တကယ်လို့သာ ကမ္ဘာလူဦးရေကို လူတစ်ရာပဲ အတိအကျရှိနေတဲ့ ရွာကလေးတရွာအဖြစ် လျှော့ချလိုက်မယ်ဆိုရင် အခုလက်ရှိအနေအထား မှာရှိတဲ့ လူအချိုးအစားက သည်လိုဖြစ်မယ်တဲ့။
လူတစ်ရာမှာ အာရှတိုက်သားက (၅၇) ယောက်၊ ဥရောပ တိုက်သားက (၂၁)ယောက်၊ အနောက်တိုင်းသားက (၁၄)ယောက်နဲ့ အာဖရိကတိုက်သားက (၈) ယောက်ရှိနေပါလိမ့်မယ်။
အဲဒီ့ လူတစ်ရာမှာ အမျိုးသမီးက (၅၂)ယောက်နဲ့ အမျိုးသားက (၄၈)ယောက် အချိုးရှိ နေပြန်သတဲ့။
လူဖြူက ၃၀ ပဲရှိပြီး လူဖြူမဟုတ်တဲ့ လူမည်းတွေ၊ ကျွန်တော်တို့ အာရှတိုက် သားတွေလို အညိုတွေ၊အ၀ါ တွေက ကျတော့ (၇၀)တောင်ရှိမယ်။
အလားတူပဲ၊ ခရစ်ယာန် ဘာသာဝင်က (၃၀) ဖြစ်ပြီး ခရစ်ယာန်မဟုတ်ဘဲ အခြား ဘာသာအသီးသီးကိုးကွယ်ယုံကြည် သူက (၇၀)ရှိမယ် လို့လည်း ကိန်းဂဏန်းတွေက ပြဆိုနေပြန်တယ်။
အဲ..လိင်ကွဲကို စုံမက်တတ်သူ (ယောက်ျားက မိန်းမကိုပဲ ကြိုက်တာ၊ မိန်းမကလည်း ယောက်ျားကိုပဲကြိုက်တာ)က (၈၉)ယောက် ရှိနေမှာဖြစ်ပြီး လိင်တူချင်း မှကြိုက်ကျသူ (မိန်းမလျာ၊ယောက်ျားလျာ) က (၁၁)ယောက်ရှိနေပါတယ်။
အဲဒီ့ လူ(၁၀၀)ထဲကမှ (၆)ယောက်ဟာ ကမ္ဘာ့ ကြွယ်ဝမှုရဲ့ (၅၉) ရာခိုင်နှုန်းကို ပိုင်ဆိုင် ထားမှာဖြစ်ပြီး အဲ့ဒီ (၆)ယောက်စလုံးဟာ အမေရိကန်နိုင်ငံကဖြစ်နေသတဲ့။ အယောက် (၈၀) ကတော့ အိမ်နဲ့ယာနဲ့ကျကျနနနေနိုင် သူတွေမဟုတ်ဘဲ တော်ရိရော်ရိမှာ ဖြစ်သလိုနေနေသူ တွေတဲ့။
(၁၀၀) ရာမှာ (၇၀) ယောက်ဟာ စာမဖတ်တတ်ဘူး။ ပြီးတော့ (၅၀) က အာဟာရ ဓာတ်ချို့တဲ့နေတယ်၊ အစာရေစာ မ၀လင်ဘူးတဲ့။ (၁၀၀)ရာ မှာ တစ်ယောက်က သေလုမြော ပါးဖြစ်နေသလို နောက်တစ်ယောက်ကလည်း မီးဖွားမယ့် ဆဲဆဲဖြစ်နေပြန်တယ်။
ပြီးတော့(၁၀၀)မှာ တစ်ယောက်ဆို တစ်ယောက်တည်းဟာ တက္ကသိုလ်ပညာရေးကို ဆည်းပူးခွင့်ရနေပါတယ်။ ပြီးတော့ တစ်ရာမှာ တစ်ယောက်တည်းကသာ ကွန်ပြူတာကို ပိုင်ဆိုင်ပါတယ်တဲ့။
ဒါဟာ ကနေ့ ကမ္ဘာ့လက်ရှိလူဦးရေနဲ့ သက်ဆိုင်တဲ့ ကိန်းဂဏန်းများ အချိုးအစားပါ။ (၁၀၀) နဲ့ ချိန်ပြောရင် ဒီအတိုင်းပဲထွက်ပါတယ်။
အဲလိုကျကျနန စဉ်းစားကြည့်လိုက်တဲ့အခါ လက်ခံနိုင်ဖို့၊နားလည်ပေးနိုင်ဖို့နဲ့ ပညာ ကို တန်ဖိုးထားဖို့ဆိုတဲ့ အရေးကိစ္စတွေဟာအင်မတန်အရေးကြီးတယ်ဆိုတာ သိသာထင်ရှား လှပါတယ်။
