။
“ဟဲ့…ငပွေးထ…ပြီးမှ…ပေါက်ချင်သလေး…သောက်ချင်သလေးမလုပ်နဲ့…ကားနားတုန်း…လုပ်စရာရှိတာ….လုပ်ထား”
ဒေါ်သပွတ် အော်နှိုးသံကြောင့် မောင်ငပွေး မျက်လုံးဖြဲကြည့်လိုက်ရာ ကားသည် ဓါတ်ဆီဆိုင်တခုတွင် ၀င်နားနေသည်ကို တွေ့ရဧ။်။ပေါက်စရာရှိတာ ပေါက်ပြီးသော် မောင်ငပွေးသည် ဒေါ်သပွတ်နှင့် ဈေးဝယ်ပါသွားပြန်သည်။ ဒေါ်သပွတ်က မားမားခေါက်ဆွဲခြောက်ဘူးများ ၀ယ်သည်။ မောင်ငပွေးလည်း တဘူးယူလိုက်သည်။
“အမ…အခြောက်တွေချည်းပဲ…ဘယ်လိုစားမလဲ”
မောင်ငပွေး ဘူးကိုလှုပ်ကြည့်ရင်း ဒေါ်သပွတ်ကို မေးသည်။ ဒေါ်သပွတ်က ဒီအညာသား အ ရန်ကော ဟူသည့် အကြည့်ဖြင့် ကြည့်ကာ
“ဒီဘက်မှာ ရေနွေးလာထည့်…ဘူးကို ဖောက်လိုက်ဦး”ဟု လှမ်းပြောသည်။ မောင်ငပွေးဘူးကို ဖောက်ချလိုက်သည်။ ဘူးအတွင်းမှ မြင်လိုက်ရသော မြင်ကွင်းကြောင့် မောင်ငပွေးမျက်လုံးများပင် ပြာသွားသည်။ ဟာကနဲလည်း တလိုက်မိသည်။
“ဟဲ့….ဘာဟာတာလဲ”ဒေါ်သပွတ်က လှမ်းမေးသည်။
“သွားပါပြီ…အစ်မရယ်…ကံများဆိုးလိုက်ပုံကတော့…ခက်ရင်ကျိုးနဲ့ လာညားနေတယ်”
ဘူးအတွင်း ဇက်နေရာမှ ခွေခေါက်နေသော ခက်ရင်းလေးကို ကြည့်ရင်း မောင်ငပွေးဥာည်းတွားလေဧ။်။
“အာ….နင်ကတော်တော်တုံးတာပဲ….အဲဒါခေါက်ထားတာဟဲ့…ခေါက်ခရင်း…ဆွဲဆန့်လိုက်”
ဒေါ်သပွတ်ဧ။် စကားသံကြောင့် မောင်ငပွေး ဆွဲဆန့်ကြည့်လိုက်ရာ ခက်ရင်းလေးကို အကောင်းသားတွေ့လိုက်ရသဖြင့် မောင်ငပွေး ထခုန်မိမတတ်ပျော်သွားသည်။
ကားပေါ်ပြန်အတက်တွင် ဒေါ်သပွတ်က မောင်ငပွေးအဖြစ်ကို ပြန်ပြောင်းပြောရာ အားလုံးဝိုင်းဟားကြလေဧ။်။ မောင်ငပွေးလည်း ရှက်ရှက်ဖြင့် ငြိမ်ကုပ်ကာ လိုက်ပါလာတော့သည်။
ကှ်ျတွင်….ပတ္တရားသင်္ကြန်ခရီးစဉ်ကြီး ပြီးလေဧ။်။
သို့ရာတွင် BREAKING NEWS (ခေါ်) နောက်ဆုံးရသတင်း(ခေါ်) စက်ရပ်သတင်းကို ဖော်ပြရလေသော်….ကိုဗိုက်ကြီးကို ခရီးစဉ်အကြွေးပေးရန်ရှိသော် မောင်ငပွေးသည် ကိုဗိုက်ကြီးအခန်းကို မသွားတော့ဟူဧ။်။ ဒီဇိုင်နာကိုရှို့ မှာမူ မသွားလိုသော်လည်း သူ့ကွန်ပျူတာကြီးသည် ကိုဗိုက်ကြီး အခန်းတွင်ထိုင်ထားပြီးဖြစ်နေလေရာ သွားနေရ၍ ကိုဗိုက်ကြီးဧ။် ကြိမ်းမောင်း ကြွေးတောင်းခြင်းကို နေ့စဉ်ခံနေရသည်ဟူဧ။်။
ဖြေရှင်းချက်များ ပေးနေစဉ်
ကိုရှို့နဲ့ ကိုပုကွ တို့ လင်မယား ....
မုန့်က ဓါတ်ပုံထဲမှာပဲ ကြွေးတာပဲ . အပြင်မှာ တကယ် မစားရပါခင်ဗျာ ..
ကိုငချိတ်တို့ အတွဲ .. ဖိနပ်ပဲ တွေ့တယ် .. လူတွေ တော့ ဘယ်ရောက်နေလည်း မသိ ... ဟိ
ကိုပွေး ပဲ ပေးနေပုံ
ဇာတ်လိုက်ကျော်များ ....
Friday, April 17, 2009
ရက်မြတ်အခါ….ဒီအချိန်…ဒီအတာ……
Subscribe to:
Post Comments (Atom)
3 ယောက် က ဒီလိုပြောတယ် ....:
ဟီး. ပျော်စရာကြီး..ကိုယ်တိုင် ကမ်းခြေရောက်သွားတဲ.အတိုင်းဘဲ..ဒါမယ်..
ပတ္တရား ဆိုတော..အဖွဲံ.တွေ ပတ္တလား မတီးခဲ.ဘူးဆိုရင် ဘယ်သူက ယုံမလဲ..
700 တန်အခန်းတန်အောင်လို.လေ..
ဟီး
ကေလာမမ
ဒီမျက်နှာတွေကို ဘယ်လောက်ပဲကွေးထားကွေးထား သိနေတယ်...သိနေတယ်...သိပ်ကိုသိနေတယ်...
ပျော်စရာကြီးနော်
စာတွေ ဖတ်ရတာ ကိုယ်ကိုတိုင် ရောက်သွားသလိုပဲ
ရီလဲ ရီရတယ်။
Post a Comment