ဒါတင်မကသေးပါဘူး၊ အောက်ပါအချက်အလက်တွေ ကလည်းတော်တော့်ကို စဉ်းစား စရာကောင်းလာပါလိမ့်မယ်။
တကယ်လို့ သင်ဟာ ကနေ့မနက်မှာ မာမာချာချာကြီးနဲ့ အိပ်ရာက နိုးထလာခဲ့သူဖြစ် နေရင် ခင်ဗျားဟာ သည်တစ်ပတ်အတွင်း မှာ သေဆုံး သွားရတော့မယ့် ကမ္ဘာပေါ်က လူတစ် သန်းထက် အများကြီး ပိုကံကောင်းနေတာ မဟုတ်ဘူးလား။
သင်ဟာ စစ်ဘေးစစ်ဒဏ်ကို တစ်ခါမှမခံစားဖူးဘူး၊ အကျဉ်းစံဘ၀မှာလည်း နေဖူးဘူး၊ နှိပ်စက်ညှဉ်းပမ်းမှုဒဏ်ကို လည်းမခံစားခဲ့ဖူးဘူး၊ ဒါမှမဟုတ် ငတ်မွတ်မှုကိုလည်း မခံစားဖူးဘူး ဆိုရင် ခင်ဗျားဟာ အဲဒီ့ ဒဏ်တွေကို ခံစားခဲ့၊ ခံစားဆဲ ကမ္ဘာ့လူဦးရေ သန်းပေါင်း (၅၀၀)ထဲမှာ မပါတဲ့
ကံထူးရှင်တစ်ယောက်ပါပဲလို့ အောက်မေ့နိုင်ပါတယ်။
ဘုရားကျောင်းကန်၊ စေတီပုထိုး၊ ခရစ်ယာန် ၊ ဟိန္ဒူဘုရားကျောင်း၊ ၀တ်ပြုဆုတောင်း ခန်းမ၊ ဗလီစတာတွေကို စိတ်အေးလက်အေးသွား နေနိုင်တယ်၊အဲသလို သွားတဲ့အတွက် အဖမ်းခံရမှာ၊ အနှိပ်စက်ခံရမှာ ၊အသတ်ခံရမှာ လုံးလုံးစိုးရိမ်စရာ မရှိဘူးဆိုရင် သင်ဟာ ကမ္ဘာ မှာ အဲဒါမျိုးကို စိုရိမ်တကြီးဖြစ်နေရ ရှာတဲ့လူပေါင်း (၃) ကုဋာထက် ပိုကံကောင်းနေပါတယ်။
စားစရာတွေက မီးဖိုချောင်ထဲမှာ ၊ ကြောင်အိမ်ထဲမှာ သူ့ဟာလေးနဲ့သူရှိနေတယ်။ ခါးပေါ်မှာ အ၀တ်လည်း ရှိနေတယ်၊ အမိုးအကာအောက်မှာ ကျောခင်းစရာနေရာလေးတစ် နေရာ ရှိနေတယ်ဆိုရင် သင်ဟာ ကမ္ဘာ့ လူဦးရေရဲ့ (၇၅%) ထက်ပိုပြီး ချမ်းသာနေပါတယ်လို့ မှတ်ယူနိုင်ပါတယ်။
ဘဏ်တိုက်ထဲမှာ ငွေလေးကြေးလေးရှိတယ်။ ဒါမှမဟုတ် အိတ်ကပ်ထဲမှာ ငွေစ ၊ကြေးစ လေးတွေရှိနေတယ်၊ အိမ်ထဲမှာလည်း ပိုက်ဆံအနည်းကျဉ်းရှိနေတယ်ဆိုရင် သင် ဟာ ကမ္ဘာ့ မရှိမရှားလူတန်းစား (၈) ရာခိုင်နှုန်းထဲမှာ ပါတယ်လို့မှတ်ယူနိုင်ပါတယ်။
သည်အထဲမှာမှ မိစုံ ဖစုံလည်းရှိသေးတယ်။ အမေနဲ့အဖေနဲ့ ကလည်း အခုအချိန် အထိ ပေါင်းဖက်နေကြသေးတယ် ဆိုရင်တော့ ကမ္ဘာရှားစာရင်းထဲမှာ တောင် သင်ပါပြီးသွား ပါပြီ။
အခု ရေးထားတဲ့ စာကို ဖတ်နေနိုင်ပြီဆိုရင် တော့ သင် ဟာ ကမ္ဘာ့မှာ ရှိတဲ့ စာမရေး တတ်၊ မဖတ်တတ်ရှာတဲ့ လူပေါင်း (၂) ကုဋာ ထက်ကံကောင်းတဲ့သူ ဖြစ်နေတာအသေအချာ ပါ။
အဲဒီလို စဉ်းစားကြည့်ရင် လောကကြီးဟာထင်သလောက် မဆိုးဘူးဆိုတာ တွေးနိုင် လာကြမယ် ထင်ပါတယ်။
(အတ္တကျော်)။ အတွေးသစ်ဂျာနယ်။ မေလ၊၈ရက်၊ ၂၀၀၁ခုနှစ်
forward mail တစ်ခု မှ ကူးယူသည် .. :D
Wednesday, February 20, 2008
ထင်သလောက် မဆိုးတဲ့ လောကပါ ခင်ဗျား
အိန်ဂျယ်ရဲ့ တောင်ပံတစ်စုံ
ကလေးငယ်တစ်ဦးသည် မိမိကိုယ့်ကို နိမ့်ကျယုတ်ညံ့သူဟု ခံစားမိသည်။ အကြောင်းမှာ သူ၏ နောက်ကျော တစ်ဖက်တစ်ချက်စီတွင် နီမြန်းထင်ရှားသော ဒဏ်ရာအမာရွတ်ပါပြီး ထိုအမာရွတ်သည် ဂုတ်မှခါးအထိ ရှည်လျားနေသော ကြောင့်ဖြစ်သည်။ ထိုဒဏ်ရာပေါ်တွင် ဖုထစ်သော အသားစိုင်များဖြင့် ကြည့်ရ ရုပ်ဆိုးနေသည်။ ကလေးငယ်မှာ သူ့ကိုယ်သူ အလွန်စက်ဆုပ် မုန်းတီးမိသည်။
သူသည် အ၀တ်အစား လဲရမည်ကို အလွန်ကြောက်မိသည်။ အထူးသဖြင့် အားကစားချိန်တွင် အခြား ကလေးငယ်များက လွတ်လပ်ပေါ့ပါးသော အားကစားဝတ်စုံကို လဲလှယ်ရန် ပျော်ရွှင်နေသော်လည်း သူသည် နံရံ၏ ထောင့်တစ်နေရာတွင် ကပ်ပြီး နောက်ကျောကို အခြားကလေးငယ်များ မမြင်အောင် ခိုးလဲခဲ့ရသည်။ ကာလကြာသောအခါ ကလေးအချို့က သူ၏အပြုအမှုကို သတိထားမိကြပြီး နောက်ကျောမှ အမာရွတ်ကို မြင်တွေ့သွားကြသည်။
"ကြောက်စရာကြီး"
"ရွံ့စရာကြီး...သူနဲ့ မဆော့တော့ဘူး"
"လူမှ ဟုတ်ရဲ့လား.. မကောင်းဆိုးဝါးများလား"
ရိုးသားသော ကလေးငယ်များ၏ ပွင့်လင်းသော စကားများသည် သူ့အား အရှက်ကြီး ရှက်စေခဲ့သည်။ အ၀တ်အစားများ ကောက်ယူပြီး သူသည် အိမ်သို့ အပြေးပြန်ခဲ့ပြီး မိခင်အား အကြောင်းစုံ ပြောပြလိုက်သည်။ နောက်တစ်နေ့တွင် မိခင်က သူ့လက်ကို ဆွဲပြီး ကျောင်းသို့ လိုက်ပို့ခဲ့သည်။ အတန်းပိုင်ဆရာမ အားလည်း ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်သည်။
" သူ့ကိုမွေးပြီး မကြာဘူး ရောဂါ အသည်းအသန်ဖြစ်ခဲ့တယ်။ လက်လွတ်ဆုံးရှုံး နိုင်တဲ့အထိ သူအပြင်း ဖျားခဲ့တယ်။ ဒါပေမယ့် ရခဲတဲ့ လူ့ဘ၀နဲ့ ချစ်စရာကောင်းတဲ့ သူ့ကို ကျွန်မတို့ မရရအောင် ကုခဲ့တယ်။ အခေါက်ခေါက် အခါခါ ခွဲစိတ်ပြီးမှ သူ့အသက်ကို လုခဲ့ရတယ်။ ဒါကြောင့် သူ့နောက်ကျောမှာ ခွဲစိတ်ထားတဲ့ အမာရွတ်တွေ ကျန်နေခဲ့တယ်" မိခင်မှာ မျက်ရည်ဝဲနေခဲ့သည်။
" သား...ဆရာမကို ပြလိုက်" ကြောက်စရာ အမာရွတ်နှစ်ခုက သူ့အသက် ရှင်ရေးအတွက် ကြိုးပမ်းခဲ့ရသော သက်သေများပင် ဖြစ်သည်။
" နာတတ်သေးလား...သား" ဆရာမကို သူခေါင်းရမ်းပြသည်။
" သူ အရမ်းလိမ္မာတယ် ဆရာမ.. ဒါပေမယ့် သူကံဆိုးရှာတယ်.. ဆရာမ သူ့ကို အတတ်နိုင်ဆုံး စောင့်ရှောက် ပေးပါနော်"
" ကျွန်မ အတတ်နိုင်ဆုံး စောင့်ရှောက်ပါ့မယ်"
သူ့ကိုယ်သူ စက်ဆုပ်ရွံ့ရှာဖွယ် ကောင်းသူဟု မထင်စေရန်၊ အခြားကလေးငယ်များ သူ့အား မလှောင်ပြောင်၊ မကြောက်ရွံ့စေရန် ဆရာမ အကြံထုတ်တော့သည်။
"မနက်ဖြန် အားကစားအချိန်မှာ အများနဲ့အတူ အ၀တ်အစားလဲရမယ်နော်"
သူ့ခေါင်းကို ပွတ်သပ်ရင်း ဆရာမက ဆိုသည်။
"သူ့တို့ သားကို ရီလိမ့်မယ်... သားကို ထူးဆန်းတဲ့ သတ္တ၀ါလို့ ပြောကြလိမ့်မယ်"
သူမျက်ရည်ကျသည်အထိ ခေါင်းကို ခါရမ်းမိသည်။
" ဆရာမ အကြံရပြီ.. နောက်ဘယ်တော့မှ သားကို လူတွေ မလှောင်ပြောင်စေရဘူး"
"တကယ်လား ဆရာမ"
"ဆရာမကို ယုံတယ်မဟုတ်လား"
"ယုံပါတယ် ဆရာမ"
"ဒါဆို မနက်ဖြန် လူတွေရှေ့မှာ အ၀တ်အစားလဲရမယ်နော်"
နောက်တစ်နေ့ အားကစားအချိန်တွင် လူအများရှေ့တွင် သူအ၀တ်အစား လဲလိုက်သည်။ ကလေးငယ်များက သူ့ကိုကြည့်ပြီး မကောင်းဆိုးဝါး အား မြင်မိသည်အလား တွန့်ဆုတ် သွားကြသည်။ သူမျက်ရည်များ ဝေ့တက် လာခဲ့သည်။ ထိုအချိန်တွင် အတန်းပိုင် ဆရာမ ရောက်လာခဲ့သည်။
"ဆရာမ..သူ့နောက်ကျောကို ကြည့်လိုက်... ပိုးကောင်နဲ့ တူတယ်...ရွံ့စရာကြီး"
ဆရာမ ခွန်းတုန့်မပြန်ဘဲ သူ့အမာရွတ်ကို သေချာကြည့်လိုက်သည်။
"ဒါ.. ပိုးကောင်တွေ မဟုတ်ပါဘူး" ကလေးများဖက် လှည့်ပြီး ဆရာမပြောလိုက်သည်။
"ဟုတ်ပါ့မလား ဆရာမ"
"ဒါဆို ဘာလဲ ဆရာမ" ကလေးငယ်များ တစ်ယောက်တစ်ပေါက် ၀ိုင်းမေးကြသည်။
"ဆရာမ ပုံပြင်တစ်ပုဒ်ပြောပြမယ်... အားလုံးနားထောင်ကြ" ကလေးငယ်များ ဆရာမနား ၀ိုင်းအုံလာ ကြသည်။
"ဒါဟာ ရာဇ၀င်တစ်ခုဖြစ်တယ်။ ကလေးတိုင်းက ဟိုး မိုးကောင်းကင်ပေါ်မှာရှိတဲ့ အိန်ဂျယ်ကနေ ဖြစ်လာကြတာ... တစ်ချို့အိန်ဂျယ်တွေက ကလေးဖြစ်လာတာနဲ့ သူတို့ရဲ့ လှပတဲ့တောင်ပံကို ချက်ချင်းချွတ် လိုက်ကြတယ်။ ဒါပေမယ့် တစ်ချို့ကလေးတွေက နည်းနည်းနှေးတော့ အတောင်ပံကို ချွတ်ဖို့ အချိန်မရလိုက်ဘူး။ အချိန်မမီတဲ့ အဲဒီ ကလေးငယ်တွေရဲ့ နောက်ကျောမှာ ဒီလို အမာရွတ်တွေ ကျန်နေခဲ့ တတ်တယ်"
"၀ါး...တကယ်လား ဆရာမ...ဒါဆိုရင် ဒါဟာ အိန်ဂျယ်ရဲ့ အတောင်ပံပေါ့"
"ဟုတ်တယ်..." လျှို့ဝှက်စွာ ပြုံးရင်း ဆရာမကပြောသည်။
"တစ်ချို့ကလေးတွေ အတောင်မချွတ်ဘဲ ကျန်နေသေးလား မသိဘူး... တစ်ခြားလူတွေရဲ့ နောက်ကျောကို လည်း စစ်ဆေးကြည့်ကြစမ်း" ဆရာမ၏ အပြောကြောင့် ကလေးငယ်များ ပျာယာခတ်ပြီး အခြားသူများ၏ နောက်ကျောကို စစ်ဆေးကြည့်ကြသည်။
"ဆရာမ.. သားနောက်ကျောမှာ အမှတ်လေး တစ်ခုရှိတယ်။ အဲဒါရော ဟုတ်လား" မျက်မှန်တပ်ထားသော ကလေးငယ်ငယ် တစ်ဦးက ၀မ်းသာအားရပြောသည်။
"နင့်ဟာ မဟုတ်ဘူး... ဒီမှာ ငါ့အမှတ်က နီနီလေး..ငါကမှ အိန်ဂျယ်"
တစ်ယောက်တစ်ပေါက် လုယုက်ပြောဆိုကြရင်း သူ့အား လှောင်ရီဖို့ သူ့တို့ မေ့ကုန်ကြသည်။
"ဆရာမ... အိန်ဂျယ်ရဲ့အတောင်ပံကို သားတို့ ကိုင်ကြည့်လို့ရမလား"
"သူ ခွင့်ပြုမပြု ကိုယ်တိုင်မေးကြည့်လေ"
"ရပါတယ်" ကလေးငယ်များကို သူ ခေါင်းငုံ့ ပြုံးပြလိုက်သည်။
"ဟာ...ပျော့စိစိနဲ့.. အိန်ဂျယ်ရဲ့ အတောင်ပံကို ငါကိုင်လိုက်မိပြီဟေ့"
"ငါလဲ ကိုင်မယ်"
အတောင်ပံကို ကိုင်ရန် ကလေးငယ်များ အလုအယုက် တန်းစီခဲ့ကြသည်။ ထိုနေ့က အားကစားခန်းမ တစ်ခုလုံး ရီသံများဖြင့် လွှမ်းမိုးခဲ့သည်။ သူဆရာမကို လှည့်ကြည့်လိုက်တော့ ဆရာမက သူ့အား လက်မထောင်ပြခဲ့သည်။ မြင်ခဲသော အပြုံးတစ်ခု သူ့မျက်နှာပေါ်တွင် ဝေဆာသွားခဲ့သည်။
ကလေးငယ်မှာ တစ်ဖြည်းဖြည်း ကြီးပြင်းလာခဲ့ပြီး နောင်တွင် ရေကူး ချန်ပီယံဖြစ်လာခဲ့သည်။ ဆရာမ ပြောခဲ့သော စကားတစ်ခွန်းကို သူတစ်သက် မေ့နိုင်တော့မည် မဟုတ်ပေ။
" အိန်ဂျယ်ရဲ့ တောင်ပံတစ်စုံ" သည် သူ့အား အမှောင်တွင်းမှ ရုန်းထွက် စေခဲ့သည်။
--
I love ppl not for what they can do for me, but for what i can do for them.
Tuesday, February 19, 2008
skype
ဒီနေ့တော့ .ubuntu ပေါ်မှာ . skypee ရပါပီကွယ်..... ဒါပေမယ့် .. 1.4 ပဲတင်လို့ ရသေတယ်.. video chatting မရသေးပါကွယ်... ဘယ်လို လုပ်ရမလည်း ဆိုတာလည်း မသိပါကွယ် ...
မြန်မာစာ နဲ့ ချက်တာ .. browser တစ်ခုတည်းက ပဲ ရနေပါတယ် .. ကျန်တယ့် software ဘယ်ဟာကို သုံးရမယ် မှန်း မသိပါ ... သိရင် ပြောကြပါ
Monday, February 18, 2008
(xampp) OSS
(LAMPP) OSS
Linux (ubuntu)
Apache (xampp)
MySQL (xampp)
PHP (xampp)
Perl (xampp)
open source software က ဒဂလိုကောင်းတာဗျ.
ပထမတော့ .အရင်ကလေ.. CentOS သုံးတယ်.. အဆင်မပြေတာလေးတွေ ရှိတယ်. ဥပမာ .. install လုပ်ရင် အကြာကြီးလုပ်ရတယ်. ပီးတော့ CD တွေ အများကြီးလိုတယ်...
အခုတော့ အဲဒါတွေ တော်တော် အဆင်ပြေသွားတယ် .. .
CD တစ်ချပ်ပဲ လိုတယ်..
server တွေကို configure လိုက်မလုပ်တော့ဘဲနဲ့ .. xampp နဲ့လုပ်လိုက်တယ်.. အဲဒါ တော်တော် အချိန်ကုန်သက်သာ သွားတယ်လေ...
မဟုတ်ရင် အဲဒီ နေရာတင် တစ်ရက်လောက် အချိန်တွေ ဘယ်လိုကုန်သွားလို့ သွားမှန် မသိလိုက်ရဘူးလေ ..
အခုတော့ တော်တော် မြန်နေတယ် ..
ပီးတော့ .. ည အိပ်ခါနီး စက် ဖွင့်ထားပီးတော့ .. software တွေ update လုပ်ထားလိုက်တယ်.
အမြဲတမ်း သစ်လွင်နေတာပေါ့လေ... ဟုတ်ဘူးလား ..
တစ်ချို့ ဟာတွေတော့ လက်ပေါက်ကပ်တုန်းပဲ ... ဥပမာ .. မြန်မာစာ သွင်းတာရယ်... mp3 ဖွင့်လို့ရအောင် လုပ်တာရယ်လေ..
တစ်ချို့တွေ ကျတော့ ရှာမတွေ့ဘူး အခုဆို .. skype ကို တင်လို့ မရသေးဘူးလေ
စာဖတ်တုန်းပဲ ရှိသေးတယ်
မြန်မာစာတောင် မနက်မှ ပေါ်တယ်.
မြန်မာစာ ကတော့ kubuntu မှာ လုပ်လို့ရဘူး ..
မြန်မာစာနဲ့ ပက်သက်တာ အကုန်လုပ်လိုက်လို့ ဖြစ်တယ်.
ဒါမယ့် .. keyboard indicator ရှာမတွေ့လို့ မသုံးဖြစ်လိုက်ဘူး ..
အဲဒါနဲ့ ပဲ .. ubuntu ကိုပြန်ရောက်လာတာ..
ွအခုမှ Gnome ကောင်းမှန်းသိတော့တယ်...
ဒါကြောင့် လူကြိုက်များတာကိုး ...
Saturday, September 1, 2007
အချစ်
တကယ်တော့ အချစ်ဆိုတာ မမပြောသလိုလေ.. ချစ်နေတာပဲကောင်းတယ်.. ချစ်နေတာနဲ့ တင် ကြေနပ်နေသင့်တယ်လေ.. ဒါမယ့် .. ချစ်ပီးတော့ လည်း .. ကျေနပ်နိုင်ဘူးမရယ်. .... အတူတူနေချင်ပြန်ရော.. အဲဒီမှာ ရောဂါ စတက်တော့တာပဲနော်...
ချစ်နေရရင် ပီးရော ဘေဘီ .. လွမ်းနေရရင်လည်း ကျေနပ်တယ် ဆိုတာ .. သီချင်းသာ နားထောင်လို့ ကောင်းတာ. .ခံစားရတာ ရင်နှင့်အမျှပါပဲ ကွာ.. ခံစားနိုင်ဘူး သိလား ..
Tuesday, August 28, 2007
Monday, August 27, 2007
Demonstration in Malaysia (Aug 24th 2007)
Infront of Myanmar Embassy - Kuala Lumpur, Malaysia August 24th 2007